Local Industry

လေကြောင်းကုန်ပို့လုပ်ငန်းအကြောင်း တစေ့တစောင်း

လေကြောင်းကုန်ပို့လုပ်ငန်းအကြောင်း တစေ့တစောင်း google

ပြည်ပနှင့်ပြည်တွင်းလေဆိပ်များသို့ အထွေထွေ ကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများအား အချိန် နှင့်တစ်ပြေးညီ ဝန်ဆောင်မှုပေးနေသည့် လေကြောင်း ကုန်ပို့လုပ်ငန်းဆောင်ရွက်နေကြသည့် Mingalardon Cargo Services Public Co.,Ltd (MCS)၊ Myanmar Airways International Cargo Services၊ Myanmar National Airlines Cargo Services နှင့် Yangon Airport Group တို့၏ မြေပြင်ဝန်ဆောင်မှုနှင့် ကုန်ပို့ ဆောင်ရေးလုပ်ငန်းများအား တင်ပြအပ်ပါသည်။


Mingalardon Cargo Services Public Co.,Ltd (MCS) သည် 2020 Registered စတင်ခဲ့သည်။ MIC တင်ပြ၍ Permission ရခဲ့ခြင်းဖြစ်သည်။ ၂၀၁၂ ခုနှစ် တွင် Operation စတင်လုပ်ဆောင်ကာ Internatio- nal Export Air Cargo လုပ်ငန်းကို စတင်ဆောင်ရွက်နေ ခြင်းဖြစ်သည်။

 

MCS အနေဖြင့် International Standard ရှိသည့် လုပ်ငန်းအထောက်အကူပစ္စည်းများ တပ်ဆင်တည် ဆောက်ခဲ့သည် ကုန်ပစ္စည်းထားသိုမှု၊ ကုန်ပစ္စည်း အတွက် Security၊ လေယာဉ်ပေါ်တွင် ထားသိုနေရာချ ထားသည့်စနစ်၊ Training ပိုင်းတွင် International Standard နှင့်အညီပေးထားသည်။ Training ကိုလည်း သက်ဆိုင်ရာလုပ်ငန်းအလိုက်ပေးထားသည်။ ဤသို့ ဖြင့် လုပ်ငန်းအတွေ့အကြုံ Experience ရစေခဲ့သည်။ MCS အနေဖြင့် အဓိကဝန်ဆောင်မှုပေးသည်မှာ Terminal Service ပေးသည့်ကုမ္ပဏီဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင်မူ Private to Public သို့ ပြောင်းလဲဖွဲ့စည်း ခဲ့သည်။ ထို့နောက် Mingalardon Cargo Services Public Company Limited ဟူ၍ ဖြစ်ပေါ်လာခဲ့သည်။ MCS အနေဖြင့် အရည်အသွေးပြည့်ဝသည့် ဝန်ဆောင် မှုများဖြင့် Service ပေးလျက်ရှိပြီး ခေတ်မီနည်းပညာ များအား စဉ်ဆက်မပြတ် လိုက်လျောညီထွေဖြစ်သည့် Cargo Services ဖြစ်စေရေး Vision ထားရှိသည်။

 

MCS ၏ Mission မှာ Technology၊ Safety၊ Customer၊ Satisfaction ဖြစ်ရမည်။ Reliability ဖြစ် ရမည်ဟူသည့် Mission ထားရှိ ဝန်ဆောင်မှုပေးလျက်ရှိ သည်။ Motto ကတော့ Mission အတိုင်း အဆင်ပြေ ကျေနပ်စေသည့် Service ပေးနိုင်ရေး ကြိုးစားဆောင် ရွက်လျက်ရှိသည်။

 

