Local Industry

ချင်းပြည်နယ် ကုလားတန်မြစ်ကူးတံတား(ပလက်ဝ) ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ မကြာမီဖွင့်လှစ်တော့မည်

ချင်းပြည်နယ်(မြောက်ပိုင်း) မင်းတပ် ခရိုင် မတူပီ - ပလက်ဝလမ်းပေါ် ရှိ ကုလားတန်မြစ်ကူးတံတား (ပလက်ဝ) သည် တံတားတည် ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ပြည်သူများ အသုံးပြုသွားလာနိုင်ရန် မကြာမီဖွင့်လှစ်တော့မည် ဖြစ်ပါတယ်။

 

ပလက်ဝမြို့သည် ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် ၅၄ မိုင်ခန့် ဝေးပြီး ကုလားတန်မြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိပြီး ပလက်ဝမြို့သို့ ကုန်းလမ်းခရီးဖြင့်လာပါက ကုလားတန်မြစ်၏ အရှေ့ဘက်ကမ်းအထိသာ မော်တော်ယာဉ်များ သွားလာ၍ရရှိပြီး စက်လှေဖြင့် ရေကြောင်းခရီး လေးမိုင်ခန့် ထပ်မံစီးမှသာလျှင် ပလက်ဝမြို့သို့ ရောက်ရှိပါမည်။

 

ပလက်ဝမြို့ရှိ ပြည်သူများ သွားလာရေးလွယ်ကူစေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည် ဆောက်ရေးအဖွဲ့(၁) က ၁-၅-၂၀၁၇ မှ စတင်၍ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။တံတားအရှည်မှာ ၅၉၂ မီတာ (၁၉၄၂ ပေ) ဖြစ်ပြီး ယခုအခါတွင် ပင်မတံတားသံပေါင် တပ်ဆင်ခြင်း လုပ်ငန်းမှာ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ပါတယ်။ ယခုအခါ ပင်မတံတား သံပေါင်ပေါ်တွင် သံကူကွန်ကရစ် ကြမ်းခင်း ကျောက်ပြားခင်းခြင်း လုပ်ငန်း၊ လက်ရန်းတပ်ဆင်ခြင်း လုပ်ငန်းနှင့် အချောသပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။

 

တံတားကြီး တည်ဆောက်ပြီးစီးပါက ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် စစ်တွေမြို့သို့ လည်းကောင်း၊ ချင်းပြည်နယ် မတူပီမြို့၊ မင်းတပ်မြို့နှင့် ဟားခါးမြို့သို့ လည်းကောင်း ကုန်းလမ်းခရီးဖြင့် အချိန်မရွေးသွားလာနိုင်ပြီး ကုန်စည်စီးဆင်းမှုလည်း မြန်ဆန်ခြင်းနှင့် ပြည်သူများ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး ပိုမို တိုးတက်လာမည်ဖြစ်ပါတယ်။

 

>>>Zawgyi<<<

 

ခ်င္းျပည္နယ္ ကုလားတန္ျမစ္ကူးတံတား(ပလက္ဝ) ရာႏႈန္းျပည့္ ၿပီးစီးၿပီျဖစ္၍ မၾကာမီဖြင့္လွစ္ေတာ့မည္

 

ခ်င္းျပည္နယ္(ေျမာက္ပိုင္း) မင္းတပ္ ခ႐ိုင္ မတူပီ - ပလက္ဝလမ္းေပၚ ရွိ ကုလားတန္ျမစ္ကူးတံတား (ပလက္ဝ) သည္ တံတားတည္ ေဆာက္ျခင္းလုပ္ငန္းမ်ား ရာႏႈန္းျပည့္ၿပီးစီးၿပီျဖစ္၍ ျပည္သူမ်ား အသုံးျပဳသြားလာႏိုင္ရန္ မၾကာမီဖြင့္လွစ္ေတာ့မည္ ျဖစ္ပါတယ္။

 

ပလက္ဝၿမိဳ႕သည္ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕ႏွင့္ ၅၄ မိုင္ခန႔္ ေဝးၿပီး ကုလားတန္ျမစ္၏ အေနာက္ဘက္ကမ္းတြင္ တည္ရွိျပီး ပလက္ဝၿမိဳ႕သို႔ ကုန္းလမ္းခရီးျဖင့္လာပါက ကုလားတန္ျမစ္၏ အေရွ႕ဘက္ကမ္းအထိသာ ေမာ္ေတာ္ယာဥ္မ်ား သြားလာ၍ရရွိၿပီး စက္ေလွျဖင့္ ေရေၾကာင္းခရီး ေလးမိုင္ခန႔္ ထပ္မံစီးမွသာလွ်င္ ပလက္ဝၿမိဳ႕သို႔ ေရာက္ရွိပါမည္။

 

ပလက္ဝၿမိဳ႕ရွိ ျပည္သူမ်ား သြားလာေရးလြယ္ကူေစရန္ ရည္႐ြယ္၍ ႏိုင္ငံေတာ္အစိုးရ၏ လမ္းၫႊန္ခ်က္ျဖင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန တံတားဦးစီးဌာန တည္ ေဆာက္ေရးအဖြဲ႕(၁) က ၁-၅-၂၀၁၇ မွ စတင္၍ တည္ေဆာက္ခဲ့ျခင္း ျဖစ္ပါတယ္။တံတားအရွည္မွာ ၅၉၂ မီတာ (၁၉၄၂ ေပ) ျဖစ္ၿပီး ယခုအခါတြင္ ပင္မတံတားသံေပါင္ တပ္ဆင္ျခင္း လုပ္ငန္းမွာ ရာႏႈန္းျပည့္ ၿပီးစီးေနၿပီ ျဖစ္ပါတယ္။ ယခုအခါ ပင္မတံတား သံေပါင္ေပၚတြင္ သံကူကြန္ကရစ္ ၾကမ္းခင္း ေက်ာက္ျပားခင္းျခင္း လုပ္ငန္း၊ လက္ရန္းတပ္ဆင္ျခင္း လုပ္ငန္းႏွင့္ အေခ်ာသပ္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိပါတယ္။

 

တံတားႀကီး တည္ေဆာက္ၿပီးစီးပါက ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕ႏွင့္ စစ္ေတြၿမိဳ႕သို႔ လည္းေကာင္း၊ ခ်င္းျပည္နယ္ မတူပီၿမိဳ႕၊ မင္းတပ္ၿမိဳ႕ႏွင့္ ဟားခါးၿမိဳ႕သို႔ လည္းေကာင္း ကုန္းလမ္းခရီးျဖင့္ အခ်ိန္မေ႐ြးသြားလာႏိုင္ၿပီး ကုန္စည္စီးဆင္းမႈလည္း ျမန္ဆန္ျခင္းႏွင့္ ျပည္သူမ်ား စီးပြားေရး၊ က်န္းမာေရး၊ လူမႈေရး၊ ပညာေရး ပိုမို တိုးတက္လာမည္ျဖစ္ပါတယ္။

 

Myanmar Logistics Guide

 

 
Read times
Rate this item
(0 votes)