Local Industry

အေမရိကန္ ကုမၸဏီတခုက ရန္ကုန္၌ ကုန္စည္ေထာက္ပံ့ပို႔ေဆာင္ေရး ဗဟိုစခန္းတည္ေဆာက္မည္

အေမရိကန္ ကုမၸဏီတခုက ရန္ကုန္၌ ကုန္စည္ေထာက္ပံ့ပို႔ေဆာင္ေရး ဗဟိုစခန္းတည္ေဆာက္မည္ google

အေမရိကန္ ကုမၸဏီ HUBS MK Co.,ltd ကို လႈိင္သာယာရွိ ေ႐ႊလင္ဗန္း စက္မႈဇုန္တြင္ ရင္းႏွီးျမႇဳပ္ႏွံမႈ အေမရိကန္ ေဒၚလာသန္း ၁၀၀ ခန႔္ျဖင့္ ကုန္စည္ေထာက္ပံ့ပို႔ေဆာင္ေရး ဗဟိုစခန္း (Logistics HUB) တည္ေဆာက္ရန္ ျမန္မာႏိုင္ငံရင္ႏွီးျမွဳပ္ႏွံမႈႈ ေကာ္မရွင္၏ ၁၆ /၂၀၁၉ အစည္းအေဝးတြင္ ခြင့္ျပဳခဲ့ေၾကာင္း သိရပါတယ္။

 

“စီမံကိန္းရဲ႕ တည္ေဆာက္ေရးကာလကို သုံးႏွစ္အတြင္း လုပ္ငန္းစတင္ရမယ္လို႔ သတ္မွတ္ထားပါတယ္” ဟု ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္မွ တာဝန္ရွိသူတစ္ဦးကေျပာခဲ့ပါတယ္။ အဆိုပါ Logistics HUB ကို ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာၿမိဳ႕နယ္ ေ႐ႊလင္ဗန္းစက္မႈဇုန္ရွိ ေျမကြက္အမွတ္ -၂၊ ေျမတိုင္းအမွတ္ - ၁၅၊ အစိုးရပိုင္ ေျမက ၆၀ တြင္ တည္ေဆာက္မည္ျဖစ္ေၾကာင္း သိရပါတယ္။ ယခုစီမံကိန္းသည္ ျမန္မာႏိုင္ငံ၏ ရင္းႏွီးျမႇဳပ္ႏွံမႈ သမိုင္းတစ္ေလွ်ာက္တြင္ အေမရိကန္ႏိုင္ငံက ဝင္ေရာက္ခဲ့သည့္ အမ်ားဆုံး ရင္းႏွီးျမႇဳပ္ႏွံမႈျဖစ္ေၾကာင္း သိရပါတယ္။

 

ယခင္က HUBS MK ကုမၸဏီသည္ ကိုရီးယားကုမၸဏီအျဖစ္ ဝင္ေရာက္ခဲ့ျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံ၌ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီတြင္ ကုန္စည္ေထာက္ပံ့ပို႔ေဆာင္ေရး ဗဟိုစခန္းတည္ေဆာက္ရန္ စီးပြားေရး ႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန လက္ေအာက္ရွိ ျမန္မာကုန္သြယ္မႈ ျမႇင့္တင္ေရးအဖြဲ႕ႏွင့္ သေဘာတူ လက္မွတ္ေရးထိုးထားခဲ့ၿပီး လက္ရွိတြင္ အေမရိကန္က ရွယ္ယာ ၉၉ ရာခိုင္ႏႈန္းႏွင့္ ကိုရီးယားက ရွယ္ယာ တစ္ရာခိုင္ႏႈန္းျဖင့္ အေမရိကန္ကုမၸဏီအျဖစ္ ဝင္ေရာက္လာျခင္းျဖစ္ေၾကာင္း သိပါတယ္။

 

Unicode ျဖင့္ဖက္ရႈရန္
>>>>>>>>>

 

အမေရိကန် ကုမ္ပဏီတခုက ရန်ကုန်၌ ကုန်စည်ထောက်ပံ့ပို့ဆောင်ရေး ဗဟိုစခန်းတည်ဆောက်မည်

 

အမေရိကန် ကုမ္ပဏီ HUBS MK Co.,ltd ကို လှိုင်သာယာရှိ ရွှေလင်ဗန်း စက်မှုဇုန်တွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာသန်း ၁၀၀ ခန့်ဖြင့် ကုန်စည်ထောက်ပံ့ပို့ဆောင်ရေး ဗဟိုစခန်း (Logistics HUB) တည်ဆောက်ရန် မြန်မာနိုင်ငံရင်နှီးမြှုပ်နှံမှုှု ကော်မရှင်၏ ၁၆ /၂၀၁၉ အစည်းအဝေးတွင် ခွင့်ပြုခဲ့ကြောင်း သိရပါတယ်။

 

“စီမံကိန်းရဲ့ တည်ဆောက်ရေးကာလကို သုံးနှစ်အတွင်း လုပ်ငန်းစတင်ရမယ်လို့ သတ်မှတ်ထားပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးကပြောခဲ့ပါတယ်။ အဆိုပါ Logistics HUB ကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ရှိ မြေကွက်အမှတ် -၂၊ မြေတိုင်းအမှတ် - ၁၅၊ အစိုးရပိုင် မြေက ၆၀ တွင် တည်ဆောက်မည်ဖြစ်ကြောင်း သိရပါတယ်။ ယခုစီမံကိန်းသည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု သမိုင်းတစ်လျှောက်တွင် အမေရိကန်နိုင်ငံက ဝင်ရောက်ခဲ့သည့် အများဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း သိရပါတယ်။

 

ယခင်က HUBS MK ကုမ္ပဏီသည် ကိုရီးယားကုမ္ပဏီအဖြစ် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၌ ၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် ကုန်စည်ထောက်ပံ့ပို့ဆောင်ရေး ဗဟိုစခန်းတည်ဆောက်ရန် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် သဘောတူ လက်မှတ်ရေးထိုးထားခဲ့ပြီး လက်ရှိတွင် အမေရိကန်က ရှယ်ယာ ၉၉ ရာခိုင်နှုန်းနှင့် ကိုရီးယားက ရှယ်ယာ တစ်ရာခိုင်နှုန်းဖြင့် အမေရိကန်ကုမ္ပဏီအဖြစ် ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိပါတယ်။

 

Source : ျပည္ျမန္မာ

 

Myanmar Logistics Guide

 

 

Read times
Rate this item
(1 Vote)