Local Industry

ရန္ကုန္ဧရိယာႏွင့္ သီလဝါ အထူးစီးပြားေရးဇုန္ အပါအဝင္ ေရဆိပ္၊ ေလဆိပ္ေနရာ ၁၃ ခု၌ အသုံးျပဳေနၿပီး မူဆယ္နယ္စပ္တြင္ ၂၀၂၀ ႏွစ္ကုန္ပိုင္း စတင္အသုံးျပဳရန္ ျပင္ဆင္လ်က္ရွိ

ရန္ကုန္ဧရိယာႏွင့္ သီလဝါ အထူးစီးပြားေရးဇုန္ အပါအဝင္ ေရဆိပ္၊ ေလဆိပ္ေနရာ ၁၃ ခု၌ အသုံးျပဳေနၿပီး မူဆယ္နယ္စပ္တြင္ ၂၀၂၀ ႏွစ္ကုန္ပိုင္း စတင္အသုံးျပဳရန္ ျပင္ဆင္လ်က္ရွိ google

သြင္းကုန္/ထုတ္ကုန္ ရွင္းလင္းေရး လုပ္ငန္းစဥ္ျဖစ္သည့္ MACCS စနစ္ကို ရန္ကုန္ဧရိယာႏွင့္ သီလဝါ အထူးစီးပြားေရးဇုန္ အပါအဝင္ ေရဆိပ္၊ ေလဆိပ္ေနရာ ၁၃ ခု၌ အသုံးျပဳေနၿပီး မူဆယ္နယ္စပ္တြင္ ၂၀၂၀ ႏွစ္ကုန္ပိုင္း စတင္အသုံးျပဳရန္ ျပင္ဆင္လ်က္ရွိေၾကာင္း အေကာက္ခြန္ ဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးဝင္းသန႔္က ေျပာၾကားခဲ့ပါတယ္။

 

“MACCS စနစ္ကို ၂၀၂၀ ဘတ္ဂ်က္ႏွစ္က်မွ သုံးႏိုင္မွာ ျဖစ္ပါတယ္။ အခုမွ ဘတ္ဂ်က္ႏွစ္အစပဲ ရွိေသးေတာ့ အဲဒါလုပ္ဖို႔အတြက္ တင္ဒါလုပ္ငန္းစဥ္ေတြ ေဆာင္႐ြက္ေနၿပီ။ ၂၀၂၀ ႏွစ္ကုန္ေလာက္မွ စႏိုင္မယ္” ဟု အေကာက္ခြန္ ဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးဝင္းသန႔္က ေျပာၾကားခဲ့ပါတယ္။

 

သြင္းကုန္/ထုတ္ကုန္ ရွင္းလင္းေရး လုပ္ငန္းစဥ္မ်ား ရွင္းလင္းလြယ္ကူေစရန္အတြက္ Myanmar Automated Cargo Clearance System (MACCS) စနစ္ကို ရန္ကုန္ဧရိယာႏွင့္ သီလဝါ အထူးစီးပြားေရးဇုန္ အပါအဝင္ ေရဆိပ္၊ ေလဆိပ္ ေနရာ ၁၃ ခုတြင္ ၂၀၁၆ ခုႏွစ္ ႏိုဝင္ဘာ ၁၂ ရက္က စတင္အသုံးျပဳခဲ့ေၾကာင္း သိရပါတယ္။

 

“MACCS စနစ္ကို က်င့္သုံးေနေသာ္လည္း အခ်ိဳ႕အပိုင္းေတြမွာ Online ေရာ စာ႐ြက္စာတမ္းေရာ အသုံးျပဳေနတဲ့အတြက္ မလိုလားအပ္ဘဲ အဆင္မေျပမႈေတြ ရွိေနပါတယ္။ Fully Online (Paperless) အေနနဲ႔ျဖစ္ေအာင္ ေဆာင္႐ြက္သင့္ပါတယ္။ အထူးသျဖင့္ Payment အပိုင္းမွာလည္း Online နဲ႔ ခ်ိတ္ဆက္ ေဆာင္႐ြက္သင့္ပါတယ္။

 

