Local Industry

ကုန်သွယ်လုပ်ငန်းခွန် ကျပ်ဘီလီယံ ၄၀ အထက် ထမ်းဆောင်သည့်ကုမ္ပဏီ

ကုန်သွယ်လုပ်ငန်းခွန် ကျပ်ဘီလီယံ ၄၀ အထက် ထမ်းဆောင်သည့်ကုမ္ပဏီ google

၂၀၁၈-၁၉ ဘဏ္ဍာနှစ် တွင် ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီ အချို့ အခွန်ထမ်းဆောင်မှုတိုးလာပြီး ကုန်သွယ်လုပ်ငန်းခွန် ကျပ်ဘီလီယံ ၄၀ အထက်ပေးဆောင်သည့် ကုမ္ပဏီ ပေါ်ထွက်လာခဲ့ပါတယ်။၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် အခွန်အကောက်မှ ကျပ် ဘီလီယံ ၇,၅၀၀ ကျော်ရရှိမည်ဟု အစိုးရက နှစ်ဆန်းပိုင်းတွင် ခန့်မှန်းထားပြီး အခွန်အကောက်မှ ဝင်ငွေကို အစိုးရဘတ်ဂျက်ရငွေတွင် ၃၅ ရာခိုင်နှုန်းကျော်အထိရရှိရန် မျှော်မှန်းထားသောနှစ်၌ ပြည်တွင်းကုမ္ပဏီအချို့က အခွန်ပမာဏများစွာ တိုးမြှင့်ထမ်းဆောင်လာခြင်းဖြစ်ပါတယ်။

 

၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် ပြည်တွင်းသို့ စက်သုံးဆီ တင်သွင်းပြီး ဖြန့်ဖြူးရောင်းချနေသော Denko Trading ကုမ္ပဏီက ကုန်သွယ်လုပ်ငန်းခွန် ကျပ်ဘီလီယံ ၄၀ အထက်ဖြင့် အများဆုံး ထမ်းဆောင်ခဲ့ပြီး Kyaw San ကုမ္ပဏီနှင့် PT Power Trading ကုမ္ပဏီတို့က ကျပ်ဘီလီယံ ၃၀ အထက် အခွန်ထမ်းဆောင်ခဲ့ပါတယ်။၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် Denko Trading ကုမ္ပဏီက ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၂၀ ဘီလီယံအထက် ထမ်းဆောင်ပြီး PT Power Trading ကုမ္ပဏီအပါ အဝင် ကုမ္ပဏီလေးခုက ကျပ် ၂၀ဘီလီယံအောက် အခွန်ထမ်း ဆောင်ခဲ့ပါတယ်။ကုမ္ပဏီတစ်ခုချင်းစီ၏ အခွန်ထမ်းဆောင်မှု တိုးလာခြင်းသည် သက်ဆိုင်ရာကုမ္ပဏီ၏ လုပ်ငန်းများ အောင်မြင်သည့် အခြေအနေကိုလည်း ဖော်ပြကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောခဲ့ပါတယ်။

 

ထို့အပြင် အခွန်ထမ်းကြီး များဆိုင်ရာ၊ အလယ်အလတ်အ ခွန်ထမ်းများဆိုင်ရာ အခွန်ရုံးများ ခွဲခြားဖွင့်လှစ်ပြီး အခွန်ထမ်းကိုယ်တိုင် တွက်ချက်၍ အခွန်ထမ်း ဆောင်ရသောစနစ်ကို နှစ်သက် ခြင်းကြောင့် ကုမ္ပဏီတစ်ခုချင်းစီ အခွန်တိုးမြှင့်ထမ်းဆောင်လာ ခြင်းဖြစ်နိုင်ကြောင်း စီးပွားရေး ပညာရှင် ဦးဇော်ဖေဝင်းက ၎င်း၏ အမြင်ကို ပြောပြချက်အရ သိရပါတယ်။‘‘ဒီနှစ်မှာ အရင်က မဆောင် ထားသူတွေ သက်သာခွင့်နဲ့ ဆောင်ခွင့်ပေးထားတော့ အခွန် ပိုတိုးရလာနိုင်တယ်’’ဟု ဦးဇော် ဖေဝင်းက ပြောပြခဲ့ပြီး ယခု ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင်ဝင်ငွေရလမ်းမဖော်ပြနိုင်သော ငွေများဖြင့် အိမ်၊ မြေ၊ ကားများဝယ်ယူရာတရားဝင်အမည်ပေါက် ပြောင်းလဲရာတွင် ပေးဆောင်ရ မည့် ဝင်ငွေခွန်ကိုလည်း သက် သာခွင့်ပြုထားခဲ့ပါတယ်။

