Local Industry

ေန႔စဥ္ပို႔လႊတ္ေပးလ်က္ရွိ ေ႐ႊသဘာဝဓာတ္ေငြ႕စီမံကိန္းမွ တ႐ုတ္ႏိုင္ငံသို႔ ျမန္မာ-တ႐ုတ္ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ပိုက္လိုင္း

ေန႔စဥ္ပို႔လႊတ္ေပးလ်က္ရွိ ေ႐ႊသဘာဝဓာတ္ေငြ႕စီမံကိန္းမွ တ႐ုတ္ႏိုင္ငံသို႔ ျမန္မာ-တ႐ုတ္ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ပိုက္လိုင္း google

ရခိုင္ကမ္းလြန္ရွိ ေ႐ႊသဘာဝဓာတ္ေငြ႕ စီမံကိန္းမွ တ႐ုတ္ႏိုင္ငံသို႔ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ ပိုက္လိုင္းျဖင့္ တစ္ရက္လွ်င္ ပ်မ္းမွ် သဘာဝဓာတ္ေငြ႕ကုဗေပသန္း ၄၀၀ ခန႔္ႏွင့္ ရခိုင္ျပည္နယ္ မဒဲကြၽန္းမွ ပ်မ္းမွ်ေရနံစိမ္း တန္ခ်ိန္ ၁၆၀၀၀ ခန႔္ ေန႔စဥ္ပို႔လႊတ္ေပးလ်က္ ရွိေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနမွ သိရပါတယ္။

 

ျပည္တြင္းသုံးစြဲမႈအေနျဖင့္မူ ေန႔စဥ္ သဘာဝဓာတ္ေငြ႕ ကုဗေပသန္း ၁၀၀ ခန႔္ ရယူသုံးစြဲလ်က္ရွိေၾကာင္း သိရပါတယ္။

 

ျမန္မာ - တ႐ုတ္ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ ပိုက္လိုင္းစီမံကိန္းသည္ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕နယ္ ရမ္းၿဗဲကြၽန္းမွစတင္၍ လည္းေကာင္း၊ ေရနံစိမ္းပိုက္လိုင္းသည္ မဒဲကြၽန္းမွစတင္၍လည္းေကာင္း သြယ္တန္းထားသည္။ ပိုက္လိုင္းမ်ားသည္ ျမန္မာႏိုင္ငံအတြင္း ရခိုင္ျပည္နယ္၊ မေကြးတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီးႏွင့္ ရွမ္းျပည္နယ္တို႔ကို ျဖတ္သန္းၿပီး တ႐ုတ္ႏိုင္ငံ ေ႐ႊလီၿမိဳ႕မွတစ္ဆင့္ တ႐ုတ္ႏိုင္ငံအတြင္းသို႔ အသီးသီး ဝင္ေရာက္သြယ္တန္းထားသည္။ ေရနံစိမ္းပိုက္လိုင္းသည္ စုစုေပါင္း ၇၇၁ ကီလိုမီတာရွည္လ်ားၿပီး သဘာဝဓာတ္ေငြ႕ပိုက္လိုင္းမွာမူ စုစုေပါင္း ၇၉၃ ကီလိုမီတာ ရွည္လ်ားခဲ့ပါတယ္။

 

၂၀၁၉ ခုႏွစ္ ဇြန္လအထိ ေျခာက္လအတြင္း ျမန္မာ-တ႐ုတ္ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ ပိုက္လိုင္းမွတစ္ဆင့္ တ႐ုတ္သို႔ ေရနံစိမ္းတန္ခ်ိန္ ငါးသန္းႏွင့္ သဘာဝဓာတ္ေငြ႕တန္ခ်ိန္ ၁ ဒသမ ၆၈ သန္းတင္ပို႔ခဲ့ၿပီး ယခင္ႏွစ္ ကာလတူထက္ ေရနံစိမ္းတင္ပို႔မႈ ပိုမိုျမင့္တက္ခဲ့ေၾကာင္း Xinhua သတင္းဌာန၏ ေဖာ္ျပခ်က္အရ သိရပါတယ္။

 

