Local Industry

၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့ရောင်းအားအကောင်းဆုံး မော်တော်ကားကုမ္ပဏီ ၁၀ခု

၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့ရောင်းအားအကောင်းဆုံး မော်တော်ကားကုမ္ပဏီ ၁၀ခု google

၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့ ရောင်းအားအကောင်းဆုံး မော်တော် ကား ကုမ္ပဏီ ၂၅ ခုကို motoringresearch.com က စစ်တမ်းကောက်ယူ ဖော်ပြခဲ့ရာ ရောင်းအားအကောင်းဆုံး မော်တော်ကားကုမ္ပဏီမှာ ဗောက်ဆွာ ဂွန်ပင်ဖြစ်ကြောင်း သိရသည်။ motoringresearch.com ၏ ဖော်ပြထားချက်အရ ဂျာမနီနိုင်ငံအခြေစိုက် ဗောက်ဆွာဂွန် မော်တော်ကား ကုမ္ပဏီမှထုတ်လုပ်သည့် ဇိမ်ခံကားများမှာ လူကြိုက်များလာခဲ့ပြီး ၂၀၁၉ ခုနှစ် တစ်နှစ်တာတွင် ကမ္ဘာ့ရောင်းအား အကောင်းဆုံး မော်တော်ကားကုမ္ပဏီ အဖြစ် ရပ်တည်နိုင်ခဲ့သည်။

 

၁၉၃၇ ခုနှစ် မေ ၂၈ ရက်က ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် အခြေစိုက်ထုတ်လုပ်ခဲ့သည့် ဗောက်ဆွာဂွန် မော်တော်ကားများမှာ ယခုအချိန်တွင် ကမ္ဘာ့နိုင်ငံပေါင်း ၂၇ နိုင်ငံ၌ ကုမ္ပဏီ တည်ထောင်ပြီး ထုတ်လုပ်လျက်ရှိနေသည်။ ကမ္ဘာတစ်ဝန်းရှိ ဗောက်ဆွာဂွန် မော်တော်ကားကုမ္ပဏီမှ ထုတ်လုပ်သည့် ကားများမှာ ၂၀၁၉ ခုနှစ်က အစီး ရေ ၃၂၉၆၄၄၀ စီးရောင်းချရပြီး ရောင်းအားအကောင်းဆုံးနံပါတ်(၁) ဖြစ်ခဲ့ကြောင်း သိရသည်။

 

ဗောက်ဆွာဂွန်၏ နောက်တွင် ဒုတိယရောင်းအားအကောင်းဆုံး မော်တော်ကား ကုမ္ပဏီမှာ ဂျပန်နိုင်ငံထုတ် တိုယိုတာပင်ဖြစ်သည်။တိုယိုတာမှ ထုတ်လုပ်သည့် မော်တော်ကားများမှာ ၂၀၁၉ ခုနှစ်အတွင်းက ကမ္ဘာတစ်ဝန်းတွင် အစီးရေ ၃၁၁၅၃၄၃ စီး ရောင်းချရကြောင်း သိရသည်။ တိုယိုတာမော် တော်ကားကုမ္ပဏီမှ ထုတ်လုပ်သည့် ကားများမှာ တရုတ်၊ ထိုင်း၊ ဆော်ဒီအာ ရေဗျ စသည့်နိုင်ငံများတွင် ဈေးကွက် ခိုင်မာမှုများရှိနေပြီး ယင်းဈေးကွက်များတွင် အဓိက ရောင်းချနေရခြင်း လည်းဖြစ်ကြောင်း သိရသည်။၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့မော် တော်ကားဈေးကွက်တွင် တတိယရောင်းအားအကောင်းဆုံး မော်တော်ကား ကုမ္ပဏီမှာ ဂျပန်နိုင်ငံထုတ် နစ်ဆန်း ကားများပင်ဖြစ်ကြောင်း သိရသည်။

 

နစ်ဆန်းမော်တော်ကားများကို ဂျပန် နိုင်ငံတွင် စတင်အခြေပြု ထုတ်လုပ်ခဲ့သော်လည်း လက်ရှိအချိန်တွင် နစ်ဆန်း မော်တော်ကားများကို ကမ္ဘာအနှံ့ ဈေးကွက်ချဲ့ထွင်နိုင်ရေးကို ရည်ရွည်ပြီး ပြင်သစ်နိုင်ငံတွင်လည်း ပေါင်းစပ်ထုတ်လုပ်လျက်ရှိနေသည်ဟု သိရသည်။ နစ်ဆန်းမော်တော်ကားများကို အမေရိကန်၊ ရုရှား၊ ဘရာဇီး၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ တရုတ်နှင့် မော်ရိုကို နိုင်ငံတို့တွင် လူကြိုက်များနေကြောင်း သတင်းများတွင် ဖော်ပြထားသည်။နစ်ဆန်းကုမ္ပဏီမှထုတ်လုပ်သည့် မော်တော်ကားများမှာ ၂၀၁၉ ခုနှစ်အတွင်း က ကမ္ဘာတစ်ဝန်းတွင် အစီးရေ ၂၉၉၂၄၇၁ စီး ရောင်းချရကြောင်း သိရသည်။

