Local Industry

ဘဏ်မှ SME CGI (အာမခံပစ္စည်းမဲ့ချေးငွေ) ရယူလိုသူများအတွက် လုပ်ဆောင်ရမည့်အချက်များ

ဘဏ်မှ SME CGI (အာမခံပစ္စည်းမဲ့ချေးငွေ) ရယူလိုသူများအတွက် လုပ်ဆောင်ရမည့်အချက်များ google

Credit Guarantee Insurance (CGI) ဆိုတာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) အတွက် ချေးငွေလျောက်ထားရာမှာ အပေါင်ပစ္စည်း (Collateral) မတင်ပြနိုင်တဲ့ လုပ်ငန်းရှင်များအတွက် အကူအညီပြုနိုင်မယ့် အာမခံဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။

 

စီမံဘဏ္ဍာဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့အာမခံလုပ်ငန်းမှ ပြည်တွင်းမှာ ရှိနေတဲ့ SME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာမခံပစ္စည်း တန်ဖိုးထက်ပိုမိုတဲ့ ဘဏ်ချေးငွေ ရရှိစေနိုင်ရန် ရည်ရွယ်ချက်ဖြင့် CGI အစီအစဉ်ကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီအစီအစဉ်မှာ CB Bank မှ တက်တက်ကြွကြွဖြင့် ပါဝင်လုပ်ဆောင်ခဲ့ပြီး CGI အစီအစဉ်ကို အသုံးပြု၍ ချေးငွေအား စတင်နိုင်ခဲ့တဲ့ ပထမဦးဆုံး ဘဏ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

 

CB ဘဏ်မှ ဆောင်ရွက်လျက်ရှိတဲ့ SME CGI ရယူလိုသူ လုပ်ငန်းရှင်တစ်ဦးအတွက် လုပ်ကိုင်ရမယ့် လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။

 

အဆင့်(၁) Customer မှ SME ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ SME အသိအမှတ်ပြုထောက်ခံချက်ရရှိရန် လျှောက်ထားခြင်း။
အဆင့်(၂) SME ဖွံ့ဖြိုးတိုးတက်ရေးဌာန Customer သို့ SME အသိအမှတ်ပြုထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်း။
အဆင့်(၃) Customer မှ CB ဘဏ်သို့ SME CGI ချေးငွေ လျှောက်ထားခြင်း။
အဆင့်(၄) CB ဘဏ်မှ မြန်မာ့အာမခံလုပ်ငန်းသို့ ချေးငွေအာမခံ(CGI) ထုတ်ပေးခြင်း။
အဆင့်(၅) မြန်မာ့အာမခံလုပ်ငန်းမှ CB ဘဏ်သို့ ချေးငွေအာမခံ (CGI) ထုတ်ပေးခြင်း။
အဆင့်(၆) CB ဘဏ်မှ Coustomer သို့ SMEချေးငွေထုတ်ပေးခြင်း။

 

SME CGI ချေးငွေ ရယူလိုသည့် လုပ်ငန်းရှင်အနေနဲ့ လုပ်ငန်းသက်တမ်း အနည်းဆုံး ၂ နှစ် ရှိရမှာဖြစ်ပြီး ဘဏ်မှာ တင်ပြရမယ့် စာရွက်စာတမ်းများမှာ

 

● လုပ်ငန်းလိုင်စင်၊ လုပ်ငန်းမှတ်ပုံတင်
● ပြီးခဲ့သည့် (၂)နှစ်စာ၏ လုပ်ငန်းဘဏ္ဍာရေးရှင်းတမ်းနှင့် ရှေ့လာမည့်ဘဏ္ဍာရေး (၁) နှစ်စာ ခန့်မှန်းခြေအရှုံးအမြတ်စာရင်း
● SME Customer ၏ အနာဂတ်လုပ်ငန်း စီမံကိန်း(Future Business Plan)
● လုပ်ငန်းရှင်မှ ချေးငွေရရှိပြီးပါက ဝယ်ယူမည့် စက်ပစ္စည်းစာရင်း (Quotation) နှင့် အဆောက်အဦဆောက်လုပ် တိုးချဲ့မည်ဆိုပါက (Estimate plan)
● ပြီးခဲ့သည့် (၂) နှစ်စာ လုပ်ငန်းဝင်ငွေခွန် ပြေစာ
● SME လုပ်ငန်း၏ လစဉ်ဘဏ်စာရင်း (Monthly Bank Statement)
● SME Development Center မှ ထုတ်ပေးသည့် SME အသိအမှတ်ပြုထောက်ခံချက်
● လုပ်ငန်းဓာတ်ပုံ (ရှေ့၊ နောက်၊ ဝဲ၊ ယာ၊ တွင်း)

 

ချေးငွေအတိုးနှုန်းနှင့် ချေးငွေပေးဆပ်ရမည့်စနစ်

***********************************


အတိုးနှုန်းကတော့ တစ်နှစ်ကို (၁၃) ရာခိုင်နှုန်းဖြစ်ပြီး အရင်းငွေကို ၃ လ (သို့) ၆ လလျှင် တစ်ကြိမ်ပေးသွင်းရပါမယ်။

 

 

မြန်မာ့အာမခံတွင် CGI Premium ကြေးတွက်ချက်နည်း
***********************************


အာမခံပစ္စည်းပါလျှင်
1 Year - 2%
2 Year - 1.5%
3 Year - 1%

အာမခံပစ္စည်းမပါလျှင်
1 Year - 3%
2 Year - 2.5%
3 Year - 2%

ထောက်ခံချက်ကို SME Development Center မှာ လျှောက်ထားရယူနိုင်ပါတယ်။ SME CGI Loan အကြောင်း အသေးစိတ်သိရှိလိုပါက CB Bank contact center ဖုန်း (၀၁) ၂၃၁၇၇၇၀ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

 

Myanmar Logistics Guide

 

 

Read times
Rate this item
(0 votes)