Local Industry

ကလေး- ဖလမ်း- ဟားခါးလမ်းကို ၂၀၂၀ အောက်တိုဘာတွင် စီမံကိန်းစတင်နိုင်ရန် မျှော်မှန်း

ကလေး- ဖလမ်း- ဟားခါးလမ်းကို ၂၀၂၀ အောက်တိုဘာတွင် စီမံကိန်းစတင်နိုင်ရန် မျှော်မှန်း google

ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည့် ချင်းပြည်နယ်ရှိ ကလေး“ဖလမ်း“ဟားခါးလမ်းကို လာမည့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် စီမံကိန်း စတင်နိုင်ရန် မျှော်မှန်းကြောင်း ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေချစ်ဦးက ပြောခဲ့ပါတယ်။

 

"ချင်းပြည်နယ်မှာ နိုင်ငံတကာကလုပ်တဲ့လုပ်ငန်းတွေ တစ်ခုမှမရှိသေးဘူး။ ဒါက ပထမဆုံးပဲ၊ ကမ္ဘာ့ဘဏ်ကချေးငွေနဲ့လုပ်မယ်ဆိုပြီး ပြောနေတာကြာပြီ။ အဆင့်တွေ များလွန်းတော့ အခုထိ စပြီးအကောင်အထည်မဖော်ရ သေးဘူး"ဟု ဦးရွှေချစ်ဦးက ဆိုပါတယ်။

 

ကလေး“ဖလမ်း“ဟားခါးလမ်းသည် ချင်းပြည်နယ်နှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဆက်သွယ်ရာတွင်အရေးပါသည့် လမ်းဖြစ်ပြီး စီမံကိန်းပြီးစီးပါကချင်းပြည်နယ်သည် ယခုထက်ပိုပြီး တိုးတက်လာနိုင်ကြောင်း ဝန်ကြီးက ဆိုပါတယ်။

 

ကလေး“ဖလမ်း“ဟားခါးလမ်းကို ကမ္ဘာ့ဘဏ်ချေးငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၅ သန်းဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါချေးငွေမှာ ၂၀၁၅ ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ချေးပေးခဲ့သည့် ကန်ဒေါ်လာသန်း ၂၀ဝ အနက် တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ယခင် ကမ္ဘာ့ဘဏ်အကြံပေးအဖွဲ့ဝင် International Safe-guards Specialist Mr. Josiah Bowles က ပြောသည်။

 

သဘာဝပတ်ဝန်းကျင်နှင့် လူထုထိခိုက်နစ်နာမှုများကို အတတ်နိုင်ဆုံး လျှော့ချပေးနိုင်ရန် ရည်ရွယ်ပြီး ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုဆိုင်ရာ လေ့လာဆန်းစစ်မှုများ ပြုလုပ်ရန်Cardno Myanmar ကုမ္ပဏီကို ကမ္ဘာ့ဘဏ်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က ရွေးချယ်ငှားရမ်းထားခဲ့ပါတယ်။

 

လက်ရှိတွင်Cardno Myanmar က လေ့လာဆန်းစစ်မှုများကို ပြုလုပ်နေဆဲဖြစ်ပြီး နောက်ဆုံးရရှိသော စာရင်းများအရ ထိခိုက်နစ်နာသူအရေအတွက် ၆၀ဝ ခန့်ရှိနေကြောင်း ၎င်းကဆိုပါတယ်။

 

ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည့် ကလေး“ဖလမ်း“ဟားခါးလမ်းစီမံကိန်း၏ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်းကိစ္စနှင့် စပ်လျဉ်း၍ ချင်းအရပ်ဘက်အဖွဲ့အစည်းများ၏ ကနဦးလေ့လာဆန်းစစ်ချက်များအကြောင်း သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၅ ရက်က လှိုင်မြို့နယ်Gemsy ဟိုတယ်တွင် ပြုလုပ်ခဲ့ပါတယ်။

 

ကလေး“ဖလမ်း“ဟားခါးလမ်း အကောင်အထည်ဖော်ရာတွင် ရေရှည်အသုံးပြုနိုင်မည့် အရည်အသွေးကောင်းသော လမ်းမများအဖြစ် ဖောက်လုပ်စေလိုကြောင်း ချင်းပြည်နယ် အရပ်ဘက် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့်Community Care for Emergency Response and Rehabilitation CCERR အဖွဲ့ ဒါရိုက်တာMs. Flora Bawi Nei Mawi က ပြောခဲ့ပါတယ်။

 

Source : Myanmar Time

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)