 

၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့ ရောင်းအားအကောင်းဆုံး မော်တော် ကားကုမ္ပဏီများဖြစ်သည့် ဗောက်ဆွာ ဂွန်၊ တိုယိုတာနှင့် နစ်ဆန်းတို့၏နောက် တွင် ဂျင်နရယ်မော်တော်ကားကုမ္ပဏီ က အဆင့်(၄)၊ ဟွန်ဒိုင်းနှင့် ကီရာက အဆင့် (၅)၊ ဖို့ဒ်က အဆင့်(၆)၊ ဟွန်ဒါ က အဆင့်(၇)၊ FCA Groupက အဆင့် (၈)၊ PSA Group က အဆင့်(၉)နှင့် ဆူဇူကီးက အဆင့်(၁၀)တို့ဖြစ်သည်။ ထို့ပြင် ကမ္ဘာကျော် နာမည်ကြီး မော်တော်ကား ကုမ္ပဏီများဖြစ်သည့်BMW က အဆင့်(၁၂)၊ မာဇဒါက အဆင့်(၁၄)၊ တာတာက အဆင့်(၁၈)နှင့် Isuzu က အဆင့်(၂၅) စသည်ဖြင့် အသီးသီး ရပ်တည်နိုင်ခဲ့ကြသည်။

 

>>>Zawgyi<<<

 

၂၀၁၉ ခုႏွစ္အတြင္း ကမာၻ႔ေရာင္းအားအေကာင္းဆုံး ေမာ္ေတာ္ကားကုမၸဏီ ၁၀ခု

 

၂၀၁၉ ခုႏွစ္အတြင္း ကမာၻ႔ ေရာင္းအားအေကာင္းဆုံး ေမာ္ေတာ္ ကား ကုမၸဏီ ၂၅ ခုကို motoringresearch.com က စစ္တမ္းေကာက္ယူ ေဖာ္ျပခဲ့ရာ ေရာင္းအားအေကာင္းဆုံး ေမာ္ေတာ္ကားကုမၸဏီမွာ ေဗာက္ဆြာ ဂြန္ပင္ျဖစ္ေၾကာင္း သိရသည္။ motoringresearch.com ၏ ေဖာ္ျပထားခ်က္အရ ဂ်ာမနီႏိုင္ငံအေျခစိုက္ ေဗာက္ဆြာဂြန္ ေမာ္ေတာ္ကား ကုမၸဏီမွထုတ္လုပ္သည့္ ဇိမ္ခံကားမ်ားမွာ လူႀကိဳက္မ်ားလာခဲ့ၿပီး ၂၀၁၉ ခုႏွစ္ တစ္ႏွစ္တာတြင္ ကမာၻ႔ေရာင္းအား အေကာင္းဆုံး ေမာ္ေတာ္ကားကုမၸဏီ အျဖစ္ ရပ္တည္ႏိုင္ခဲ့သည္။

 

၁၉၃၇ ခုႏွစ္ ေမ ၂၈ ရက္က ဂ်ာမနီႏိုင္ငံ ဘာလင္ၿမိဳ႕တြင္ အေျခစိုက္ထုတ္လုပ္ခဲ့သည့္ ေဗာက္ဆြာဂြန္ ေမာ္ေတာ္ကားမ်ားမွာ ယခုအခ်ိန္တြင္ ကမာၻ႔ႏိုင္ငံေပါင္း ၂၇ ႏိုင္ငံ၌ ကုမၸဏီ တည္ေထာင္ၿပီး ထုတ္လုပ္လ်က္ရွိေနသည္။ ကမာၻတစ္ဝန္းရွိ ေဗာက္ဆြာဂြန္ ေမာ္ေတာ္ကားကုမၸဏီမွ ထုတ္လုပ္သည့္ ကားမ်ားမွာ ၂၀၁၉ ခုႏွစ္က အစီး ေရ ၃၂၉၆၄၄၀ စီးေရာင္းခ်ရၿပီး ေရာင္းအားအေကာင္းဆုံးနံပါတ္(၁) ျဖစ္ခဲ့ေၾကာင္း သိရသည္။

 