၂၀၁၉ ခုႏွစ္ ပထမေျခာက္လတာကာလအတြင္း ျမန္မာ-တ႐ုတ္ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ပိုက္လိုင္းမွတစ္ဆင့္ တ႐ုတ္ႏိုင္ငံအတြင္းသို႔ ေရနံစိမ္းတန္ခ်ိန္ ငါးသန္းဝန္းက်င္ တင္သြင္းႏိုင္ခဲ့ရာ ယခင္ႏွစ္ကာလတူထက္ ၂ ဒသမ ၇ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ေၾကာင္း ယူနန္ျပည္နယ္ ကူမင္းအေကာက္ခြန္ဌာနက ၂၀၁၉ ခုႏွစ္ ဇူလိုင္ ၂၁ ရက္တြင္ ထုတ္ျပန္သည့္ တင္သြင္းမႈ စာရင္းအခ်က္အလက္မ်ားအရ သိရပါတယ္။

 

ျမန္မာ-တ႐ုတ္ ေရနံပိုက္လိုင္းမွတစ္ဆင့္ ေျခာက္လအတြင္းတင္ပို႔ေသာ ေရနံစိမ္းမ်ား၏ တန္ဖိုးပမာဏမွာ တ႐ုတ္ယြမ္ေငြ ၁၇ ဒသမ ၂၇ ဘီလ်ံ (အေမရိကန္ေဒၚလာ ၂ ဒသမ ၅၁ ဘီလ်ံ) ခန႔္ျဖစ္ၿပီး ယခင္ႏွစ္ အလားတူကာလႏွင့္ ႏႈိင္းယွဥ္ပါက ၉ ဒသမ ၂ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ပါတယ္။ တင္ပို႔ခဲ့ေသာ ေရနံစိမ္းတစ္တန္လွ်င္ ပ်မ္းမွ်တန္ဖိုး ၃၄၄၃ ဒသမ ၈ ယြမ္ဝန္းက်င္ ေစ်းႏႈန္းက်သင့္ျခင္းေၾကာင့္ ယခင္ႏွစ္ အလားတူကာလအတြင္း က်သင့္ခဲ့သည့္ ေစ်းႏႈန္းႏွင့္ ႏႈိင္းယွဥ္ပါက ၆ ဒသမ ၄ ရာခိုင္ႏႈန္းခန႔္ ျမင့္တက္လာခဲ့ျခင္းျဖစ္ပါတယ္။

 

ထို႔အတူ ျမန္မာ-တ႐ုတ္ သဘာဝဓာတ္ေငြ႕ပိုက္လိုင္းမွတစ္ဆင့္ တ႐ုတ္ႏိုင္ငံသို႔ ေျခာက္လအတြင္း တင္သြင္းခဲ့သည့္ သဘာဝဓာတ္ေငြ႕ပမာဏမွာ တန္ခ်ိန္ ၁ ဒသမ ၆၈ သန္း (ကုဗမီတာ ၂ ဒသမ ၅ ဘီလ်ံ) ဝန္းက်င္ရွိၿပီး ယခင္ႏွစ္အလားတူကာလႏွင့္ႏႈိင္းယွဥ္ပါက ၂ ဒသမ ၃ ရာခိုင္ႏႈန္း က်ဆင္းခဲ႔ျပီး တင္ပို႔ခဲ့သည့္ သဘာဝဓာတ္ေငြ႕မ်ား၏ တန္ဖိုးပမာဏသည္ ယြမ္ ၅ ဒသမ ၈၉ ဘီလ်ံ (အေမ ရိကနေဒၚလာ သန္း ၈၀၀ ေက်ာ္) ျဖစ္သည့္အတြက္ ယခင္ႏွစ္အလားတူကာလႏွင့္ႏႈိင္းယွဥ္ပါက ၁၁ ဒသမ ၇ ရာ ခိုင္ႏႈန္းျမင့္တက္ခဲ့ပါတယ္။ တင္ပို႔ခဲ့သည့္ သဘာဝဓာတ္ေငြ႕ တစ္တန္၏ ပ်မ္းမွ်တန္ဖိုးမွာ ၃၄၉၉ ဒသမ ၂ ယြမ္ ျဖစ္ၿပီး ယခင္ႏွစ္ကာလတူေစ်းႏႈန္းႏွင့္ႏႈိင္းယွဥ္ပါက ၁၄ ဒသမ ၄ ရာခိုင္ႏႈန္းျမင့္တက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

