Local Industry

ချာဘာဟာဆိပ်ကမ်းစီမံကိန်း လုပ်ငန်းအကောင်အထည်ဖော်မှု

ချာဘာဟာဆိပ်ကမ်းစီမံကိန်း လုပ်ငန်းအကောင်အထည်ဖော်မှု google

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုက်ရှန်ကာသည် ဒီဇင်ဘာ ၂၂ ရက်က အီရန်နိုင်ငံ တီဟီရန်မြို့၌ ကျင်းပသည့် အိန္ဒိယ-အီရန် ပူးတွဲကော်မရှင် (၁၉) ကြိမ်မြောက် အစည်းအဝေးသို့ တက် ရောက်ခဲ့ရာတွင် အီရန်နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်နှင့် တွေ့ဆုံလျက် နှစ်နိုင်ငံအကြား ပို့ဆောင် ဆက်သွယ်မှု၊ ကုန်သွယ်မှုနှင့် ယဉ်ကျေး မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေးအပြီး သတင်း ထုတ်ပြန်ချက်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်ကူး သန်းရောင်းဝယ်မှု ပိုမို ခိုင်မာ အားကောင်းစေရေး ဆောင်ရွက် မည်ဖြစ်ကြောင်းဖော်ပြခဲ့ပြီး ကုန်သွယ် မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ အစည်း အဝေးကို စောလျင်စွာ ကျင်းပပြုလုပ် ရန်၊ အကောက်ခွန် သက်သာခွင့်ဆိုင်ရာ ကုန်သွယ်မှုသဘောတူညီချက်နှင့် နှစ် နိုင်ငံ ရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ် တို့ကို အပြီးသတ်ညှိနှုင်းဆောင်ရွက်ရန် နှင့် အကောက်ခွန်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရန် သဘော တူညီခဲ့ကြကြောင်း သိရှိရသည်။

 

ထို့ပြင် အီရန်နိုင်ငံ၏ အရှေ့ တောင်ဘက် ချာဘာဟာ (Chabahar) မြို့၌ အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိသော Shahid Beheshti Port ဆိပ်ကမ်းစီမံကိန်း လုပ်ငန်းများ တွင် အိန္ဒိယ၏ ပူးပေါင်းပါဝင်ဆောင် ရွက်မှုကို အရှိန်မြှင့်တင်မည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုက်ရှန်ကာ က ပြောကြားခဲ့သည်။ ၎င်းသည် အီရန် နိုင်ငံသို့ မသွားရောက်မီ ဒီဇင်ဘာလ တတိယပတ်အတွင်း ဝါရှင်တန်ဒီစီမြို့၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီရိုနှင့်တွေ့ဆုံခဲ့ရာတွင် အမေရိကန် နိုင်ငံမှ အီရန်နိုင်ငံ အပေါ်ချမှတ်ထားရှိ သည့် ပိတ်ဆို့အရေးယူမှုများမှ အဆိုပါ စီမံကိန်းအား ကင်းလွတ်ခွင့်ပြုမည်ဖြစ် ကြောင်း သဘောထားမှတ်ချက်ကို ရရှိခဲ့သည်။

 

အီရန်နှင့် ပါကစ္စတန် နယ်စပ်၏ အနောက်ဘက် ၆၂ မိုင်အကွာ အိုမန် ပင်လယ်ကွေ့တွင် ဖော်ဆောင်လျက်ရှိသော ချာဘာဟာ ဆိပ်ကမ်း တည်ဆောက် ရေးလုပ်ငန်းသည် ၂၀၁၆ ခုနှစ်တွင် အိန္ဒိယ၊ အီရန် နှင့် အာဖဂန်နစ္စတန်တို့ လက်မှတ်ရေးထိုးခဲ့သည့် Trilateral agreement on Transit and Transportနားလည်မှုစာချွန်လွှာအရ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း လုပ်ငန်းတစ်ခုဖြစ်ပြီး အာဖဂန်နစ္စတန် နိုင်ငံ၏ သယ်ယူပို့ဆောင်မှုနှင့် ကုန် သွယ်မှုလုပ်ငန်းများအတွက် အီရန် နိုင်ငံမှတစ်ဆင့် ပင်လယ်ဆိပ်ကမ်းထွက် ပေါက် ရရှိစေမည်ဖြစ်သည်။

 