ေဗာက္ဆြာဂြန္၏ ေနာက္တြင္ ဒုတိယေရာင္းအားအေကာင္းဆုံး ေမာ္ေတာ္ကား ကုမၸဏီမွာ ဂ်ပန္ႏိုင္ငံထုတ္ တိုယိုတာပင္ျဖစ္သည္။တိုယိုတာမွ ထုတ္လုပ္သည့္ ေမာ္ေတာ္ကားမ်ားမွာ ၂၀၁၉ ခုႏွစ္အတြင္းက ကမာၻတစ္ဝန္းတြင္ အစီးေရ ၃၁၁၅၃၄၃ စီး ေရာင္းခ်ရေၾကာင္း သိရသည္။ တိုယိုတာေမာ္ ေတာ္ကားကုမၸဏီမွ ထုတ္လုပ္သည့္ ကားမ်ားမွာ တ႐ုတ္၊ ထိုင္း၊ ေဆာ္ဒီအာ ေရဗ် စသည့္ႏိုင္ငံမ်ားတြင္ ေဈးကြက္ ခိုင္မာမႈမ်ားရွိေနၿပီး ယင္းေဈးကြက္မ်ားတြင္ အဓိက ေရာင္းခ်ေနရျခင္း လည္းျဖစ္ေၾကာင္း သိရသည္။၂၀၁၉ ခုႏွစ္အတြင္း ကမာၻ႔ေမာ္ ေတာ္ကားေဈးကြက္တြင္ တတိယေရာင္းအားအေကာင္းဆုံး ေမာ္ေတာ္ကား ကုမၸဏီမွာ ဂ်ပန္ႏိုင္ငံထုတ္ နစ္ဆန္း ကားမ်ားပင္ျဖစ္ေၾကာင္း သိရသည္။

 

နစ္ဆန္းေမာ္ေတာ္ကားမ်ားကို ဂ်ပန္ ႏိုင္ငံတြင္ စတင္အေျချပဳ ထုတ္လုပ္ခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ နစ္ဆန္း ေမာ္ေတာ္ကားမ်ားကို ကမာၻအႏွံ႔ ေဈးကြက္ခ်ဲ႕ထြင္ႏိုင္ေရးကို ရည္႐ြည္ၿပီး ျပင္သစ္ႏိုင္ငံတြင္လည္း ေပါင္းစပ္ထုတ္လုပ္လ်က္ရွိေနသည္ဟု သိရသည္။ နစ္ဆန္းေမာ္ေတာ္ကားမ်ားကို အေမရိကန္၊ ႐ုရွား၊ ဘရာဇီး၊ အိႏၵိယ၊ ေတာင္ကိုရီးယား၊ တ႐ုတ္ႏွင့္ ေမာ္႐ိုကို ႏိုင္ငံတို႔တြင္ လူႀကိဳက္မ်ားေနေၾကာင္း သတင္းမ်ားတြင္ ေဖာ္ျပထားသည္။နစ္ဆန္းကုမၸဏီမွထုတ္လုပ္သည့္ ေမာ္ေတာ္ကားမ်ားမွာ ၂၀၁၉ ခုႏွစ္အတြင္း က ကမာၻတစ္ဝန္းတြင္ အစီးေရ ၂၉၉၂၄၇၁ စီး ေရာင္းခ်ရေၾကာင္း သိရသည္။

 

၂၀၁၉ ခုႏွစ္အတြင္း ကမာၻ႔ ေရာင္းအားအေကာင္းဆုံး ေမာ္ေတာ္ ကားကုမၸဏီမ်ားျဖစ္သည့္ ေဗာက္ဆြာ ဂြန္၊ တိုယိုတာႏွင့္ နစ္ဆန္းတို႔၏ေနာက္ တြင္ ဂ်င္နရယ္ေမာ္ေတာ္ကားကုမၸဏီ က အဆင့္(၄)၊ ဟြန္ဒိုင္းႏွင့္ ကီရာက အဆင့္ (၅)၊ ဖို႔ဒ္က အဆင့္(၆)၊ ဟြန္ဒါ က အဆင့္(၇)၊ FCA Groupက အဆင့္ (၈)၊ PSA Group က အဆင့္(၉)ႏွင့္ ဆူဇူကီးက အဆင့္(၁၀)တို႔ျဖစ္သည္။ ထို႔ျပင္ ကမာၻေက်ာ္ နာမည္ႀကီး ေမာ္ေတာ္ကား ကုမၸဏီမ်ားျဖစ္သည့္BMW က အဆင့္(၁၂)၊ မာဇဒါက အဆင့္(၁၄)၊ တာတာက အဆင့္(၁၈)ႏွင့္ Isuzu က အဆင့္(၂၅) စသည္ျဖင့္ အသီးသီး ရပ္တည္ႏိုင္ခဲ့ၾကသည္။

 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)