Local Industry

မော်တော်ယာဉ်နှင့် ပတ်သက်သော သတင်းအချက်အလက်များအတွက် ဒေတာဘဏ်တစ်ခု လုပ်ဆောင်မည်

မော်တော်ယာဉ်နှင့် ပတ်သက်သော သတင်းအချက်အလက်များအတွက် ဒေတာဘဏ်တစ်ခု လုပ်ဆောင်မည် google

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် အပိုပစ္စည်း လုပ်ငန်းရှင်များအသင်းမှ ပြည်သူများနှင့် အသင်းသား၊ အသင်းသူများ သတင်းအချက်အလက် ဖလှယ်နိုင်ရန် ရည်ရွယ်၍ ဒေတာဘဏ်တစ်ခု လုပ်ဆောင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် အပိုပစ္စည်း လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသန်းထိုက်လွင်၏ ပြောဆိုချက်အရ သိရပါတယ်။

 

“သတင်းအချက်အလက်က နှစ်မျိုးရှိတယ်။ ပြည်သူတွေကို ချပြတဲ့ သတင်းအချက်အလက်နဲ့ ကိုယ့်အသင်းသားတွေ သိဖို့လိုအပ်တဲ့ သတင်းအချက်အလက် တွေအတွက် ဒေတာဘဏ်တစ်ခု လုပ်ဆောင်ဖို့ အစီအစဉ်ရှိပါတယ်။ အဲဒီ ဘဏ်ထဲမှာ ရသမျှ သတင်းအချက်အလက် အားလုံးထည့်ထားမယ်။ ဒေတာဘဏ်ဆိုတာ အားလုံး ပူးပေါင်းပြီးမှ ရလာတဲ့ သတင်းအချက်အလက်တွေကို ပေါင်းထားတဲ့ အချက်အလက် ဘဏ်ကြီးဖြစ်ပါတယ်” ဟု ဦးသန်းထိုက်လွင် ကပြောပါတယ်။

 

အဆိုပါ ဒေတာဘဏ်ကို ၂၀၂၀ ပြည့်နှစ် နှစ်လယ်ပိုင်းတွင် ပြီးစီးရန် စီစဉ်ထားပြီး လက်ရှိတွင် Facebook နှင့် Website ရှိကာ နည်းပညာ ဒေတာများကို အများပြည်သူ သိရှိနိုင်စေရန် မျှဝေပေးထားကြောင်း သိရသည်။ “ဒေတာဘဏ်က အသင်းဝင်တွေကို ပြောင်းလဲမှုနဲ့ ပွင့်လင်းမြင်သာမှုကို ပြချင်တာပါ။ အသင်းတစ်ခု ဖွဲ့စည်းလိုက်ပြီဆိုရင် အသင်းသား၊ အသင်းသူတွေအတွက် အကျိုးကျေးဇူး ရှိသင့်ပါတယ်။ ဒီအတွက် ဒေတာဘဏ်တစ်ခု လုပ်ဆောင်နိုင်ဖို့ စီစဉ်နေတာဖြစ်ပါတယ်” ဟု ဦးသန်းထိုက်လွင် ကပြောပါတယ်။

 

Source : myawady

 

Myanmar Logistics Guide

 

 

 

 

Read times
Rate this item
(0 votes)