Local Industry

တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ရေနံစိမ်းတန်ချိန် (၅) သန်း တင်ပို့ထား

တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ရေနံစိမ်းတန်ချိန် (၅) သန်း တင်ပို့ထား google

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမနှစ်ဝက်အတွင်း တရုတ်နိုင်ငံသို့ တရုတ်-မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှတဆင့်ရေနံစိမ်းတန်ချိန် (၅) သန်းတင်ပို့ခဲ့ပြီး နှစ်စဉ် (၂ ဒသမ ၇) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းအကောက်ခွနှ်ဌာန၏ ပြောကြားချက်အရ သိရပါတယ်။

 

အကောက်ခွန်ကိန်းဂဏန်းများအရ သွင်းကုန်တန်ဖိုးမှာ ယွမ် (၁၇.၂၇) ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၅၁ ဘီလီယံ) ရှိခဲ့ပြီး တစ်နှစ်လျှင် (၉.၂) ရာခိုင်နှုန်း မြင့်တက်ကာ ပျမ်းမျှတင်သွင်းမှု တန်ချိန် (၃၄၉၉.၂) ယွမ် တစ်နှစ် (၆.၄) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါတယ်။

 

တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့တင်သွင်းမှုမှာ တန်ချိန် (၁.၆၈) သန်း (ကုဗမီတာ ၂.၅ ဘီလီယံ) ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် (၂.၃) ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

 

စုစုပေါင်းတန်ဖိုးအားဖြင့် ယွမ် (၅.၈၉) ဘီလီယံရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် (၁၁.၇) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါတယ်။ ပျမ်းမျှသွင်းကုန်ဈေးမှာ တစ်တန်ကို (၃၄၉၉.၂) ယွမ်ရှိခဲ့ပြီး တစ်နှစ် (၁၄.၄) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါတယ်။

 

၂၀၁၇ ခုနှစ်ကစပြီး ကီလိုမီတာ (၁၂၂) ရှိတဲ့ တရုတ်-မြန်မာရေနံပိုက်လိုင်းမှတဆင့် ရေနံစိမ်းများ တရုတ်နိုင်ငံထဲသို့ စတင်ဝင်ရောက်ခဲ့ကာ ၂၀၁၃ ခုနှစ် ဇူလိုင်လမှာ ၎င်းသဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်လည်ပတ်ခဲ့ပါတယ်။

 

တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း၏ ဌာနခွဲ Dehong ရေနံနှင့် သဘာဝဓာတ်ငွေ့သယ်ယူပို့ဆောင်ရေးဌာန၏ အဆိုအရ တရုတ်နိုင်ငံအနေနဲ့ ရေနံစိမ်းတန်ချိန် (၁၉) သန်းကျော်နှင့် သဘာဝဓာတ်ငွေ့ကုဗမီတာ (၂၀) ဘီလီယံကျော်ကို တရုတ်-မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှတဆင့် တင်သွင်းခဲ့ကြောင်း သိရပါတယ်။

 

Ref : xinhuanet

 

Myanmar Logistics Guide

 

 

 

 
Read times
Rate this item
(0 votes)

Related items