Local Industry

Showroom စာချုပ်ပါ ဈေးနှုန်းအစား ID နှုန်းအတိုင်းပဲ ကောက်ခံတော့မယ့်ဝင်ငွေခွန်

Showroom စာချုပ်ပါ ဈေးနှုန်းအစား ID နှုန်းအတိုင်းပဲ ကောက်ခံတော့မယ့်ဝင်ငွေခွန် google

နိုင်ငံခြားကနေကားသွင်းလာတယ်၊ CIF 5,000 သတ်မှတ်တယ်။ ဒါကို Input Declaration form (ID) လို့ခေါ်ဝေါ်တယ်။

 

ကညန၊ ဆိပ်ကမ်းတို့မှာတော့ ဒါကိုသုံးပြီး အခွန်တွေတောက်လျှောက်ဆောင်ခဲ့တယ်။ ၀င်ငွေခွန် ၁၅ ရာခိုင် နှုန်းပေါ်လာတုန်းကလည်း ID နဲ့ပဲဆောင်ခဲ့တာပါ။ အခုလိုဝင်ငွေခွန်လျှော့ချထားတုန်းလေး ၀င်ငွေခွန် ဆောင်ကမှ အခွန်ရုံးက ID အပြင် showroom နဲ့ချုပ်ထားတဲ့ စာချုပ်ပါလိုလာတယ်၊ ID ပေါ်မှာ မကောက်တော့ပဲ အပြင်နှုန်းနဲ့ကောက်ဖို့ပြင်လာတယ်ပေါ့။

 

ဒီတော့ သိန်း ၃၀ လောက်ပဲကျမယ့်ကားက သိန်း ၇၀ လောက်ဖြစ်လာ တယ်။ ၂ ဆလောက်တက်လာဖို့ဖြစ်လာတယ်ပေါ့။ ဒါကို ကားလောကသားတွေ ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်ခဲ့လို့ ဟိုအရင်ကလိုပဲ Input Declaration form (ID) နှုန်းအတိုင်း ၀င်ငွေခွန်ဆောင်နိုင်တော့မှာဖြစ်ပါတယ်။

 

ဝင်ငွေခွန်အခက်အခဲနဲ့ပက်သတ်ပြီး ကိုသန်းထိုက်ဝင်း(တစ်ပိုင်တစ်နိုင်ဝယ်/ရောင်း) ကို Myanmar Automobile Equipmenmt Directory ကဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)