Mingalardon Cargo Services Public Co.,Ltd (MCS) ၏ ဖွဲ့စည်းပုံသည် MD ဦးဆောင်သည်။ ထို့ နောက်တွင် Dy MD၊ Executive Director၊ Deputy Director စသည်ဖြင့် Department အလိုက်ဖွဲ့စည်းထား သည့် HR၊ Finance၊ Admin၊ IT၊ Quality Assurance နှင့် Operation ဟူ၍ ဖြစ်သည်။ Operation ကို တာ ဝန်ယူအုပ်ချုပ်သူမှာ General Manager ဖြစ်သည်။ အဓိက Roll Play လုပ်ဆောင်နေသည်မှာ Operation ဖြစ်သည်။ MCS ၏ ဝန်ထမ်းအင်အားတွင် Daily Wages က ပိုများသည်။ ကုန်ပစ္စည်းများတင်ပို့ရာတွင် Handle လုပ်သည့် ကုမ္ပဏီဖြစ်သောကြောင့် Daily Wages က ပိုများခြင်းလည်းဖြစ်သည်။ MCS သည် Ground Handling လုပ်ငန်းအား အဓိကဝန်ဆောင်မှု ပေးသည်။ ပြည်တွင်း/ ပြည်ပ ပျံသန်းပို့ဆောင်ပေးနေ သည့် MAI၊ YAG၊ MNA အစရှိသည့် လေကြောင်းလိုင်း များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

Freight Forwarder များ ပေးပို့လာသည့် Cargo ရောက်ရှိလာသည်နှင့် စိစစ်လက်ခံပြီး Weight ချိန်ခြင်း၊ Check လုပ်ပေးခြင်းနှင့် Screening ကတော့ X-Ray ဖြတ်ပေးသည့် Service များဆောင်ရွက်သည်။

 

Airline ၏ လိုအပ်ချက်အရ ပစ္စည်းအကြီးအသေး ပေါ်မူတည်ပြီး လေယာဉ်၏ အရှေ့၊ အနောက်၊ ဝမ်းဗိုက် ကုန်တင်ခန်းစသည့်နေရာများတွင် စနစ်တကျနေရာ ချထားမှုကို MCS က Service ပေးသည်။ အကြောင်း တစ်စုံတစ်ရာကြောင့် Flight Cancel ဖြစ်ပါက ပစ္စည်း များကို MCS တွင် ထိန်းသိမ်းပေးသည့် Service ပေး သည်။ သက်ဆိုင်ရာခရီးစဉ်အတွက် အဆင်သင့်ဖြစ် သည်ဆိုပါက Ground Handler ထံအပ်နှံကာ လေ ယာဉ်ပေါ်တင်ဆောင်၍ စနစ်တကျနေရာချထားပေး မှုကို ဆောင်ရွက်ပေးသည်။

 

Security ပိုင်းတွင် 24/ 7 Monitoring အနေဖြင့် CCTV များမှတစ်ဆင့် စောင့်ကြည့်ပြီး ရက် (၃၀)ကြာ တဲ့အထိ CCTV မှတ်တမ်းများအား မှတ်တမ်းထားရှိ ထားပါသည်။ Mingalardon Cargo Services Public Co.,Ltd (MCS) သည် ISO 9001: 2015 Quality Management System လက်မှတ်ကို ၂၀၁၇ ခုနှစ်၊ မတ်လ (၁)ရက်တွင် လက်ခံရရှိခဲ့သည်။ နှစ်စဉ်/ နှစ် ဝက် သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးမှုခံယူလျက်ရှိ ပြီး Global Compact လည်းရရှိထားပြီးဖြစ်သည်။

 

MCS နှင့် လက်တွဲလုပ်ကိုင်နေသည့် Customer Airlines အရေအတွက်မှာ ၂၀၁၉ ခုနှစ်အထိကို (၃၂)လိုင်းရှိသည်။ အပြည်ပြည်ဆိုင်ရာပို့ဆောင်သည့် International Only Services ကိုသာ ဝန်ဆောင်မှုပေး နေသည်။ MCS ၏ Future Plan အတွက် Warehouse အသစ်ကိုလည်း ဆောက်လျက်ရှိသည်။ ၎င်းမှာ လာ မည့် ဧပြီလတွင် စတင်လုပ်ငန်းလည်ပတ်မည်လည်း ဖြစ်သည်။ လက်ရှိတွင် တည်ဆောက်ရေးလုပ်ငန်း၏ (၉၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။

