Local Industry

အရောင်းအဝယ်အေးပြီး ဈေးကွက်အခြေအနေ စောင့်ကြည့်နေသည့် ရန်ကုန်ကားဈေးကွက်

အရောင်းအဝယ်အေးပြီး ဈေးကွက်အခြေအနေ စောင့်ကြည့်နေသည့် ရန်ကုန်ကားဈေးကွက် google

နှစ်ဆန်းပိုင်းကာလတွင် ပိတ်ရက်များ ဆက်တိုက်ရရှိခဲ့သဖြင့် ကားအရောင်းစင်တာများနှင့် ကား ပွဲစားတန်းများတွင် ခရီးသွားများသဖြင့် လာရောက်မေးမြန်းသူ၊ ဈေးစုံစမ်းသူများ ကျဲပါးနေပြီး ကား အဝင်အထွက်လည်း မရှိသလောက်ဖြစ် နေကြောင်း၊ အကြမ်းဖျင်းအားဖြင့် ကားဈေးကွက်တစ်ခုလုံး အေးနေကြောင်း သိရသည်။ ရန်ကုန်ကားဈေးကွက်၏ ၂၀၂၀ ယာဉ်တင်သွင်းရေး မူဝါဒများအရ ရောက်ရှိခုနှစ်ထိ လေးနှစ်အကွာ ၂၀၁၇ ခုနှစ် ထုတ်ဘယ်မောင်းယာဉ်များသာ တင်သွင်းခွင့်ပြုသဖြင့် ယခင် မူဝါဒအတိုင်းသာဖြစ်ပြီး ပြည်တွင်းတပ်ဆင် အက်စ်ကေဒီ ကားများနှင့် မူလလက်ဟောင်း ဂျပန်ညာမောင်းယာဉ်များမှာ ယခင်က ဈေးကွက်ဝေစု ထက်ဝက်စီရှိရာမှ ယခုအခါ အဆိုပါ မူဝါဒများအရ အက်စ်ကေဒီကားများ ပိုမို အားသာလာပြီး ဈေးကွက်ဝေစု ပိုမိုရရှိလာကြောင်း တွေ့ရှိရသည်။

 

လက်ရှိဈေးကွက်တွင်းရှိ ဂျပန်ညာမောင်းကားများ အနေဖြင့်၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှစ၍ အမည်ပြောင်း အခွန်ဆောင်စနစ်အရ အကျုံးဝင်လာသဖြင့် ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်း နောက်ဆုံးရက် များတွင် အချိန်အခါမီ လိုင်စင် သက်တမ်းတိုးမှုများ များပြားလာသဖြင့် ညအိပ်စောင့်ရသည့် အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း၊ ထိုသို့အချိန်မီလိုင်စင် သက်တမ်းတိုးရခြင်းမှာလည်း ဝယ်ရောင်း ကားများမှာ အမည်မပြောင်းလဲလို၍ဖြစ်ကြောင်း၊ လက်ရှိအမည်ပေါက်ဖြင့်သာ လိုင်စင်သက်တမ်းတိုးပြီး ဈေးကွက်တွင်း ဝင်ရောက်မှသာ အရောင်းအဝယ်ပိုမိုမြန်ဆန်သဖြင့် ယခုကဲ့သို့ ၂၀၁၉ ၏ ရှိရင်း စွဲလိုင်စင်သက်တမ်းတိုးမူဝါဒအမီ ဝင်ရောက်ကြခြင်းဖြစ်ကြောင်း ဝါရင့်ယာဉ်ဝယ်ရောင်း အကျိုးဆောင် ကိုမြင့်ကျော်က ပြော သည်။

 

