Local Industry

မော်တော်ယာဉ် နှစ်လဲသက်တမ်း တိုးပြုလုပ်ခြင်း

မော်တော်ယာဉ် နှစ်လဲသက်တမ်း တိုးပြုလုပ်ခြင်း google

မော်တော်ယာဉ် နှစ်လဲသက်တမ်း တိုးပြုလုပ်ခြင်းမှ လွဲ၍ ကျန်ကိစ္စရပ် များကို အမည်ပြောင်း ပြုလုပ်စရာ မလိုဘဲ ဆောင်ရွက်ပေးမည် ဖြစ် ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

ကုန်းလမ်းပို့ဆောင်ရေး ညွန် ကြားမှုဦးစီးဌာနမှ အောက်တိုဘာ ၂၄ ရက်က ထုတ်ပြန်ခဲ့သော ကြေ ညာချက်တွင် ဇန်နဝါရီ ၁ ရက်မှ စ၍ ကနဦးမှတ်ပုံတင်ခြင်းနှင့် နှစ် လဲသက်တမ်းတိုး ပြုလုပ်ခြင်း အပါ အဝင် ယာဉ်မှန်/မမှန် စစ်ဆေးခြင်း၊ နယ်ဝင်/နယ်ထွက်ခြင်း၊ ခရီးလွန် စစ်ဆေးခြင်း၊ စက်/ဆေးပြောင်းလဲ ခြင်းတို့ကို ဆောင်ရွက်ပါက ပိုင်ရှင် အမည်ပေါက် မဟုတ်လျှင် အမည် ပြောင်း ပြုလုပ်ရမည်ဟု ကြေညာခဲ့သည်။

 

ထိုကြေညာချက်ထဲမှ လုပ် ငန်းသဘော သဘာဝအရ ယာဉ် မှန်/မမှန် စစ်ဆေးခြင်း၊ နယ်ဝင်/ နယ်ထွက်ခြင်း၊ ခရီးလွန်စစ်ဆေး ခြင်းနှင့် စက်/ဆေးပြောင်း ပြုလုပ် ခြင်းတို့သည် အမည်ပြောင်းပြုလုပ် ရန် မလိုအပ်ကြောင်း ကားလုပ် ငန်းရှင်များက အကြံပြုထောက်ပြ ခဲ့သဖြင့် ထိုအချက်များကို ဖြေ လျှော့ပေးမည် ဖြစ်သည်။

 

“ယာဉ်မှန်/ မမှန် စစ်ဆေး တာ၊ နယ်ဝင်/နယ်ထွက်ပြုလုပ်တာ၊ ခရီးလွန်ယာဉ်စစ်တာ၊ စက်/ဆေး ပြောင်းပြုလုပ်တာတွေ ဆောင်ရွက် မယ်ဆိုရင် အမည်ပြောင်းစရာ မလိုဘဲ ဆောင်ရွက်ပေးဖို့ ဝန်ကြီး ဌာနဆီ တင်ပြခဲ့ပါတယ်၊ ဝန်ကြီး ဌာနကလည်း ဒီအချက်တွေကို လက်ခံတဲ့အတွက် ပြန်လည် ဖြေ လျှော့ပေးမှာ ဖြစ်ပါတယ်၊ နှစ်လဲ သက်တမ်းတိုး ပြုလုပ်တာကိုတော့ ယာဉ်ပိုင်ရှင်မဟုတ်ရင် အမည်ပြောင်း ပြီးမှ ဆောင်ရွက်ပေးမှာပါ”ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ကညနရုံးများ၌ အမည်ပြောင်း ပြုလုပ်ရာတွင် ဝင်ငွေခွန်ပေးဆောင် ထားသည့် အခွန်စိမ်းစာရွက်ပါရှိ သော်လည်း ကိုယ်စားလှယ်ဖြင့် ဆောင်ရွက်၍မရဘဲ အမည်ပြောင်း ထားသည့် ပိုင်ရှင်ဖြစ်စေ၊ ပိုင်ရှင် ဖြစ်သူ၏ သန်းခေါင်စာရင်းတွင် ပါရှိသည့် မိသားစုဝင်တစ်ဦးဖြစ်စေ ဆောင်ရွက်မှသာ အမည်ပြောင်းခွင့် ပေးမည်ဆိုသည့် အချက်ကိုလည်း ဖြေလျှော့ပေးရန်အတွက် ကားလုပ်ငန်း ရှင်များက တင်ပြရန်ရှိကြောင်း သိရသည်။

 

Source : automobile

 

Myanmar Logistics Guide

Read times
Rate this item
(2 votes)