 

ျမန္မာ-တ႐ုတ္ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ပိုက္လိုင္းသည္ ကီလိုမီတာ ၁၄၂၀ ဝန္းက်င္ရွည္လ်ားၿပီး ၂၀၁၃ ခုႏွစ္ ဇူလိုင္လတြင္ ယင္းပိုက္လိုင္းမွတစ္ဆင့္ သဘာဝဓာတ္ေငြ႕တင္ပို႔မႈမ်ား စတင္ျပဳလုပ္ခဲ့ၿပီး ၂၀၁၇ ခုႏွစ္တြင္ ေရနံစိမ္းတင္ပို႔မႈမ်ား စတင္ျပဳလုပ္ခဲ့ျခင္းျဖစ္ပါတယ္။ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ ပိုက္လိုင္း စတင္ဖြင့္လွစ္သည့္အခ်ိန္မွစ၍ လက္ရွိအခ်ိန္အထိ ျမန္မာႏိုင္ငံမွ တ႐ုတ္ႏိုင္ငံသို႔ ေရနံစိမ္းတန္ခ်ိန္ ၁၉ သန္းႏွင့္ သဘာဝဓာတ္ေငြ႕တန္ခ်ိန္ ၁၃ ဒသမ ၄၄ သန္း တင္ပို႔ခဲ့ၿပီးျဖစ္ပါတယ္။

 

ျမန္မာ-တ႐ုတ္သဘာဝဓာတ္ေငြ႕ပိုက္လိုင္းကို SEAGP ကုမၸဏီက တာန္ယူေဆာင္႐ြက္ၿပီး ေရနံစိမ္းပိုက္လိုင္းကိုမူ SEAOP ကုမၸဏီက တာဝန္ယူေဆာင္႐ြက္ေနျခင္းျဖစ္ပါတယိ။

 

Unicode ျဖင့္ဖက္ရႈရန္
>>>>>>>>>

 

နေ့စဉ်ပို့လွှတ်ပေးလျက်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ တရုတ်နိုင်ငံသို့ မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း

 

ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ တရုတ်နိုင်ငံသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြင့် တစ်ရက်လျှင် ပျမ်းမျှ သဘာဝဓာတ်ငွေ့ကုဗပေသန်း ၄၀၀ ခန့်နှင့် ရခိုင်ပြည်နယ် မဒဲကျွန်းမှ ပျမ်းမျှရေနံစိမ်း တန်ချိန် ၁၆၀၀၀ ခန့် နေ့စဉ်ပို့လွှတ်ပေးလျက် ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။

 

ပြည်တွင်းသုံးစွဲမှုအနေဖြင့်မူ နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၁၀၀ ခန့် ရယူသုံးစွဲလျက်ရှိကြောင်း သိရပါတယ်။

 

မြန်မာ - တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရမ်းဗြဲကျွန်းမှစတင်၍ လည်းကောင်း၊ ရေနံစိမ်းပိုက်လိုင်းသည် မဒဲကျွန်းမှစတင်၍လည်းကောင်း သွယ်တန်းထားသည်။ ပိုက်လိုင်းများသည် မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ရွှေလီမြို့မှတစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ အသီးသီး ဝင်ရောက်သွယ်တန်းထားသည်။ ရေနံစိမ်းပိုက်လိုင်းသည် စုစုပေါင်း ၇၇၁ ကီလိုမီတာရှည်လျားပြီး သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာမူ စုစုပေါင်း ၇၉၃ ကီလိုမီတာ ရှည်လျားခဲ့ပါတယ်။

 