ဆက်လက်၍ အက်စ်ကေဒီကားများမှာ ဘရန်းမျိုးစုံ ဝင်ရောက်လာပြီး ရန်ကုန်လိုင်စင်ရရှိသည့် အချက်အပါအဝင် အားသာသောအချက်များကြောင့် စီးနင်းသူ၊ ကြိုတင်မှာယူသူ များပြားလာပြီး လက်ရှိဈေးကွက်ထဲတွင် ဒုတိယလိုက်သည်မှာ စီဘီယူစနစ်ဖြင့် အစင်းလိုက် အာရှနိုင်ငံများမှ တင် သွင်းသော ဇီးရိုးကီလိုမှစ၍ သုံးစွဲနိုင်သည့် အသစ်သွင်းကားများသာဖြစ်ပြီး ရန်ကုန်လိုင်စင်မရသည် မှလွှဲ၍ အခြားအချက်အလက်ကောင်း များ ပြည့်စုံသဖြင့်နယ်ဝယ်လက်များသာမက ရန်ကုန် ဝယ်လက် များလည်း အများအပြားစီးနင်းလာကြသဖြင့် ဈေးကွက်မျှလာကာ လတ်တလော ရုံးဝန်ထမ်း လောက ထဲမှအရာရှိကြီးများ ဖြစ်စေ၊ လုပ်သက်ရင့် ဝန်ထမ်းများဖြစ်စေ၊ ပြည်ပနိုင်ငံများမှ သတ်မှတ်ချက်ဖြင့် ကားတင်သွင်းခွင့်ပြုသည့် သတင်းများ ကြောင့် ဂျပန်ညာမောင်းကားများ ပိုမို ဈေးကွက်အေးနေ ကြောင်း ဝါရင့်ယာဉ်ဝယ်ရောင်းများမှ ပြောကြားသွားသည်။

 

>>>Zawgyi<<<

 

အေရာင္းအဝယ္ေအးၿပီး ေဈးကြက္အေျခအေန ေစာင့္ၾကည့္ေနသည့္ ရန္ကုန္ကားေဈးကြက္

 

ႏွစ္ဆန္းပိုင္းကာလတြင္ ပိတ္ရက္မ်ား ဆက္တိုက္ရရွိခဲ့သျဖင့္ ကားအေရာင္းစင္တာမ်ားႏွင့္ ကား ပြဲစားတန္းမ်ားတြင္ ခရီးသြားမ်ားသျဖင့္ လာေရာက္ေမးျမန္းသူ၊ ေဈးစုံစမ္းသူမ်ား က်ဲပါးေနၿပီး ကား အဝင္အထြက္လည္း မရွိသေလာက္ျဖစ္ ေနေၾကာင္း၊ အၾကမ္းဖ်င္းအားျဖင့္ ကားေဈးကြက္တစ္ခုလုံး ေအးေနေၾကာင္း သိရသည္။ ရန္ကုန္ကားေဈးကြက္၏ ၂၀၂၀ ယာဥ္တင္သြင္းေရး မူဝါဒမ်ားအရ ေရာက္ရွိခုႏွစ္ထိ ေလးႏွစ္အကြာ ၂၀၁၇ ခုႏွစ္ ထုတ္ဘယ္ေမာင္းယာဥ္မ်ားသာ တင္သြင္းခြင့္ျပဳသျဖင့္ ယခင္ မူဝါဒအတိုင္းသာျဖစ္ၿပီး ျပည္တြင္းတပ္ဆင္ အက္စ္ေကဒီ ကားမ်ားႏွင့္ မူလလက္ေဟာင္း ဂ်ပန္ညာေမာင္းယာဥ္မ်ားမွာ ယခင္က ေဈးကြက္ေဝစု ထက္ဝက္စီရွိရာမွ ယခုအခါ အဆိုပါ မူဝါဒမ်ားအရ အက္စ္ေကဒီကားမ်ား ပိုမို အားသာလာၿပီး ေဈးကြက္ေဝစု ပိုမိုရရွိလာေၾကာင္း ေတြ႕ရွိရသည္။

 

