Local Industry

ဘဏ္ဍာနှစ်သစ် ပထမဆုံးလတွင် အခွန်ဝင်ငွေ ကျပ်ဘီလီယံ ၅၄၀ ကျော် ရရှိ

ဘဏ္ဍာနှစ်သစ် ပထမဆုံးလတွင် အခွန်ဝင်ငွေ ကျပ်ဘီလီယံ ၅၄၀ ကျော် ရရှိ google

အစိုးရက အသုံးစရိတ်တိုးမြှင့်သုံးစွဲရန် လျာထားသည့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်ပထမဆုံးလတွင် အခွန်ဝင်ငွေ ကျပ် ၅၄၃ဘီလီယံကျော် ကောက်ခံရရှိ ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက သတင်းထုတ်ပြန်ထားခဲ့ပါတယ်။ဝင်ငွေခွန် ကျပ် ၂၈၈ ဘီလီယံကျော်၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၁၀၇ ဘီလီယံကျော်၊ အထူးကုန်စည်ခွန် ကျပ် ၁၂၉ ဘီလီယံကျော်၊ ရတနာခွန်ကျပ် ၃၅၉သန်း၊ တံဆိပ်ခေါင်းခွန် ကျပ်ငါး ဘီလီယံကျော်နှင့် အောင်ဘာလေသိန်းဆုခွန် ကျပ် ၁၂ ဘီလီယံကျော်ကို အောက်တိုဘာ တစ်လအတွင်း ကောက်ခံရရှိကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားခဲ့ပါတယ်။

 

၂၀၁၉-၂၀ ဘဏ္ဍာနှစ် အစိုးရဘတ်ဂျက်တွင် အခွန်ကောက်ခံမှုမှ ဝင်ငွေစုစုပေါင်း ကျပ် ဘီလီယံ၇,၈၀၀ ကျော် ရရှိမည်ဟု လျာထားခဲ့ပြီး ဟန်းဆက်များမှ အခွန်ကောက်ခံမှု တိုးမြင့်လာနိုင်ခြင်း၊ အခွန်ဖြေလျှော့မှု၊ စီးကရက်၊အရက်အခွန်များ တိုးမြှင့်ထားခြင်းကြောင့် ကောက်ခံရရှိမည့် အခွန်ငွေပမာဏကို လွှတ်တော်က တိုးမြှင့်လျာထားခဲ့ပါတယ်။

 

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ဘဏ္ဍာရေးမူဝါဒ စစ်တမ်းတွင် အစိုးရ၏ ဝင်ငွေပိုင်း၌ အခွန်အကောက်မှ ရနိုင်မည့် ပမာဏကို ၃၁ ဒသမ ၆ ရာခိုင်နှုန်းရရှိမည်ဟု ခန့်မှန်းထားသည်။ ၂၀၁၉-၂၀ ဘဏ္ဍာနှစ် အစိုးရဘတ်ဂျက်တွင် ဝင်ငွေကျပ် ဘီလီယံ ၂၆,၀၀၀ ကျော် ရရှိမည်ဟု လျာထားခဲ့ပါတယ်။လက်ရှိ ဘဏ္ဍာနှစ်စတွင်ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ အခွန်ထမ်းဆောင်မှု လျော့နည်းလေ့ရှိကြောင်း၊ ကုမ္ပဏီအမြတ်ခွန်ကဲ့သို့ အခွန်အမျိုးအစားများက ဘဏ္ဍာနှစ်ကုန်ဆုံးချိန်၌ ထမ်းဆောင်မှုများ လေ့ရှိကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောခဲ့ပါတယ်။

 

ထို့အပြင် ဝင်ငွေခွန် အမျိုးအစားတွင် ပါဝင်သည့် အိမ်ခြံမြေ အပါအဝင် အခြေပစ္စည်းများ၊ မော်တော်ယာဉ်များ အမည်ပေါက်ပြောင်းလဲရာတွင် ပေးဆောင်ရသော ကျပ်သိန်း ၁,၀၀၀ အောက် အခွန် ၃ ရာခိုင်နှုန်းကလည်း နိုဝင်ဘာမှ စတင်ပေးဆောင်ခွင့်ရကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေအတွင်းရေး မှူး ဦးမျိုးမြင့်က ပြောခဲ့ပါတယ်။

 

Source : 7 Day Daily

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)