Local Industry

အမည်ပေါက် ပြောင်းဖို့ကိစ္စများအကြား ပုံမှန်အရောင်းအဝယ် ပြန်ဖြစ်လာတဲ့ ကားဈေးကွက်

အမည်ပေါက် ပြောင်းဖို့ကိစ္စများအကြား ပုံမှန်အရောင်းအဝယ် ပြန်ဖြစ်လာတဲ့ ကားဈေးကွက် google

အခုတစ်ပတ် ကားဈေးကွက်အတွက် အင်ဂျင်ပါ ဝါမြင့်တဲ့ကားထဲက အယ်လ်ဖတ် တွေ  အဝယ်များနေပြီး  အင်ဂျင်ပါ ဝါနိမ့်တဲ့အထဲက အက်စီယိုရယ်၊  ဘယ်လ်တာရယ် အဝယ်များ တယ်လို့ သိရတယ်။

 

သီရိမင်္ဂလာကားရောင်းဝယ် ရေးစခန်းက ဝါရင့်ဝယ်ရောင်း ကိုအောင်ကျော်ထွန်းက “ဒီတစ် ပတ်မှာ ကားအရောင်းအဝယ် ပုံ မှန်ပြန် ရှိနေပါတယ်၊ အကြီးထဲက ဆိုရင်  အယ်လ်ဖတ်က  အရမ်း ရောင်းရ တယ်”လို့ ပြောပါတယ်။အယ်လ်ဖတ်ဈေးလည်းမာနေတယ်လို့ ဆို တယ်။ ၂ဝဝ၃/ ၂ဝဝ၄ အမ်ဇက်ဂျီ အမှန်ဆိုရင် ကျပ် သိန်း ၅ဝဝ ကျော်ပါတယ်။ အမ်ဇက်ဂျီ မဟုတ်ဘဲ  အမ်ဇက်လောက်ဆိုရင် ကျပ်သိန်း ၄ဝဝ ကျော်ပါ တယ်။ အယ်လ်ဖတ်တူးပွိုင့်ဖိုးဆိုရင် လည်း ကျပ်သိန်း ၄ဝဝ နီးပါးရှိ တယ်။ ကျပ်သိန်း ၃၇၀/၃၈၀ လောက်ရှိပါတယ်။

 

ပွိုင့်သရီးထဲကဆိုရင်တော့  အက်စီယို၊  ဘယ်လ်တာနဲ့ ပရို ဘောက်စ်တွေ ရောင်းရပါတယ်။ ပရီမီယိုလည်း ရောင်းရတယ်။ ကားလေးတွေလည်း ပုံမှန်အ ရောင်းအဝယ်ရှိနေတယ်လို့ ကို အောင်ကျော်ထွန်းက ပြောပါတယ်။လိုင်စင်သက်တမ်း သုံးလကြိုတိုးလို့ရတော့ သက်တမ်းတိုးတဲ့ကားတွေ များပါတယ်။ အမည် ဖောက်တဲ့ ကားတွေလည်း ဖောက် ကြတာပါ ပဲ။ တချို့ကလည်း သက် တမ်းတိုးထားလိုက်တော့ နှစ်နှစ် လောက် အေးဆေးနေလို့ရသွား တယ်။ အမည်ဖောက်တာကိုတော့ လာမယ့် နှစ်အတွင်း အေးအေး ဆေးဆေး လုပ်မယ်ဆိုတာတွေ လည်း ရှိပါ တယ်။

 

အရင်ထက်စာရင်တော့ ပြန် ပြီးတော့  ရောင်းလာရပါတယ်။ ကားရှာရတာ အရမ်းခက်ခဲလာ တယ်။ ကားကောင်းရင် ဈေး ကောင်းပေးဝယ်နေရတဲ့အနေအ ထားဖြစ်လာတယ်။ အက်စီယို၊ ဝမ်းပွိုင့်ဖိုက် ၂ဝဝ၈ မော်ဒယ်လ် H နံပါတ်ကို ကျပ်သိန်း ၂၆၀ ဝန်း ကျင်၊ ပရီမီယိုဝမ်းပွိုင့်အိတ် ၂၀၁၁ မော်ဒယ်လ် စတိနံပါတ်ဆိုရင် ကျပ်သိန်း ၄၅၀ ဝန်းကျင်ရှိပါ တယ်။ တိုယိုတာဘယ်လ်တာ၊ ဝမ်းပွိုင့်သရီးG နံပါတ်ဆိုရင် ကျပ် ၁၈၉ သိန်းဝန်းကျင်ရှိပါတယ်။