လက္ရွိေဈးကြက္တြင္းရွိ ဂ်ပန္ညာေမာင္းကားမ်ား အေနျဖင့္၂၀၂၀ ျပည့္ႏွစ္ ႏွစ္ဆန္းပိုင္းမွစ၍ အမည္ေျပာင္း အခြန္ေဆာင္စနစ္အရ အက်ဳံးဝင္လာသျဖင့္ ၂၀၁၉ ခုႏွစ္၊ ႏွစ္ကုန္ပိုင္း ေနာက္ဆုံးရက္ မ်ားတြင္ အခ်ိန္အခါမီ လိုင္စင္ သက္တမ္းတိုးမႈမ်ား မ်ားျပားလာသျဖင့္ ညအိပ္ေစာင့္ရသည့္ အေျခအေနသို႔ ေရာက္ရွိခဲ့ေၾကာင္း၊ ထိုသို႔အခ်ိန္မီလိုင္စင္ သက္တမ္းတိုးရျခင္းမွာလည္း ဝယ္ေရာင္း ကားမ်ားမွာ အမည္မေျပာင္းလဲလို၍ျဖစ္ေၾကာင္း၊ လက္ရွိအမည္ေပါက္ျဖင့္သာ လိုင္စင္သက္တမ္းတိုးၿပီး ေဈးကြက္တြင္း ဝင္ေရာက္မွသာ အေရာင္းအဝယ္ပိုမိုျမန္ဆန္သျဖင့္ ယခုကဲ့သို႔ ၂၀၁၉ ၏ ရွိရင္း စြဲလိုင္စင္သက္တမ္းတိုးမူဝါဒအမီ ဝင္ေရာက္ၾကျခင္းျဖစ္ေၾကာင္း ဝါရင့္ယာဥ္ဝယ္ေရာင္း အက်ိဳးေဆာင္ ကိုျမင့္ေက်ာ္က ေျပာ သည္။

 

ဆက္လက္၍ အက္စ္ေကဒီကားမ်ားမွာ ဘရန္းမ်ိဳးစုံ ဝင္ေရာက္လာၿပီး ရန္ကုန္လိုင္စင္ရရွိသည့္ အခ်က္အပါအဝင္ အားသာေသာအခ်က္မ်ားေၾကာင့္ စီးနင္းသူ၊ ႀကိဳတင္မွာယူသူ မ်ားျပားလာၿပီး လက္ရွိေဈးကြက္ထဲတြင္ ဒုတိယလိုက္သည္မွာ စီဘီယူစနစ္ျဖင့္ အစင္းလိုက္ အာရွႏိုင္ငံမ်ားမွ တင္ သြင္းေသာ ဇီး႐ိုးကီလိုမွစ၍ သုံးစြဲႏိုင္သည့္ အသစ္သြင္းကားမ်ားသာျဖစ္ၿပီး ရန္ကုန္လိုင္စင္မရသည္ မွလႊဲ၍ အျခားအခ်က္အလက္ေကာင္း မ်ား ျပည့္စုံသျဖင့္နယ္ဝယ္လက္မ်ားသာမက ရန္ကုန္ ဝယ္လက္ မ်ားလည္း အမ်ားအျပားစီးနင္းလာၾကသျဖင့္ ေဈးကြက္မွ်လာကာ လတ္တေလာ ႐ုံးဝန္ထမ္း ေလာက ထဲမွအရာရွိႀကီးမ်ား ျဖစ္ေစ၊ လုပ္သက္ရင့္ ဝန္ထမ္းမ်ားျဖစ္ေစ၊ ျပည္ပႏိုင္ငံမ်ားမွ သတ္မွတ္ခ်က္ျဖင့္ ကားတင္သြင္းခြင့္ျပဳသည့္ သတင္းမ်ား ေၾကာင့္ ဂ်ပန္ညာေမာင္းကားမ်ား ပိုမို ေဈးကြက္ေအးေန ေၾကာင္း ဝါရင့္ယာဥ္ဝယ္ေရာင္းမ်ားမွ ေျပာၾကားသြားသည္။

 

 

Read times
Rate this item
(0 votes)