Local Industry

မြန်မာနိုင်ငံသို့လာရောက်ရင်းနှီးမြှုပ်နှံရန် ပြင်သစ်ကုမ္ပဏီများကို ဖိတ်ခေါ်

မြန်မာနိုင်ငံသို့လာရောက်ရင်းနှီးမြှုပ်နှံရန် ပြင်သစ်ကုမ္ပဏီများကို ဖိတ်ခေါ် google

ပြင်သစ်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်ဆံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Mouvement des Enterprises de France (MEDEF)၌ ကျင်းပသည့် ပြင်သစ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲတွင် ဖိတ်ခေါ်ခဲ့သည်။

 

မြန်မာနိုင်ငံသည် တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကိုဖိတ်ခေါ်လျက်ရှိရာ ပြင်သစ်ကုမ္ပဏီများ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ် လိုကြောင်း၊ မြန်မာနှင့် ပြင်သစ်နိုင်ငံတို့အကြား လျှပ်စစ်၊ စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ရေအရင်းအမြစ် နှင့် ပတ်ဝန်းကျင်သစ်တောစီမံခန့်ခွဲရေးကဏ္ဍတို့၌ ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးခဲ့သည်။

 

ထို့အပြင် ပြည်ထောင်စုဝန်ကြီးသည် ပြင်သစ်နိုင်ငံ ဝန်ကြီး ချုပ်ဟောင်း Prospective and InnoVa-tion Foundation ဥက္ကဋ္ဌ H.E Mr.Jean Pierre Raffarin ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Jean Y ves Le Drian၊ ဝန်ကြီးချုပ်၏ အကြံပေးဖြစ်သူMr. Bertrand Lortholary ၊ Business France မှ ညွှန်ကြားရေးမှူးချုပ် French Deveploment Agency (AFD)မှ ဒါရိုက်တာ၊ Total ရေနံကုမ္ပဏီ၏ Exploration-Production Division ဌာန အထွေထွေမန်နေဂျာနှင့် Electricite de France (EDF) ဒုတိယဥက္ကဋ္ဌတို့နှင့်လည်းတွေ့ဆုံခဲ့ပြီး ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေး၊ နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင် ရွက်မှုကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

 

မြန်မာနိုင်ငံတွင် ပြင်သစ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အနေဖြင့် ၂၀၁၅--–၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ သန်း ၅၄၀ ကျော်ရှိခဲ့ပြီး ကုန်သွယ်မှုတန်ဖိုး မှာမူ အမေရိကန်ဒေါ်လာသန်း ၁၀ဝ ဝန်းကျင်သာရှိနေ သေးကြောင်း သိရသည်။မြန်မာနိုင်ငံမှ ထွက်ကုန်များ ပြင်သစ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေးနှင့် ပြင်သစ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု များနှင့် ခေတ်မီနည်းပညာများ မြန်မာနိုင်ငံသို့ ကူညီ ထောက်ပံ့နိုင်ရေးတို့အတွက် နှစ်နိုင်ငံ ပူးပေါင်းလုပ် ဆောင်ရန် သဘောတူညီမှုများလည်း ရရှိခဲ့သည်။

 

Source : Myanmar Time

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)