၂၀၁၉ ခုနှစ် ဇွန်လအထိ ခြောက်လအတွင်း မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှတစ်ဆင့် တရုတ်သို့ ရေနံစိမ်းတန်ချိန် ငါးသန်းနှင့် သဘာဝဓာတ်ငွေ့တန်ချိန် ၁ ဒသမ ၆၈ သန်းတင်ပို့ခဲ့ပြီး ယခင်နှစ် ကာလတူထက် ရေနံစိမ်းတင်ပို့မှု ပိုမိုမြင့်တက်ခဲ့ကြောင်း Xinhua သတင်းဌာန၏ ဖော်ပြချက်အရ သိရပါတယ်။

 

၂၀၁၉ ခုနှစ် ပထမခြောက်လတာကာလအတွင်း မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ ရေနံစိမ်းတန်ချိန် ငါးသန်းဝန်းကျင် တင်သွင်းနိုင်ခဲ့ရာ ယခင်နှစ်ကာလတူထက် ၂ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ယူနန်ပြည်နယ် ကူမင်းအကောက်ခွန်ဌာနက ၂၀၁၉ ခုနှစ် ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်သည့် တင်သွင်းမှု စာရင်းအချက်အလက်များအရ သိရပါတယ်။

 

မြန်မာ-တရုတ် ရေနံပိုက်လိုင်းမှတစ်ဆင့် ခြောက်လအတွင်းတင်ပို့သော ရေနံစိမ်းများ၏ တန်ဖိုးပမာဏမှာ တရုတ်ယွမ်ငွေ ၁၇ ဒသမ ၂၇ ဘီလျံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၁ ဘီလျံ) ခန့်ဖြစ်ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၉ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ တင်ပို့ခဲ့သော ရေနံစိမ်းတစ်တန်လျှင် ပျမ်းမျှတန်ဖိုး ၃၄၄၃ ဒသမ ၈ ယွမ်ဝန်းကျင် ဈေးနှုန်းကျသင့်ခြင်းကြောင့် ယခင်နှစ် အလားတူကာလအတွင်း ကျသင့်ခဲ့သည့် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၆ ဒသမ ၄ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ခြင်းဖြစ်ပါတယ်။

 

ထို့အတူ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ခြောက်လအတွင်း တင်သွင်းခဲ့သည့် သဘာဝဓာတ်ငွေ့ပမာဏမှာ တန်ချိန် ၁ ဒသမ ၆၈ သန်း (ကုဗမီတာ ၂ ဒသမ ၅ ဘီလျံ) ဝန်းကျင်ရှိပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တင်ပို့ခဲ့သည့် သဘာဝဓာတ်ငွေ့များ၏ တန်ဖိုးပမာဏသည် ယွမ် ၅ ဒသမ ၈၉ ဘီလျံ (အမေ ရိကနဒေါ်လာ သန်း ၈၀၀ ကျော်) ဖြစ်သည့်အတွက် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၁ ဒသမ ၇ ရာ ခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ တင်ပို့ခဲ့သည့် သဘာဝဓာတ်ငွေ့ တစ်တန်၏ ပျမ်းမျှတန်ဖိုးမှာ ၃၄၉၉ ဒသမ ၂ ယွမ် ဖြစ်ပြီး ယခင်နှစ်ကာလတူဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ၁၄ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ကီလိုမီတာ ၁၄၂၀ ဝန်းကျင်ရှည်လျားပြီး ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ယင်းပိုက်လိုင်းမှတစ်ဆင့် သဘာဝဓာတ်ငွေ့တင်ပို့မှုများ စတင်ပြုလုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ရေနံစိမ်းတင်ပို့မှုများ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စတင်ဖွင့်လှစ်သည့်အချိန်မှစ၍ လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ရေနံစိမ်းတန်ချိန် ၁၉ သန်းနှင့် သဘာဝဓာတ်ငွေ့တန်ချိန် ၁၃ ဒသမ ၄၄ သန်း တင်ပို့ခဲ့ပြီးဖြစ်ပါတယ်။

 

မြန်မာ-တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို SEAGP ကုမ္ပဏီက တာန်ယူဆောင်ရွက်ပြီး ရေနံစိမ်းပိုက်လိုင်းကိုမူ SEAOP ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပါတယိ။

 

Source : Eleven

 

Myanmar Logistics Guide

 

 

Read times
Rate this item
(1 Vote)