 

Myanmar Airways International Cargo Services (MAI)

 

MAI ၏ Ground Handling တွင် Passenger ပိုင်းနှင့် Cargo ပိုင်းဟူ၍ အဓိကဝန်ဆောင်မှုပေးနေ သည်။ Passenger ပိုင်းတွင် Checking၊ Load control (Load control ဆိုသည်မှာ Aircraft ကို Balancing လုပ်ပေးသည့်ဌာန)၊ rank handling (ကုန်စည်များ တင်/ ချသည့် team)၊ equipment team (လေယာဉ် တွင်လိုအပ်သည့်ပစ္စည်းများ ချိတ်ဆက်ပေးသည့်အဖွဲ့)၊ လေယာဉ်အတွင်း သန့်ရှင်းရေး team ဟူ၍ ဆောင်ရွက် ပေးနေခြင်းဖြစ်သည်။ Baggage ပိုင်းတွင် ပြည်တွင်း လိုင်းဖြစ်သော Air KBZ ကို Service ပေးလျက်ရှိသည်။ ပြည်ပကိုမူ လေကြောင်းလိုင်း (၁၄)လိုင်းကို Service ပေးလျက်ရှိသည်။ MAI ၏ ပြည်တွင်းပိုင်းတွင် passenger ပိုင်းနှင့် baggage ပိုင်းအပြင် cargo ပိုင်းကို လည်း service ပေးလျက်ရှိသည်။

 

passenger ပိုင်းတွင် ခရီးသည်များကို ကောင် တာတွင်လက်ခံပေးခြင်း၊ သတ်မှတ်ထားသည့် နည်း လမ်းများအတိုင်း စစ်ဆေးပေးခြင်း၊ လေယာဉ်ပေါ်ပါ ခရီးသည်များကို welcoming လုပ်ပေးခြင်း၊ ခရီးသည် များအပ်နှံထားသည့်ပစ္စည်းများ ကိုက်ညီမှုရှိ/မရှိ စစ် ဆေးပေးခြင်းများအား ရန်ကုန်နှင့် မန္တလေးလေဆိပ် တို့တွင် Air KBZ ကို Service ပေးနေခြင်းဖြစ်သည်။


MAI သည် ဝန်ထမ်းများ၏ Qualifications ကို အထူးဂရုပြုဖြည့်ဆည်းပေးလျက်ရှိပါသည်။ MAI Service ပေးနေသည့် လေကြောင်းလိုင်းများမှာ 5 star နှင့် The World Bus Airline များဖြစ်သည်။ စင်ကာပူလေကြောင်းလိုင်းက သူတို့၏ Qualifications မြှင့်ထားသောကြောင့် ၎င်းတို့နှင့် လိုက်မီစေရန် ဝန်ထမ်းများကို Full Fill မပျက်မြှင့်တင်ပေးနေသည်။

 

Air KBZ ကို ဝန်ဆောင်မှုပေးသကဲ့သို့ အခြား သောလေကြောင်းလိုင်းများစိတ်ဝင်စားမှုရှိပါက ဝန် ဆောင်မှုပေးရန်အသင့်လည်းဖြစ်နေသည်။ ထို့အပြင် MAI ၌ Training Center ဖွင့်၍ သင်တန်းများပို့ချပေး လျက်ရှိသည်။ ရည်ရွယ်ချက်မှာ Airlines Development တစ်ခုတည်းအတွက်သာမက နိုင်ငံ၏ Aviation Industry Development ကို ဦးတည်ချက်ထားရှိ သည်။


National logistics Team ပေါ်လာစေရေးအတွက် သုတေသနပြုချက်များ၊ ပူးပေါင်းဆောင်ရွက်ရမည့် အစီအမံများ၊ အပြည်ပြည်ဆိုင်ရာ လေကြောင်းပို့ဆောင် ရေးဆိုင်ရာများ၊ လေကြောင်းလိုင်းများရင်ဆိုင်နေရ သည့် စိန်ခေါ်မှုများ၊ ပြုပြင်စရာများစွာရှိသည်။ ခရီး သွားများအား aviation နှင့် ပတ်သက်သည့် educated လုပ်ရန်အစီအမံများလည်းရှိသည်။National logistics Team မှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်တွင်ရှိပါသည်။