ဒါမွသာ Fully Online ျဖစ္ၿပီး ကုန္သြယ္မႈ လြယ္ကူေစမွာ ျဖစ္ပါတယ္” ဟု ျမန္မာႏိုင္ငံ အထည္ခ်ဳပ္ လုပ္ငန္းရွင္မ်ားအသင္းမွ အေထြေထြ အတြင္းေရးမႉး ေဒၚခိုင္ခိုင္ႏြယ္က ႏိုင္ငံ့စီးပြား ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အေထာက္အကူျပဳရန္ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၊ အေကာက္ခြန္ဦးစီးဌာနမွ တာဝန္ရွိသူမ်ားႏွင့္ ပုဂၢလိက လုပ္ငန္းရွင္မ်ား ပါဝင္ေသာ စီးပြားေရး စကားဝိုင္းတြင္ ေျပာၾကားခဲ့ေၾကာင္း သိခဲ့ရပါတယ္။

 

“MACCS စနစ္ဟာ လက္ရွိအေနအထားအရ Fully Online မျဖစ္ေသးပါဘူး။ ျဖစ္ေအာင္လည္း ေဆာင္႐ြက္ေနပါတယ္။ အထူးသျဖင့္ Payment ပိုင္းမွာ Bank ေတြနဲ႔ ခ်ိတ္ဆက္ေဆာင္႐ြက္မႈေတြမွာ အားနည္းခ်က္ေတြ ရွိေနပါေသးတယ္။လက္ရွိအခ်ိန္မွာ ကုန္သြယ္မႈ တိုးတက္မ်ားျပားလာတာေတြ၊ စစ္ေဆးေရးစခန္းေတြ တိုးခ်ဲ႕ဖို႔နဲ႔ Dry Port ေတြ တိုးခ်ဲ႕မွာ ျဖစ္တဲ့အတြက္ ဝန္ထမ္းအင္အား တိုးခ်ဲ႕ဖြဲ႕စည္းဖို႔ လိုအပ္ေနပါတယ္။ လက္ရွိအခ်ိန္မွာလည္း ဝန္ထမ္းအင္အား နည္းပါးတဲ့အတြက္ လုပ္ငန္းေဆာင္႐ြက္ရာမွာ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ ဝန္ထမ္းအင္အား တိုးခ်ဲ႕ဖြဲ႕စည္းေပးဖို႔ တင္ျပထားပါတယ္” ဟု အေကာက္ခြန္ ဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္ထင္ ေျပာျပခ်က္အရ သိရပါတယ္။

 

“တကယ္လို႔ Dry Port ေတြ Bonded Warehouse ေတြ လုပ္ေတာ့မယ္ဆိုရင္ ဝန္ထမ္းအင္အား မျဖစ္မေန လိုအပ္လာမွာ ျဖစ္ပါတယ္။ ေနာက္တစ္ခါ ကုန္သြယ္မႈ တိုးျမႇင့္ဖို႔အတြက္ ႏိုင္ငံေတာ္က ေဆာင္႐ြက္ေနပါတယ္။ အိမ္နီးခ်င္းႏိုင္ငံမ်ား နယ္စပ္ေဒသ ကုန္သြယ္မႈ Border Trade နဲ႔ဆက္စပ္ၿပီး တိုးျမႇင့္ေဆာင္႐ြက္ ေနတာေတြေၾကာင့္ အေကာက္ခြန္ ဦးစီးဌာန အေနနဲ႔လည္း တိုးျမႇင့္ေဆာင္႐ြက္ေနတာနဲ႔အမွ် ေနရာတိုင္းမွာ ဝန္ထမ္းေတြကို ပို႔ရေတာ့မယ္။ သင္တန္းေတြလည္း ေပးရမယ္။ ေတာ္ေတာ္ေလး ေျပာင္းလဲသင့္တာက ဝန္ထမ္းအင္အား တိုးခ်ဲ႕ဖို႔ပါပဲ။ ဝန္ထမ္းအင္အား တိုးခ်ဲ႕မွသာ ကြၽန္မတို႔အတြက္ ကုန္သြယ္မႈမွာ ေတာ္ေတာ္ေလး အဆင္ေျပမယ္လို႔ ထင္ပါတယ္” ဟု ေဒၚခိုင္ခိုင္ႏြယ္က ေျပာၾကားခဲ့ပါတယ္။

