Local Industry

ကျဆင်းလာသော ရေနံဈေး

ကျဆင်းလာသော ရေနံဈေး google

သွင်းကုန်အခွန်များဖယ်ရှားရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား ဆွေးနွေးမှုများ တိုးတက်လာမှု နည်းပါးနေသည့်အတွက် ဈေးကွက်အတွင်း စိုးရမ်မှုများပေါ်ပေါက်နေသောကြောင့် အမေရိကန်‌ ရေနံဈေး နှစ်ရက်ဆက်တိုက် ဈေးကျသွားခဲ့ပါတယ်။West Texas Intermediate (WTI)‌ ရေနံဈေးသည့် တစ်စည်လျှင် အမေရိကန်ဒေါ်လာသို့ ကျသွားခဲ့ရာ ရာခိုင်နှုန်းအားဖြင့် သုည ဒသမ ၁၈ ရာခိုင်နှုန်း ကျသွားခဲ့ပါတယ်။

 

ကြိုပွိုင့်ရေနံဈေးများမှာလည်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၂ဒသမ၃၂ ဒေါ်လာသို့ ကျသွားသဖြင့် ရာခိုင်နှုန်းအားဖြင့် သုည ဒသမ ၁၉ ရာခိုင်နှုန်း ကျသွားခဲ့ပါတယ်။

 

သွင်းကုန်အခွန်များ ဖယ်ရှားရေးနှင့်ပတ်သက်၍ သဘောတူညီချက် တစ်စုံတစ်ရာမရှိကြောင်း အမေရိကန် သမ္မတ Donald Trump ၏ မှတ်ချက်နှင့်ပတ်သက်၍ တရုတ်ဘက်မှ အရာရှိများတွင် ပြဿနာရှိသောကြောင့် ကုန်သွယ်ရေး သဘောတူညီချက်၏ အလားအလာနှင့်ပတ်သက်၍ တရုတ်နိုင်ငံဘက်က စိုးရိမ်နေကြောင်း တရုတ်သတင်းရင်းမြစ်တစ်ဦးက ဆိုခဲ့ပါတယ်။

 

“တရုတ်နိုင်ငံဘက်က သဘောက သိပ်အကောင်းမမြင်ဘူးဆိုတဲ့ သတင်းတွေ ကျွန်တော် ကြားရတယ်။ ကြေညာချက် တစ်စုံတစ်ရာ မထုတ်ပြန်တာကလည်း ဝယ်လိုအား အလားအလာအတွက် စိုးရိမ်စရာဖြစ်နေတယ်။ ဈေးကွက်မှာလည်း ကုန်သွယ်ရေးဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြတာရှိတယ်’’ဟု CMC Markets မှ ဈေးကွက်မဟာဗျူဟာ အကြီးအကဲ Michael McCarthy က ဆိုပါတယ်။

 

ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံကြီးနှစ်ခုအကြား အပြန်အလှန် သွင်းကုန်အခွန်များ ချမှတ်နေမှုသည် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအလားအလာကို ထိခိုက်ခဲ့ပြီး ရေနံကြိုပွိုင့် ဝယ်လိုအားနဲ့ပတ်သက်ပြီး အလားအလာကောင်းများ ကျဆင်းနေခဲ့ပါတယ်။

 

Source: Myanmar Business Today

 

 Myanmar Logistics Guide

Read times
Rate this item
(1 Vote)