 

၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ဝင်ငွေခွန်အများဆုံး ထမ်းဆောင် သည့် ပြည်တွင်းကုမ္ပဏီများ၌ Europe & Asia Commerical ကုမ္ပဏီနှင့် Myanma EconomicHoldings အများပိုင်ကုမ္ပဏီ (မြန်မာ့စီးပွားရေးဦးပိုင် အများပိုင် ကုမ္ပဏီ)တို့ ကျပ် ၂၀ ဘီလီယံ အထက်ဖြင့် အများဆုံးအခွန် ထမ်း ဆောင်ထားခဲ့ပါတယ်။၂၀၁၇-၁၈ ဘဏ္ဍာနှစ်က ဝင်ငွေခွန်ကို ကမ္ဘောဇဘဏ်လီမိ တက်က ကျပ် ၂၀ ဘီလီယံအ ထက် ထမ်းဆောင်ခဲ့ပြီး မြဝတီ ဘဏ်နှင့် ဦးပိုင်ကုမ္ပဏီတို့က ကျပ် ၂၀ ဘီလီယံအောက် ထမ်း ဆောင်ထားခဲ့ပါတယ်။

 

ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီ များသာမက မြန်မာနိုင်ငံတွင် အ ခွန်ထမ်းဆောင်နေသော နိုင်ငံခြားကုမ္ပဏီများလည်းရှိသည်။ မြန်မာ နိုင်ငံတွင် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ၌ ဝင်ငွေခွန် ကျပ် ဘီလီယံ ၁၀၀ အထက် အများဆုံးထမ်းဆောင်သော နိုင်ငံခြားကုမ္ပဏီစာရင်းတွင် Moattama Gas Transportation ကုမ္ပဏီပါဝင်ပြီး တယ်လီနော ကုမ္ပဏီကကျပ် ဘီလီယံ ၈၀ အထက် အခွန်ထမ်းဆောင်ထားခဲ့ပါတယ်။ မြန်မာနိုင်ငံတွင် ကုမ္ပဏီခွဲ ဖွင့်လှစ်ထားသော တနင်္သာရီပိုက် လိုင်းကုမ္ပဏီက ကျပ်ဘီလီယံ ၅၀အထက်ဝင်ငွေခွန်ထမ်းဆောင်ထား ပြီး မြန်မာယန်စီကော့ပါးကုမ္ပဏီ က ကျပ်ဘီလီယံ ၄၀ အထက် အခွန်ထမ်းဆောင်ထားခဲ့ပါတယ်။

 

ကုန်သွယ်လုပ်ငန်းခွန်ကို တယ်လီနောကုမ္ပဏီက ကျပ် ဘီလီယံ ၅၀ အထက်ဖြင့် အများဆုံးထမ်းဆောင်ထားပြီး အူရီးဒူးကုမ္ပဏီ အပါအဝင် ကုမ္ပဏီလေးခုက ကျပ် ဘီလီယံ ၅၀ အောက် ထမ်းဆောင်ထားခဲ့ပါတယ်။

 

>>>Zawgyi<<<

 

ကုန္သြယ္လုပ္ငန္းခြန္ က်ပ္ဘီလီယံ ၄၀ အထက္ ထမ္းေဆာင္သည့္ကုမၸဏီ

 

