Local Industry

လုပ်သက်ရင့်ဝန်ထမ်းကားပါမစ် (အခွန်လွတ်ကားပါမစ်) ဆိုင်းငံ့ဟု သတင်းများထွက်ပေါ်

လုပ်သက်ရင့်ဝန်ထမ်းကားပါမစ် (အခွန်လွတ်ကားပါမစ်) ဆိုင်းငံ့ဟု သတင်းများထွက်ပေါ် google

ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံဝန်ထမ်းများအတွက် မော်တော်ယာဉ်ရောင်းချပေးရေးကိစ္စအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးးဌာနမှ ကြော်ငြာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည့် ညွှန်ကြားရေးမှူးချုပ်နှင့် အထက် အဆင့်ပြည့်သူ့ဝန်ထမ်းနှင့် နိုင်ငံဝန်ထမ်းများအား အခွန်ကင်းလွတ်ခွင့်ဖြင့် မော်တော်ယာဉ်ရောင်းချပေးရေး ကိစ္စနှင့် ပတ်သက်၍ သတင်းများကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လျှက်ရှိသည်။ ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ ကားလောက အတွင်းပြောဆိုမှုများအရ အခွန်လွတ်ကားပါမစ်အတွက် ဆိုင်းငံ့ထားကြောင်း ယနေ့ ၉ ရက်နေ့တွင် တိတိကျကျထုတ် ပြန်ချက်တစ်ခုထွက်လာဖွယ်ရှိကြောင်း ကားလောကကျွမ်းသူများ၏ ဖော်ပြပြောဆိုမှုများအရသိရသည်။ 

 

အဆိုပါအခွန်လွတ်ကားပါမစ်က ဘာတွေကင်းလွတ်ခွင့်ရမယ်လို့ သတင်းထွက်နေတာလဲမြန်မာပြည်တွင် ပြည်ပမှတင်သွင်းလာသောကားအပေါ်ကောက်ခံသည့် အကောက်ခွန်ဂျူတီ၊ ကညနအခွန်အခမှာ ကားအဂ်ျင် ပါဝါမူတည်၍ကားတန်ဘိုး၏ ၁၀၀% မှ ၁၅၀% အထိရှိပါသည်။ ဥပမာ ကားတန်ဘိုး သိန်း ၃၀၀ ဆိုပါက အခွန်အခမှာ သိန်း ၃၀၀-၄၀၀ ကျသင့်ပါသည်။ ယခုပါမစ်သည်အဆိုပါ အခွန်အခသက်သာခွင့်ရရှိပါမည်။



ထို့အပြင် ရန်ကုန်လိုင်စင်အတွက် အိုဟောင်းစလစ် ကပ်စရာမလိုသည့်အတွက် သိန်းတစ်ရာကျော်ထပ်မံသက်သာပါသည်။



အဂ်ျင်ပါဝါ၁၅၀၀ စီစီကျော်ပါကအထူးကုန်စည်ခွန်နှင့် ကုန်သွယ်ခွန်ကိုပေးသွင်းရပါမည်။



ပထမ တစ်နှစ်အတွင်းပိုင်ရှင်အမည် ပြောင်းလဲ၍ မရပါ။



ပထမအဆင့် ညွန်ချုပ်နှင့်အထက် မှာ (၅၀၀) ဝန်းကျင်ခန့်ရှိပါသည်။



ဒုတိယအဆင့် ဝန်ထမ်းအားလုံး လုပ်သက်(၂၅) နှစ်နှင့်အထက်၊ ဝန်ထမ်းစည်းကမ်းဖေါက်ဖျက်ခြင်းမရှိသူ( ပြည်သူ့ဝန်ထမ်းကောင်းလက်မှတ်ရသူ) များမှာ စာရင်း ပြုစုဆဲဖြစ်ပြီး။ အရေအတွက် ထောင်နှင့်ချီပြီးရှိနိုင်ပါသည်။

 

Zawgyi ျဖင့္ဖက္ရႈ႕ရန္
>>>>>>>>>>

 

လုပ္သက္ရင့္၀န္ထမ္းကားပါမစ္ (အခြန္လြတ္ကားပါမစ္) ဆိုင္းငံ့ဟု သတင္းမ်ားထြက္ေပၚ

 

ျပည္သူ႔ဝန္ထမ္းမ်ားႏွင့္ ႏိုင္ငံဝန္ထမ္းမ်ားအတြက္ ေမာ္ေတာ္ယာဥ္ေရာင္းခ်ေပးေရးကိစၥအတြက္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးးဌာနမွ ေၾကာ္ျငာခ်က္တစ္ရပ္ထုတ္ျပန္ခဲ့သည့္ ၫႊန္ၾကားေရးမွဴးခ်ဳပ္ႏွင့္ အထက္ အဆင့္ျပည့္သူ႕၀န္ထမ္းႏွင့္ ႏိုင္ငံ၀န္ထမ္းမ်ားအား အခြန္ကင္းလြတ္ခြင့္ျဖင့္ ေမာ္ေတာ္ယာဥ္ေရာင္းခ်ေပးေရး ကိစၥႏွင့္ ပတ္သက္၍ သတင္းမ်ားက်ယ္က်ယ္ျပန္႔ျပန္႔ထြက္ေပၚလွ်က္ရွိသည္။ ၂၀၂၀ခုႏွစ္ ဇန္နဝါရီလ ၈ ရက္ေန႔ ကားေလာက အတြင္းေျပာဆိုမႈမ်ားအရ အခြန္လြတ္ကားပါမစ္အတြက္ ဆိုင္းငံ့ထားေၾကာင္း ယေန႔ ၉ ရက္ေန႔တြင္ တိတိက်က်ထုတ္ ျပန္ခ်က္တစ္ခုထြက္လာဖြယ္ရွိေၾကာင္း ကားေလာကကၽြမ္းသူမ်ား၏ ေဖာ္ျပေျပာဆိုမႈမ်ားအရသိရသည္။


အဆိုပါအခြန္လြတ္ကားပါမစ္က ဘာေတြကင္းလြတ္ခြင့္ရမယ္လို႔ သတင္းထြက္ေနတာလဲျမန္မာျပည္တြင္ ျပည္ပမွတင္သြင္းလာေသာကားအေပၚေကာက္ခံသည့္ အေကာက္ခြန္ဂ်ဴတီ၊ ကညနအခြန္အခမွာ ကားအဂ္်င္ ပါဝါမူတည္၍ကားတန္ဘိုး၏ ၁၀၀% မွ ၁၅၀% အထိရွိပါသည္။ ဥပမာ ကားတန္ဘိုး သိန္း ၃၀၀ ဆိုပါက အခြန္အခမွာ သိန္း ၃၀၀-၄၀၀ က်သင့္ပါသည္။ ယခုပါမစ္သည္အဆိုပါ အခြန္အခသက္သာခြင့္ရရွိပါမည္။



ထို႔အျပင္ ရန္ကုန္လိုင္စင္အတြက္ အိုေဟာင္းစလစ္ ကပ္စရာမလိုသည့္အတြက္ သိန္းတစ္ရာေက်ာ္ထပ္မံသက္သာပါသည္။

 


Myanmar 
Logistics Guide

Read times
Rate this item
(0 votes)