 

သြင္းကုန္၊ ထုတ္ကုန္ရွင္းလင္းေရး လုပ္ငန္းစဥ္မ်ား ရွင္းလင္းလြယ္ကူေစရန္အတြက္ Myanmar Automated Cargo Clearance System (MACCS) စနစ္ကို ပထမအဆင့္ အေနျဖင့္ ျမန္မာ-ထိုင္း နယ္စပ္ရွိ ျမဝတီနယ္စပ္၌ ၂၀၁၈ ခုႏွစ္ ဇြန္ ၅ ရက္တြင္ စတင္အသုံးျပဳ ေဆာင္႐ြက္ခဲ့ၿပီး ဆက္လက္၍ အျခားနယ္စပ္မ်ားတြင္ တစ္ဆင့္ၿပီး တစ္ဆင့္ တိုးခ်ဲ႕အေကာင္အထည္ေဖာ္ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္ထင္က ေျပာၾကားခဲ့ပါတယ္။

 

Unicode ျဖင့္ဖက္ရႈရန္
>>>>>>>>>

 

ရန်ကုန်ဧရိယာနှင့် သီလဝါ အထူးစီးပွားရေးဇုန် အပါအဝင် ရေဆိပ်၊ လေဆိပ်နေရာ ၁၃ ခု၌ အသုံးပြုနေပြီး မူဆယ်နယ်စပ်တွင် ၂၀၂၀ နှစ်ကုန်ပိုင်း စတင်အသုံးပြုရန် ပြင်ဆင်လျက်ရှိ

 

သွင်းကုန်/ထုတ်ကုန် ရှင်းလင်းရေး လုပ်ငန်းစဉ်ဖြစ်သည့် MACCS စနစ်ကို ရန်ကုန်ဧရိယာနှင့် သီလဝါ အထူးစီးပွားရေးဇုန် အပါအဝင် ရေဆိပ်၊ လေဆိပ်နေရာ ၁၃ ခု၌ အသုံးပြုနေပြီး မူဆယ်နယ်စပ်တွင် ၂၀၂၀ နှစ်ကုန်ပိုင်း စတင်အသုံးပြုရန် ပြင်ဆင်လျက်ရှိကြောင်း အကောက်ခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းသန့်က ပြောကြားခဲ့ပါတယ်။

 

“MACCS စနစ်ကို ၂၀၂၀ ဘတ်ဂျက်နှစ်ကျမှ သုံးနိုင်မှာ ဖြစ်ပါတယ်။ အခုမှ ဘတ်ဂျက်နှစ်အစပဲ ရှိသေးတော့ အဲဒါလုပ်ဖို့အတွက် တင်ဒါလုပ်ငန်းစဉ်တွေ ဆောင်ရွက်နေပြီ။ ၂၀၂၀ နှစ်ကုန်လောက်မှ စနိုင်မယ်” ဟု အကောက်ခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းသန့်က ပြောကြားခဲ့ပါတယ်။

 

သွင်းကုန်/ထုတ်ကုန် ရှင်းလင်းရေး လုပ်ငန်းစဉ်များ ရှင်းလင်းလွယ်ကူစေရန်အတွက် Myanmar Automated Cargo Clearance System (MACCS) စနစ်ကို ရန်ကုန်ဧရိယာနှင့် သီလဝါ အထူးစီးပွားရေးဇုန် အပါအဝင် ရေဆိပ်၊ လေဆိပ် နေရာ ၁၃ ခုတွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က စတင်အသုံးပြုခဲ့ကြောင်း သိရပါတယ်။

 

“MACCS စနစ်ကို ကျင့်သုံးနေသော်လည်း အချို့အပိုင်းတွေမှာ Online ရော စာရွက်စာတမ်းရော အသုံးပြုနေတဲ့အတွက် မလိုလားအပ်ဘဲ အဆင်မပြေမှုတွေ ရှိနေပါတယ်။ Fully Online (Paperless) အနေနဲ့ဖြစ်အောင် ဆောင်ရွက်သင့်ပါတယ်။ အထူးသဖြင့် Payment အပိုင်းမှာလည်း Online နဲ့ ချိတ်ဆက် ဆောင်ရွက်သင့်ပါတယ်။