စုစု ပေါင်း တန်ဖိုး အမေရိကန်ဒေါ်လာ ၂၁ ဘီလီယံ ရှိသည့် Chabahar–Hajigak စင်္ကြန် စီမံကိန်းတွင် အိန္ဒိယနိုင်ငံသည် ချာဘာ ဟာဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်း ၌ ဒေါ်လာ ၈၅ သန်းကျော် ရင်းနှီး မြှုပ်နှံထားပြီး ဆိပ်ကမ်းလုပ်ငန်းများ အတွက် အီရန်နိုင်ငံသို့ ချေးငွေ ဒေါ်လာ သန်း ၁၅၀ ပေးအပ်ထားကြောင်း၊ ထို့အပြင် ချာဘာဟာ အထူးစီးပွားရေး ဇုန်တွင် ဒေါ်လာ ၈ ဘီလီယံ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန် အီရန်နိုင်ငံနှင့် နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးထားသကဲ့ သို့ အာဖဂန်နစ္စတန်နိုင်ငံရှိ သတ္တုမိုင်း များတည်ရှိရာ ံငြေေါု ဒေသနှင့် အီရန် နိုင်ငံ ဃ့ဘေေ့မေ မြို့တို့အား ဆက်သွယ် ပေးမည့် ရထားလမ်းဖောက်လုပ်ရေးစီမံ ကိန်းတွင်လည်း ဒေါ်လာ ၂ ဘီလီယံ ထည့်ဝင် ရင်းနှီးမြှုပ်နှံရန် အာဖဂန် နစ္စတန်နိုင်ငံနှင့် ကတိကဝတ်ပြုထား ကြောင်း သိရှိရသည်။

 

>>>Zawgyi<<<

 

ခ်ာဘာဟာဆိပ္ကမ္းစီမံကိန္း လုပ္ငန္းအေကာင္အထည္ေဖာ္မႈ

 

အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး ဂ်ိဳက္ရွန္ကာသည္ ဒီဇင္ဘာ ၂၂ ရက္က အီရန္ႏိုင္ငံ တီဟီရန္ၿမိဳ႕၌ က်င္းပသည့္ အိႏၵိယ-အီရန္ ပူးတြဲေကာ္မရွင္ (၁၉) ႀကိမ္ေျမာက္ အစည္းအေဝးသို႔ တက္ ေရာက္ခဲ့ရာတြင္ အီရန္ႏိုင္ငံျခားေရး ဝန္ႀကီး မိုဟာမက္ ဂ်ာဗက္ဇာရစ္ႏွင့္ ေတြ႕ဆုံလ်က္ ႏွစ္ႏိုင္ငံအၾကား ပို႔ေဆာင္ ဆက္သြယ္မႈ၊ ကုန္သြယ္မႈႏွင့္ ယဥ္ေက်း မႈဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ႏွင့္စပ္လ်ဥ္း၍ ေဆြးေႏြးခဲ့ၾကသည္။

 

အစည္းအေဝးအၿပီး သတင္း ထုတ္ျပန္ခ်က္တြင္ ႏွစ္ႏိုင္ငံအၾကား ကုန္သြယ္ကူး သန္းေရာင္းဝယ္မႈ ပိုမို ခိုင္မာ အားေကာင္းေစေရး ေဆာင္႐ြက္ မည္ျဖစ္ေၾကာင္းေဖာ္ျပခဲ့ၿပီး ကုန္သြယ္ မႈဆိုင္ရာ ပူးတြဲလုပ္ငန္းအဖြဲ႕၏ အစည္း အေဝးကို ေစာလ်င္စြာ က်င္းပျပဳလုပ္ ရန္၊ အေကာက္ခြန္ သက္သာခြင့္ဆိုင္ရာ ကုန္သြယ္မႈသေဘာတူညီခ်က္ႏွင့္ ႏွစ္ ႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈ သေဘာတူ စာခ်ဳပ္ တို႔ကို အၿပီးသတ္ညႇိႏႈင္းေဆာင္႐ြက္ရန္ ႏွင့္ အေကာက္ခြန္ဆိုင္ရာ ပူးေပါင္း ေဆာင္႐ြက္မႈမ်ား ျမႇင့္တင္ရန္ သေဘာ တူညီခဲ့ၾကေၾကာင္း သိရွိရသည္။

 

