Local Industry

မြန်မာ - တရုတ်နယ်စပ်၌ ယွမ်ငွေတန်ဖိုးတက်

မြန်မာ - တရုတ်နယ်စပ်၌ ယွမ်ငွေတန်ဖိုးတက် google

ပွင့်လင်းရာသီတွင် မြန် မာ-တရုတ်နယ်စပ်၌ ယွမ်ငွေတန်ဖိုး မြင့်တက်လာခြင်းက ပို့ ကုန်လုပ်ငန်းများအတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်လာကြောင်း မူဆယ်မြို့ရှိ ကုန်သည် အချို့ကပြောပါတယ်။

 

တရုတ်ယွမ်ငွေတန်ဖိုးသည် နိုဝင်ဘာပထမပတ်အတွင်း ၄ ရာ ခိုင်နှုန်းခန့်မြင့်တက်လာခဲ့ပြီး နိုဝင်ဘာလဆန်းက တစ်ယွမ်လျှင် ကျပ် ၂၁၀ ခန့်မှ နိုဝင်ဘာ ၁၀ရက်တွင် ၂၁၈ ကျပ်သို့တက်လာခဲ့ပါတယ်။

 

ပို့ကုန်များလေ့ရှိသော ပွင့်လင်းရာသီတွင် ယွမ်ငွေတန်ဖိုးတက်ခြင်းက မြန်မာနိုင်ငံမှ ကုန်သည်များအတွက်အခွင့်အလမ်း ကောင်းတစ်ခုဖြစ်သော်လည်း လက်ရှိကုန်သွယ်ရေးအခြေအနေကြောင့် မပျော်နိုင်ကြောင်း မူဆယ်ဆန်ကုန်စည်ဒိုင်မှအသင်းဝင် ဦးမင်းသိန်းကပြောပြခဲ့ပါတယ်။မြန်မာနိုင်ငံမှ ဆန်တစ်မျိုးကို သာတစ်ရက်လျှင်အိတ်ရေ နှစ်သောင်းခွဲခန့်ရောင်းချနေရပြီး သကြား၊ ပြောင်းဖူးစေ့စသော လယ်ယာထွက်ကုန်တင်ပို့မှုက နည်းပါးနေကြောင်း ၎င်းကပြောခဲ့ပါတယ်။

 

မြန်မာနိုင်ငံဘက်မှ လယ်ယာထွက်ကုန်များ တင်ပို့မှုလျော့ နည်းသော်လည်း သစ်သီးနှင့် အခြားကုန်စည်များတင်ပို့မှုများခြင်းကြောင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်ပထမဆုံးလတွင် မူဆယ်၊ ရွှေလီ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ ပို့ကုန်ကန်ဒေါ်လာ ၂၆၆ သန်း တင်ပို့ထားခဲ့ပါတယ်။လက်ရှိ မြန်မာ-တရုတ်နှစ် နိုင်ငံကုန်သွယ်မှုတွင် မြန်မာနိုင်ငံမှ အဓိကပို့ကုန်သည် ဖရဲသီးဖြစ်ပြီး တစ်ရက်လျှင်ကားအစီးရေ ၃၅၀ မှ ၄၀၀ အကြားမူဆယ်သို့ အဝင်ရှိနေကြောင်း အဝေးပြေး ကုန်စည်ပို့ဆောင်ရေးအသင်း (မူဆယ်) ဥက္ကဋ္ဌ ဦးဝင်းအောင်ခန့် ကပြောခဲ့ပါတယ်။

 

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာနိုင်ငံမှပို့ကုန်များကို တရုတ်ယွမ်ငွေဖြင့်သာ ရောင်းချခြင်းကြောင့် ယွမ်ငွေတန်ဖိုးက အဓိကကျခဲ့ပြီး မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးကို မြန်မာနိုင်ငံဘက်ခြမ်းတွင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနှင့် လွယ်ဂျယ်တို့တွင် ဖွင့်လှစ်ထားခဲ့ပါတယ်။ပြီးခဲ့သည့် ၂၀၁၈ - ၁၉ ဘဏ္ဍာနှစ်တွင် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၅ ဘီလီယံကျော်ခဲ့ပါတယ်။

 

Source : 7daydaily

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)