Local Industry

ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များထံမှ ဒေါ်လာသုံးသန်း ဝယ်ယူ

ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များထံမှ ဒေါ်လာသုံးသန်း ဝယ်ယူ google

ဒေါ်လာတန်ဖိုးအနည်း ငယ်ကျချိန်တွင် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များထံမှ နှစ်ရက်အတွင်း ဒေါ်လာသုံးသန်း ဝယ်ယူခဲ့ပါတယ်။

 

အောက်တိုဘာလကုန်က စတင်ပြီး ပြည်တွင်းငွေကြေးဈေးကွက်တွင် ဒေါ်လာတန်ဖိုးကျလာခြင်းကို ထိန်းရန် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များထံမှ ဒေါ်လာဝယ်ယူခြင်းဖြစ်ကြောင်း ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုမှ အကြီးတန်းအရာရှိတစ်ဦးက ပြောပြချက်အရ သိရပါတယ်။

 

ပြည်တွင်းဈေးကွက်တွင် နိုဝင်ဘာ ၁ ရက်နေ့လယ်အထိ ပုဂ္ဂလိကဘဏ်များက တစ်ဒေါ်လာ ၁,၅၂၅ ကျပ် ရောင်းဈေးဖွင့်ထားသော်လည်း ဗဟိုဘဏ်က တစ်ဒေါ်လာ ၁,၅၂၄ ကျပ်ခန့် ဖြင့် ဝယ်ယူခြင်းဖြစ်ပါတယ်။

 

လက်ရှိ ပွင့်လင်းရာသီတွင် ပြည်ပမှ သွင်းကုန်ပမာဏလျော့ နည်းနေခြင်းကြောင့် ငွေလွှဲပေးပို့မှု အနည်းငယ်လျော့နည်းပြီး ပြည်တွင်း၌ ဒေါ်လာတန်ဖိုးအားပျော့နေကြောင်း ငွေလဲဝန်ဆောင်မှု လုပ်ကိုင်သူအချို့က ပြောခဲ့ပါတယ်။

 

အောက်တိုဘာ ၁ ရက်က စတင်သည့် ယခုဘဏ္ဍာနှစ် ၁၈ ရက်အတွင်း ပြည်ပမှ သွင်းကုန် တန်ဖိုးသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာသန်း ၁၅၀ ကျော်လျော့နည်းကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနစာရင်းများတွင် ဖော်ပြထားထားချက်အရ သိရပါတယ်။

 

သစ်သီးဝလံအချို့နှင့် လူသုံးကုန်ပစ္စည်းများစွာကို ပြည်ပမှ တင်သွင်းသုံးစွဲနေရသော နိုင်ငံတွင် ဒေါ်လာတန်ဖိုးကျဆင်းခြင်းက အခွင့်အလမ်းကောင်းတစ်ခုဟု မင်္ဂလာဈေးမှ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောခဲ့ပါတယ်။

 

ဒေါ်လာတန်ဖိုးကျသကဲ့သို့ ပြည်တွင်းရွှေဈေးသည် ကျပ် ၁,၂၂၀,၀၀၀ ခန့်ဈေးရှိခဲ့ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးလည်း လိုက်ပါမြင့်တက်ခဲ့ပါတယ်။

 

ကမ္ဘာ့ရွှေဈေးက အောက်တိုဘာ ၃၀ ရက်တွင် တစ်အောင် စလျှင် ၁,၅၀၆ ဒေါ်လာမှ နိုဝင်ဘာ ၁ ရက်တွင် ဒေါ်လာ ၁,၅၁၀ သို့ မြင့်တက်လာခဲ့ပါတယ်။

 

Source : 7 Day Daily

 

Myanmar Logistics Guide

 

 
Read times
Rate this item
(0 votes)

Related items