Local Industry

ပြည်တွင်း စက်သုံးဆီဈေး မြင့်တက်

ပြည်တွင်း စက်သုံးဆီဈေး မြင့်တက် google

ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများသည် သုံးရက်အတွင်း တစ်လီတာလျှင် ကျပ် ၃၀ (တစ်ဂါလန် ၁၃၅ ကျပ်)စီ မြင့်တက်ခဲ့ပါတယ်။စက်သုံးဆီဈေးသည် နိုဝင်ဘာ ၂၁ ရက်အထိ တည်ငြိမ်နေသော်လည်း ၂၂ ရက်ကစ၍ ဆက်တိုက်မြင့်တက်ခြင်း ဖြစ်ပါတယ်။

 

(နိုဝင်ဘာ ၂၄ ရက်)တွင် ရန်ကုန်အထိုင်စက်သုံးဆီ အရောင်းဆိုင်အများစု၏ ရောင်းဈေးသည် ဒီဇယ်တစ်လီတာလျှင် ကျပ် ၉၇၀၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ကျပ် ၉၈၀၊ အောက်တိန်း-92 တစ်လီတာလျှင် ကျပ် ၈၉၀ နှင့် အောက်တိန်း - 95 တစ်လီတာလျှင် ကျပ် ၉၉၀ နှုန်းရှိခဲ့ပါတယ်။

 

အဆိုပါ ဈေးနှုန်းသည် စက်သုံးဆီ အမျိုးအစားတစ်ခုချင်းအလိုက် နိုဝင်ဘာ ၂၁ ရက် ပေါက်ဈေးထက် တစ်လီတာလျှင်ကျပ် ၃၀ နှုန်းမြင့်တက်ခြင်း ဖြစ်ပါတယ်။ ထိုသို့ ရက်ပိုင်းအတွင်း စက်သုံးဆီတစ်လီတာ ကျပ် ၃၀ နှုန်းမြင့်တက်ခြင်းသည် ယခုနှစ်အတွင်း မြင့်တက်မှု အမြန်ဆုံးနှုန်းထားဖြစ်ကြောင်း ယင်းဈေးကွက်ကျွမ်းကျင်သူများက ဆိုခဲ့ပါတယ်။

 

‘‘အရင်က ဈေးတက်လည်း ဖြည်းဖြည်းချင်းတက်တာ။ အခုက ခုန်တက်သလို ဖြစ်သွားတယ်။ ဒီအရှိန်နှုန်းအတိုင်း ဆက်တက်နေရင်တော့ ဈေးကွက်မှာ ရိုက်ခတ်မှုရှိလာနိုင်တယ်’’ဟု စက်သုံးဆီဈေးကွက် ကျွမ်းကျင်သူ ဦးတင်စိုးက ပြောခဲ့ပါတယ်။

 

ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း မြင့်တက်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး လိုက်ပါမြင့်တက်ခြင်းဖြစ်သည်ဟု စက်သုံးဆီအရောင်းဆိုင် အချို့က ဆိုခဲ့ကြပါတယ်။ကမ္ဘာ့ရေနံစိမ်းဈေးသည် နို ဝင်ဘာ ၂၄ ရက်က တစ်စည်လျှင် ၅၉ ဒေါ်လာခန့်ရှိပြီး သုံးရက်အတွင်း နှစ်ဒေါ်လာကျော် မြင့်တက်ခဲ့ကြောင်း ဈေးကွက်သတင်းများအရ သိခဲ့ရပါတယ်။

 

Source : 7 Day Daily

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)