 

ဒါမှသာ Fully Online ဖြစ်ပြီး ကုန်သွယ်မှု လွယ်ကူစေမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပါဝင်သော စီးပွားရေး စကားဝိုင်းတွင် ပြောကြားခဲ့ကြောင်း သိခဲ့ရပါတယ်။

 

“MACCS စနစ်ဟာ လက်ရှိအနေအထားအရ Fully Online မဖြစ်သေးပါဘူး။ ဖြစ်အောင်လည်း ဆောင်ရွက်နေပါတယ်။ အထူးသဖြင့် Payment ပိုင်းမှာ Bank တွေနဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေမှာ အားနည်းချက်တွေ ရှိနေပါသေးတယ်။လက်ရှိအချိန်မှာ ကုန်သွယ်မှု တိုးတက်များပြားလာတာတွေ၊ စစ်ဆေးရေးစခန်းတွေ တိုးချဲ့ဖို့နဲ့ Dry Port တွေ တိုးချဲ့မှာ ဖြစ်တဲ့အတွက် ဝန်ထမ်းအင်အား တိုးချဲ့ဖွဲ့စည်းဖို့ လိုအပ်နေပါတယ်။ လက်ရှိအချိန်မှာလည်း ဝန်ထမ်းအင်အား နည်းပါးတဲ့အတွက် လုပ်ငန်းဆောင်ရွက်ရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဝန်ထမ်းအင်အား တိုးချဲ့ဖွဲ့စည်းပေးဖို့ တင်ပြထားပါတယ်” ဟု အကောက်ခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင် ပြောပြချက်အရ သိရပါတယ်။

 

“တကယ်လို့ Dry Port တွေ Bonded Warehouse တွေ လုပ်တော့မယ်ဆိုရင် ဝန်ထမ်းအင်အား မဖြစ်မနေ လိုအပ်လာမှာ ဖြစ်ပါတယ်။ နောက်တစ်ခါ ကုန်သွယ်မှု တိုးမြှင့်ဖို့အတွက် နိုင်ငံတော်က ဆောင်ရွက်နေပါတယ်။ အိမ်နီးချင်းနိုင်ငံများ နယ်စပ်ဒေသ ကုန်သွယ်မှု Border Trade နဲ့ဆက်စပ်ပြီး တိုးမြှင့်ဆောင်ရွက် နေတာတွေကြောင့် အကောက်ခွန် ဦးစီးဌာန အနေနဲ့လည်း တိုးမြှင့်ဆောင်ရွက်နေတာနဲ့အမျှ နေရာတိုင်းမှာ ဝန်ထမ်းတွေကို ပို့ရတော့မယ်။ သင်တန်းတွေလည်း ပေးရမယ်။ တော်တော်လေး ပြောင်းလဲသင့်တာက ဝန်ထမ်းအင်အား တိုးချဲ့ဖို့ပါပဲ။ ဝန်ထမ်းအင်အား တိုးချဲ့မှသာ ကျွန်မတို့အတွက် ကုန်သွယ်မှုမှာ တော်တော်လေး အဆင်ပြေမယ်လို့ ထင်ပါတယ်” ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားခဲ့ပါတယ်။

 

သွင်းကုန်၊ ထုတ်ကုန်ရှင်းလင်းရေး လုပ်ငန်းစဉ်များ ရှင်းလင်းလွယ်ကူစေရန်အတွက် Myanmar Automated Cargo Clearance System (MACCS) စနစ်ကို ပထမအဆင့် အနေဖြင့် မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီနယ်စပ်၌ ၂၀၁၈ ခုနှစ် ဇွန် ၅ ရက်တွင် စတင်အသုံးပြု ဆောင်ရွက်ခဲ့ပြီး ဆက်လက်၍ အခြားနယ်စပ်များတွင် တစ်ဆင့်ပြီး တစ်ဆင့် တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်က ပြောကြားခဲ့ပါတယ်။

 

Source : Eleven

 

Myanmar Logistics Guide

 

Read times
Rate this item
(0 votes)

Related items