၂၀၁၈-၁၉ ဘ႑ာႏွစ္ တြင္ ျပည္တြင္းပုဂၢလိကကုမၸဏီ အခ်ိဳ႕ အခြန္ထမ္းေဆာင္မႈတိုးလာၿပီး ကုန္သြယ္လုပ္ငန္းခြန္ က်ပ္ဘီလီယံ ၄၀ အထက္ေပးေဆာင္သည့္ ကုမၸဏီ ေပၚထြက္လာခဲ့ပါတယ္။၂၀၁၈-၁၉ ဘ႑ာႏွစ္တြင္ အခြန္အေကာက္မွ က်ပ္ ဘီလီယံ ၇,၅၀၀ ေက်ာ္ရရွိမည္ဟု အစိုးရက ႏွစ္ဆန္းပိုင္းတြင္ ခန႔္မွန္းထားျပီး အခြန္အေကာက္မွ ဝင္ေငြကို အစိုးရဘတ္ဂ်က္ရေငြတြင္ ၃၅ ရာခိုင္ႏႈန္းေက်ာ္အထိရရွိရန္ ေမွ်ာ္မွန္းထားေသာႏွစ္၌ ျပည္တြင္းကုမၸဏီအခ်ိဳ႕က အခြန္ပမာဏမ်ားစြာ တိုးျမႇင့္ထမ္းေဆာင္လာျခင္းျဖစ္ပါတယ္။

 

၂၀၁၈-၁၉ ဘ႑ာႏွစ္အတြက္ ျပည္တြင္းသို႔ စက္သုံးဆီ တင္သြင္းၿပီး ျဖန႔္ျဖဴးေရာင္းခ်ေနေသာ Denko Trading ကုမၸဏီက ကုန္သြယ္လုပ္ငန္းခြန္ က်ပ္ဘီလီယံ ၄၀ အထက္ျဖင့္ အမ်ားဆုံး ထမ္းေဆာင္ခဲ့ၿပီး Kyaw San ကုမၸဏီႏွင့္ PT Power Trading ကုမၸဏီတို႔က က်ပ္ဘီလီယံ ၃၀ အထက္ အခြန္ထမ္းေဆာင္ခဲ့ပါတယ္။၂၀၁၇-၁၈ ဘ႑ာႏွစ္တြင္ Denko Trading ကုမၸဏီက ကုန္သြယ္လုပ္ငန္းခြန္ က်ပ္ ၂၀ ဘီလီယံအထက္ ထမ္းေဆာင္ၿပီး PT Power Trading ကုမၸဏီအပါ အဝင္ ကုမၸဏီေလးခုက က်ပ္ ၂၀ဘီလီယံေအာက္ အခြန္ထမ္း ေဆာင္ခဲ့ပါတယ္။ကုမၸဏီတစ္ခုခ်င္းစီ၏ အခြန္ထမ္းေဆာင္မႈ တိုးလာျခင္းသည္ သက္ဆိုင္ရာကုမၸဏီ၏ လုပ္ငန္းမ်ား ေအာင္ျမင္သည့္ အေျခအေနကိုလည္း ေဖာ္ျပေၾကာင္း စီးပြားေရးလုပ္ငန္းရွင္ အခ်ိဳ႕က ေျပာခဲ့ပါတယ္။

 

ထို႔အျပင္ အခြန္ထမ္းႀကီး မ်ားဆိုင္ရာ၊ အလယ္အလတ္အ ခြန္ထမ္းမ်ားဆိုင္ရာ အခြန္႐ုံးမ်ား ခြဲျခားဖြင့္လွစ္ၿပီး အခြန္ထမ္းကိုယ္တိုင္ တြက္ခ်က္၍ အခြန္ထမ္း ေဆာင္ရေသာစနစ္ကို ႏွစ္သက္ ျခင္းေၾကာင့္ ကုမၸဏီတစ္ခုခ်င္းစီ အခြန္တိုးျမႇင့္ထမ္းေဆာင္လာ ျခင္းျဖစ္ႏိုင္ေၾကာင္း စီးပြားေရး ပညာရွင္ ဦးေဇာ္ေဖဝင္းက ၎၏ အျမင္ကို ေျပာျပခ်က္အရ သိရပါတယ္။‘‘ဒီႏွစ္မွာ အရင္က မေဆာင္ ထားသူေတြ သက္သာခြင့္နဲ႔ ေဆာင္ခြင့္ေပးထားေတာ့ အခြန္ ပိုတိုးရလာႏိုင္တယ္’’ဟု ဦးေဇာ္ ေဖဝင္းက ေျပာျပခဲ့ျပီး ယခု ၂၀၁၉-၂၀ ဘ႑ာႏွစ္တြင္ဝင္ေငြရလမ္းမေဖာ္ျပႏိုင္ေသာ ေငြမ်ားျဖင့္ အိမ္၊ ေျမ၊ ကားမ်ားဝယ္ယူရာတရားဝင္အမည္ေပါက္ ေျပာင္းလဲရာတြင္ ေပးေဆာင္ရ မည့္ ဝင္ေငြခြန္ကိုလည္း သက္ သာခြင့္ျပဳထားခဲ့ပါတယ္။