 

Myanmar National Airline Cargo Services (MNA)


ပြည်ပလုပ်ငန်းများအတွက် A၊ B၊ C ဟူ၍ သုံးဆိုင်း ဖြင့် ဆောင်ရွက်လျက်ရှိပြီး ပြည်ပအတွက် ကုန်ပစ္စည်း များလာရောက်ပို့ဆောင်ပါက Weight ချိန်ခြင်း၊ Check List ရေးသွင်းခြင်း၊ X- ray ဖြတ်၍ MCS က Security Form ဖြည့်ကာ လေယာဉ်ကွင်းသို့ပို့ပြီး ထုပ်ပိုး မှုနှင့် သတ်မှတ်အတိုင်းအတာစသည်များကို စိစစ်ပေး ရသည်။


Internal Export ကို YACL ကဖွင့်ထားသော Warehouse မှာအပ်ရပါတယ်။ ထိုနေရာတွင် Accept လုပ်တာတစ်ယောက်၊ Built up လုပ်တာတစ်ယောက် ထားရှိသည်။ ဒီမှာတော့ Damage မဖြစ်ဘူး။ ဟိုဘက် ရောက်မှ Damage ဖြစ်သွားရင် ဒီဘက်ကို Report တင်ရသည်။ ဟိုဘက်ရောက်မှဖြစ်သည့်အတွက် ဟို ဘက် Air Side က စိစစ်ဆောင်ရွက်ရသည်။

 

သတ်မှတ်ထားသည့် လေယာဉ်ဖြင့် ရန်ကုန်မှ စင်ကာပူ၊ ဘန်ကောက်၊ ဟောင်ကောင်သို့ ပြေးဆွဲပို့ ဆောင်ပေးနေခြင်းဖြစ်သည်။ သတ်မှတ်ချက်က 15 CPN ထက်မကျော်ရပေ။ ခရီးသည်များပါက တင်ပို့မှုလျော့ ကျမည်ဖြစ်သည်။

 

ပြည်တွင်းလုပ်ငန်းတွင် နှစ်ဆိုင်းထားရှိဆောင် ရွက်နေခြင်းဖြစ်သည်။ ပြည်တွင်းလက်ခံရာတွင် အစိုးရ နှင့် ပုဂ္ဂလိကဟူ၍ ထားရှိသည်။ ခရီးသည်များ၏ ပစ္စည်းများကို ကန့်သတ်ပစ္စည်းပါ/မပါ စိစစ်မည်လည်း ဖြစ်သည်။ ထို့နောက်တွင် Air Cargo Manifest တွင် ပို့သူအမည်နှင့် ဖုန်းနံပါတ် လက်ခံမည့်သူ၏ အမည်နှင့် ဖုန်းနံပါတ်ပစ္စည်းအမျိုးအစား အလေးချိန်စသည်တို့ကို ဖြည့်သွင်းရပါသည်။ ထို့နောက် သက်ဆိုင်ရာလေကြောင်း ခရီး၌ တင်ပေးသည်။ ပစ္စည်းတင်ပို့ရာတွင် အလွန် သေးငယ်သည့် ပစ္စည်းများအား လက်ခံဆောင်ရွက် ခြင်းမပြုပေ။ အနည်းဆုံး A4 ပုံးဆိုဒ်ကို လက်ခံဆောင် ရွက်ပေးသည်။ Port to Port သာဆောင်ရွက်ပေးသည်။ Door to Door ဆောင်ရွက်နိုင်ခြင်းမရှိသေးပေ။