 

စလစ်

>>>>

 

ဖောက်စွပ်/ဖြတ်ဆက် အလုံး ချိန်းကားတွေကို သံရည်ကျိုအပ်နှံ လဲလှယ်ခွင့်ပေးပြီးနောက်ပိုင်း စလစ်ဈေးတွေ ကျဆင်းလာပါ တယ်။  အရင်က စလစ်အပ်ကား ရှားပါးလာတဲ့အတွက်  အမည် ပေါက်စလစ်ဈေးနှုန်းဟာ ကျပ် သိန်း ၁၄၀ အထက်အထိ မြင့် တက်ခဲ့ပါတယ်။ လက်ရှိမှာ ရန်ကုန် လိုင်စင်သက်တမ်း  နှစ် ၂၀ အမည် ပေါက်စလစ်ဈေးနှုန်း ကျပ်သိန်း ၁၂၀ နဲ့ ၁၂၅ သိန်းကြား အရောင်း အဝယ်ဖြစ်ပါတယ်။

 

ဖောက်စွပ်/ဖြတ်ဆက်အလုံး ချိန်းကားအဖြစ် သတ်မှတ်ခံရတဲ့ ကား ဒါမှမဟုတ် တိုက်ကြေကား ဆိုရင် ကျပ်သိန်း ၁၁၀ ပတ်ချာ လည်ရှိပါတယ်။

 

တိုယိုတာကရောင်းတွေ လည်း ရောင်းရပါတယ်။ ရွိုင်ရယ် ဆလွန်းဂျီဖြစ်တဲ့ကားတွေရော၊ ရွိုင်ရွယ်ဆလွန်းဂျီမဖြစ်တဲ့ကား တွေပါ ရောင်းရပါတယ်။ တိုယို တာကရောင်း ၂ဝဝ၄ မော်ဒယ်လ် K,L နံပါတ်တွေဆိုရင် ကျပ်သိန်း ၄၄၀/၄၅၀ ရှိတယ်။ တိုယိုတာက ရောင်း ၂ဝဝ၆ မော်ဒယ်လ်ရွိုင်ရယ် ဆလွန်းဂျီဆိုရင် ကျပ်သိန်း ၅ဝဝ ကျော်သွားပါတယ်။ ဂျီမဟုတ်တာ တွေကတော့ ကျပ်သိန်း ၄ဝဝ အောက်မှာပဲရှိပါတယ်။ ၂ဝဝ၄ မော်ဒယ်လ်တွေပါ။ တိုယိုတာက ရောင်း ဂျယ်လီတွေ ၂ဝဝ၂ ၊ ၂ဝဝ၃ မော်ဒယ်လ်တွေဆိုရင်တော့ ကျပ် သိန်း ၃ဝဝ ကျော်ရှိတယ်။

 

တိုယိုတာဘင်ဂတ် ၂၀၁၁ မော်ဒယ်လ်ကို ၆၈၀ ရတယ်။ နံပါတ်ကို ကျပ် သိန်း ၄၆၀ ရောင်းရပါတယ်။ အယ် လ်ဖတ် Lနံပါတ်ဆိုရင် ၅၆၀ ရပါ တယ်။ တိုယိုတာဖီလ်ဒါပုံဟောင်း F နံပါတ်ကို ကျပ်သိန်း ၂၄၀ ရ တယ်။ ပုံအသစ် စတိနံပါတ်က ကျပ်သိန်း ၄၁၀ ရပါတယ်။ ပုံသစ် ကတော့ ၂၀၁၃ မော်ဒယ်လ်ဖြစ် သွားပါတယ်။ အမည်ပေါက် ပြောင်းဖို့ကိစ္စ စထွက်ထွက်ခြင်းမှာ အရောင်းအဝယ်တန့်သွားပေမဲ့ လက်ရှိမှာ ပုံမှန်အရောင်းအဝယ် ပြန်ဖြစ်လာတယ်လို့ ကားဈေး ကွက်အတွင်းက သိရပါတယ်။

 

Source : kumudra

 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)