 

၂၀၁၈-၁၉ ဘ႑ာႏွစ္တြင္ ဝင္ေငြခြန္အမ်ားဆုံး ထမ္းေဆာင္ သည့္ ျပည္တြင္းကုမၸဏီမ်ား၌ Europe & Asia Commerical ကုမၸဏီႏွင့္ Myanma EconomicHoldings အမ်ားပိုင္ကုမၸဏီ (ျမန္မာ့စီးပြားေရးဦးပိုင္ အမ်ားပိုင္ ကုမၸဏီ)တို႔ က်ပ္ ၂၀ ဘီလီယံ အထက္ျဖင့္ အမ်ားဆုံးအခြန္ ထမ္း ေဆာင္ထားခဲ့ပါတယ္။၂၀၁၇-၁၈ ဘ႑ာႏွစ္က ဝင္ေငြခြန္ကို ကေမာၻဇဘဏ္လီမိ တက္က က်ပ္ ၂၀ ဘီလီယံအ ထက္ ထမ္းေဆာင္ခဲ့ၿပီး ျမဝတီ ဘဏ္ႏွင့္ ဦးပိုင္ကုမၸဏီတို႔က က်ပ္ ၂၀ ဘီလီယံေအာက္ ထမ္း ေဆာင္ထားခဲ့ပါတယ္။

 

ျပည္တြင္းပုဂၢလိက ကုမၸဏီ မ်ားသာမက ျမန္မာႏိုင္ငံတြင္ အ ခြန္ထမ္းေဆာင္ေနေသာ ႏိုင္ငံျခားကုမၸဏီမ်ားလည္းရွိသည္။ ျမန္မာ ႏိုင္ငံတြင္ ၂၀၁၈-၁၉ ဘ႑ာႏွစ္ ၌ ဝင္ေငြခြန္ က်ပ္ ဘီလီယံ ၁၀၀ အထက္ အမ်ားဆုံးထမ္းေဆာင္ေသာ ႏိုင္ငံျခားကုမၸဏီစာရင္းတြင္ Moattama Gas Transportation ကုမၸဏီပါဝင္ၿပီး တယ္လီေနာ ကုမၸဏီကက်ပ္ ဘီလီယံ ၈၀ အထက္ အခြန္ထမ္းေဆာင္ထားခဲ့ပါတယ္။ ျမန္မာႏိုင္ငံတြင္ ကုမၸဏီခြဲ ဖြင့္လွစ္ထားေသာ တနသၤာရီပိုက္ လိုင္းကုမၸဏီက က်ပ္ဘီလီယံ ၅၀အထက္ဝင္ေငြခြန္ထမ္းေဆာင္ထား ၿပီး ျမန္မာယန္စီေကာ့ပါးကုမၸဏီ က က်ပ္ဘီလီယံ ၄၀ အထက္ အခြန္ထမ္းေဆာင္ထားခဲ့ပါတယ္။

 

ကုန္သြယ္လုပ္ငန္းခြန္ကို တယ္လီေနာကုမၸဏီက က်ပ္ ဘီလီယံ ၅၀ အထက္ျဖင့္ အမ်ားဆုံးထမ္းေဆာင္ထားၿပီး အူရီးဒူးကုမၸဏီ အပါအဝင္ ကုမၸဏီေလးခုက က်ပ္ ဘီလီယံ ၅၀ ေအာက္ ထမ္းေဆာင္ထားခဲ့ပါတယ္။

 

Source : 7 Day Daily

 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)