Local Industry

အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲ၏ ကြေညာချက်

အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲ၏ ကြေညာချက် google

MACcs System ကို သုံးစွဲကြသည့် Private User များအနေဖြင့် (၅.၁.၂၀၂၀) ရက်နေ့ နောက်ပိုင်း၌ နောက်ဆက်တွဲ တွင်ဖော်ပြထားသော Error များ ဖြစ်ပေါ်ခဲ့ပါက သွင်းကုန်ထုတ်ကုန်လုပ်ငန်းများဆောင်ရွက်နေသူများသည် မိမိတို့၏ ပသက (အဟောင်း)အမှတ်များကို TIN Number Fomat ဖြင့် ထုတ်ပေးသော ပသက (အသစ်) အမှတ်များသို့ ပြောင်းလဲခြင်းအား ကုန်သွယ်ရေးဦးစီးဌာနသို့ သွားရောက်၍ အမြန်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ထို့သို့ TIN No. သို့ ပြောင်းလဲဆောင်ရွက်ပြီး ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ အကောက်ခွန်ဦးစီးဌာနသို့ အကြောင်းကြားလာသည့်နေ့ နောက်တစ်ရက်တွင်ကြေညာလွှာများကိုဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

 

ထို့အပြင် အကောက်ခွန်ဦးစီးဌာနမှ Data Migration ကို (၄) ကြိမ် ဆောင်ရွက်ပေးမည် ဖြစ်သည့်အတွက် (၃၀.၁၂.၂၀၁၉) ရက်နေ့တွင် အကောက်ခွန်ဦးစီးဌာန၏ Website နှင့် MACCS Facebook စာမျက်နှာတို့တွင် ဖော်ပြထားခဲ့သော ကြေညာချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးကြပါရန် အသိပေးကြေညာအပ်ပါသည်။

 

အဆိုပါကြေညာချက်များတွင်ပါရှိသည့် ပသက အမှတ်မှ TIN No. ပြောင်းလဲမှု လုပ်ငန်းစဉ်များအပေါ်တွင် မရှင်းလင်းသဖြင့် စုံစမ်းမေးမြန်းမှုများ ပြုလုပ်လိုပါက ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၇၊ ၈၊ ၉၊ ) ရက်နေ့များ၌ နေ့စဉ် နံနက် ၀၉:၃၀ ချိန်မှ ၁၁:၀၀ ချိန်ထိ ရန်ကုန်မြို့၊ အကောက်ခွန်ဦးစီးဌာန၊ (ရုံးချုပ်၊အပေါ်ဆုံးထပ်) ဇေယျာသီဟခန်းမတွင် လာရောက်တွေ့ဆုံ မေးမြန်း နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

 

ကျန်ရှိသောနေ့ရက်အချိန်များတွင်လည်း ပုံမှန်အတိုင်း MACCS ဌာနခွဲ၏ Help Desk Section တွင် မေးမြန်းစုံစမ်း နိုင်ပါသည်။

 

Zawgyi ျဖင့္ဖက္ရႈ႕ရန္
>>>>>>>>>>

 

အေကာက္ခြန္ဦးစီးဌာန၊ MACCS ဌာနခြဲ၏ ေၾကညာခ်က္

 

MACcs System ကို သုံးစြဲၾကသည့္ Private User မ်ားအေနျဖင့္ (၅.၁.၂၀၂၀) ရက္ေန႔ ေနာက္ပိုင္း၌ ေနာက္ဆက္တြဲ တြင္ေဖာ္ျပထားေသာ Error မ်ား ျဖစ္ေပၚခဲ့ပါက သြင္းကုန္ထုတ္ကုန္လုပ္ငန္းမ်ားေဆာင္႐ြက္ေနသူမ်ားသည္ မိမိတို႔၏ ပသက (အေဟာင္း)အမွတ္မ်ားကို TIN Number Fomat ျဖင့္ ထုတ္ေပးေသာ ပသက (အသစ္) အမွတ္မ်ားသို႔ ေျပာင္းလဲျခင္းအား ကုန္သြယ္ေရးဦးစီးဌာနသို႔ သြားေရာက္၍ အျမန္ေဆာင္႐ြက္ရမည္ ျဖစ္ပါသည္။ ထို႔သို႔ TIN No. သို႔ ေျပာင္းလဲေဆာင္႐ြက္ၿပီး ေၾကာင္း ကုန္သြယ္ေရးဦးစီးဌာနမွ အေကာက္ခြန္ဦးစီးဌာနသို႔ အေၾကာင္းၾကားလာသည့္ေန႔ ေနာက္တစ္ရက္တြင္ေၾကညာလႊာမ်ားကိုဆက္လက္ေဆာင္႐ြက္ႏိုင္မည္ျဖစ္ပါသည္။

 

ထို႔အျပင္ အေကာက္ခြန္ဦးစီးဌာနမွ Data Migration ကို (၄) ႀကိမ္ ေဆာင္႐ြက္ေပးမည္ ျဖစ္သည့္အတြက္ (၃၀.၁၂.၂၀၁၉) ရက္ေန႔တြင္ အေကာက္ခြန္ဦးစီးဌာန၏ Website ႏွင့္ MACCS Facebook စာမ်က္ႏွာတို႔တြင္ ေဖာ္ျပထားခဲ့ေသာ ေၾကညာခ်က္မ်ားအတိုင္း လိုက္နာေဆာင္႐ြက္ေပးၾကပါရန္ အသိေပးေၾကညာအပ္ပါသည္။

 

အဆိုပါေၾကညာခ်က္မ်ားတြင္ပါရွိသည့္ ပသက အမွတ္မွ TIN No. ေျပာင္းလဲမႈ လုပ္ငန္းစဥ္မ်ားအေပၚတြင္ မရွင္းလင္းသျဖင့္ စုံစမ္းေမးျမန္းမႈမ်ား ျပဳလုပ္လိုပါက ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလ (၇၊ ၈၊ ၉၊ ) ရက္ေန႔မ်ား၌ ေန႔စဥ္ နံနက္ ၀၉:၃၀ ခ်ိန္မွ ၁၁:၀၀ ခ်ိန္ထိ ရန္ကုန္ၿမိဳ႕၊ အေကာက္ခြန္ဦးစီးဌာန၊ (႐ုံးခ်ဳပ္၊အေပၚဆုံးထပ္) ေဇယ်ာသီဟခန္းမတြင္ လာေရာက္ေတြ႕ဆုံ ေမးျမန္း ႏိုင္ပါေၾကာင္း အသိေပးေၾကညာအပ္ပါသည္။

 

က်န္ရွိေသာေန႔ရက္အခ်ိန္မ်ားတြင္လည္း ပုံမွန္အတိုင္း MACCS ဌာနခြဲ၏ Help Desk Section တြင္ ေမးျမန္းစုံစမ္း ႏိုင္ပါသည္။

 

No photo description available.

 

 

No photo description available.

 

 

No photo description available.

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)