တင်ပို့သည့် လေယာဉ်မှာ ခရီးသည်တင်လေ ယာဉ်ဖြစ်သည့်အတွက်ကြောင့် ခရီးသည်များ၏ Baggage များ တင်ပြီးမှရသည့် Weight ပေါ်တွက်ချက် ၍ Cargo တင်ရခြင်းဖြစ်သည်။ ကျန်ရှိခဲ့ပါက နောက် တစ်နေ့လေယာဉ်များဖြင့် ဆက်လက်တင်ပို့ပေးပါ သည်။

 

Yangon Airport Group

 

လေကြောင်းလိုင်းများ၏ မြေပြင်ဝန်ဆောင်မှုကို အဓိကဆောင်ရွက်ပေးလျက်ရှိသည်။ ခရီးသည်ဝန် ဆောင်မှု၊ ကုန်ပစ္စည်းဝန်ဆောင်မှုနှင့် GSE ဆိုသည့် Ground Equipment နှင့်ပတ်သက်သည့် Service ဝန်ဆောင်မှု စုစုပေါင်းသုံးခုဆောင်ရွက်ပေးလျက်ရှိသည်။
Passenger Service တွင် ခရီးသည်များအတွက် Checking ပြုလုပ်ပြီး ၎င်း၏ အပ်နှံပစ္စည်းများအတွက် Baggage Service ဆောင်ရွက်ပေးသည်။ Special Service ဟုခေါ်သည့် အချို့သောခရီးသည်များအတွက် Wheelchair စီစဉ်ပေးခြင်း၊ အသက်မပြည့်သေးသည့် ကလေးငယ်များအတွက် ခရီးသွားလာရာ၌ တစ်ဦး တည်းသွားလာခွင့်မပြုသည့် ဥပဒေရှိပါသည်။

 

အဆိုပါကလေးငယ်များမှာ အသက် (၁၂)နှစ်နှင့် အထက် (၁၈)နှစ်နှင့်အောက်ကလေးများအတွက် ၎င်း တို့၏ မိဘများကခွင့်ပြုပါက သွားလာခွင့်ပြုပေးသည်။ (၁၂)နှစ်အောက် ကလေးဆိုပါက မိဘမပါသော်လည်း အစောင့်အရှောက်ပါက သွားလာခွင့်ပြုသည်။ အစောင့် အရှောက်မပါခဲ့သော် ခရီးသည်ဝန်ဆောင်မှုအနေဖြင့် ခရီးသည်လက်ခံသည့်နေရာမှ လေယာဉ်ပေါ်ရောက် သည်အထိ အစောင့်အရှောက်ဖြင့်လိုက်ပါပို့ဆောင်ပေးပြီး အဆိုပါခရီးသည်ကို လေယာဉ် Crew များထံ အပ်နှံပေးရသည်။

 

Baggage အပိုင်းတွင် လေကြောင်းလိုင်းများ တွေ့ကြုံရသည့် အခက်အခဲတစ်ခုဖြစ်သည့် ခရီးသည် အပ်နှံထားသည့်အိတ်ပါမလာခြင်း၊ အိတ်ပျက်စီးခြင်း တို့ဖြစ်ပေါ်သည့်အခါတွင် Complain ကြုံရတတ်သည်။

 

နိုင်ငံနှင့်သက်ဆိုင်သော Geneva Convention၊ Warsaw Convention၊ Montreal Convention များ တွင် လက်မှတ်ထိုးထားသည့်အပေါ်မူတည်၍ ငွေကြေး ကိစ္စများကို Claem ပေးရခြင်းဖြစ်သည်။လေကြောင်းခရီးစဉ် အသုံးပြုကြသူများအတွက် သိမှတ်စရာ အကြောင်းအရာတစ်ခုဖြစ်သည့် Air Cargo လုပ်ငန်းဆောင်တာများမှ အချို့အားဖော်ပြ ပေးခြင်းဖြစ်ပါသည်။

 

>>>Zawgyi<<<

 






 


 


 


 


 


 


 


 


 


 


 




 






 


 




 

Yangon Airport Group

 


 


 


 

Transportation Services သယ်ယူပို့ဆောင်ရေးလုပ်ငန်းပေါင်း ၇၉၀ ကိုရှာရန်နှိပ်ပါ

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)