ထို႔ျပင္ အီရန္ႏိုင္ငံ၏ အေရွ႕ ေတာင္ဘက္ ခ်ာဘာဟာ (Chabahar) ၿမိဳ႕၌ အေကာင္အထည္ေဖာ္ ေဆာင္ ႐ြက္လ်က္ရွိေသာ Shahid Beheshti Port ဆိပ္ကမ္းစီမံကိန္း လုပ္ငန္းမ်ား တြင္ အိႏၵိယ၏ ပူးေပါင္းပါဝင္ေဆာင္ ႐ြက္မႈကို အရွိန္ျမႇင့္တင္မည္ ျဖစ္ေၾကာင္း အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး ဂ်ိဳက္ရွန္ကာ က ေျပာၾကားခဲ့သည္။ ၎သည္ အီရန္ ႏိုင္ငံသို႔ မသြားေရာက္မီ ဒီဇင္ဘာလ တတိယပတ္အတြင္း ဝါရွင္တန္ဒီစီၿမိဳ႕၌ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ ပြန္ပီ႐ိုႏွင့္ေတြ႕ဆုံခဲ့ရာတြင္ အေမရိကန္ ႏိုင္ငံမွ အီရန္ႏိုင္ငံ အေပၚခ်မွတ္ထားရွိ သည့္ ပိတ္ဆို႔အေရးယူမႈမ်ားမွ အဆိုပါ စီမံကိန္းအား ကင္းလြတ္ခြင့္ျပဳမည္ျဖစ္ ေၾကာင္း သေဘာထားမွတ္ခ်က္ကို ရရွိခဲ့သည္။

 

အီရန္ႏွင့္ ပါကစၥတန္ နယ္စပ္၏ အေနာက္ဘက္ ၆၂ မိုင္အကြာ အိုမန္ ပင္လယ္ေကြ႕တြင္ ေဖာ္ေဆာင္လ်က္ရွိေသာ ခ်ာဘာဟာ ဆိပ္ကမ္း တည္ေဆာက္ ေရးလုပ္ငန္းသည္ ၂၀၁၆ ခုႏွစ္တြင္ အိႏၵိယ၊ အီရန္ ႏွင့္ အာဖဂန္နစၥတန္တို႔ လက္မွတ္ေရးထိုးခဲ့သည့္ Trilateral agreement on Transit and Transportနားလည္မႈစာခြၽန္လႊာအရ ပူးေပါင္း ေဆာင္႐ြက္လ်က္ရွိသည့္ စီမံကိန္း လုပ္ငန္းတစ္ခုျဖစ္ၿပီး အာဖဂန္နစၥတန္ ႏိုင္ငံ၏ သယ္ယူပို႔ေဆာင္မႈႏွင့္ ကုန္ သြယ္မႈလုပ္ငန္းမ်ားအတြက္ အီရန္ ႏိုင္ငံမွတစ္ဆင့္ ပင္လယ္ဆိပ္ကမ္းထြက္ ေပါက္ ရရွိေစမည္ျဖစ္သည္။

 

စုစု ေပါင္း တန္ဖိုး အေမရိကန္ေဒၚလာ ၂၁ ဘီလီယံ ရွိသည့္ Chabahar–Hajigak စၾကၤန္ စီမံကိန္းတြင္ အိႏၵိယႏိုင္ငံသည္ ခ်ာဘာ ဟာဆိပ္ကမ္း တည္ေဆာက္ေရးလုပ္ငန္း ၌ ေဒၚလာ ၈၅ သန္းေက်ာ္ ရင္းႏွီး ျမႇဳပ္ႏွံထားၿပီး ဆိပ္ကမ္းလုပ္ငန္းမ်ား အတြက္ အီရန္ႏိုင္ငံသို႔ ေခ်းေငြ ေဒၚလာ သန္း ၁၅၀ ေပးအပ္ထားေၾကာင္း၊ ထို႔အျပင္ ခ်ာဘာဟာ အထူးစီးပြားေရး ဇုန္တြင္ ေဒၚလာ ၈ ဘီလီယံ ရင္းႏွီးျမႇဳပ္ႏွံ လုပ္ကိုင္ရန္ အီရန္ႏိုင္ငံႏွင့္ နားလည္မႈ စာခြၽန္လႊာလက္မွတ္ေရးထိုးထားသကဲ့ သို႔ အာဖဂန္နစၥတန္ႏိုင္ငံရွိ သတၱဳမိုင္း မ်ားတည္ရွိရာ ံေျငေါု ေဒသႏွင့္ အီရန္ ႏိုင္ငံ ဃ့ေဘေ့ေမ ၿမိဳ႕တို႔အား ဆက္သြယ္ ေပးမည့္ ရထားလမ္းေဖာက္လုပ္ေရးစီမံ ကိန္းတြင္လည္း ေဒၚလာ ၂ ဘီလီယံ ထည့္ဝင္ ရင္းႏွီးျမႇဳပ္ႏွံရန္ အာဖဂန္ နစၥတန္ႏိုင္ငံႏွင့္ ကတိကဝတ္ျပဳထား ေၾကာင္း သိရွိရသည္။

 

Myanmar Logistics Guide

 
Read times
Rate this item
(0 votes)