Local Industry

ပေးမှာလားမပေးဘူးလား ဝေခွဲရခက်နေတဲ့ အစိုးရဝန်ထမ်းကားပါမစ်

ပေးမှာလားမပေးဘူးလား ဝေခွဲရခက်နေတဲ့ အစိုးရဝန်ထမ်းကားပါမစ် google

အစိုးရဝန်ထမ်းတွေကို ကားတင်သွင်းခွင့်ပေးမယ့်ကိစ္စဟာ နိုင်ငံတော်သမ္မတရုံးက နှုတ်မိန့်နဲ့ ဆိုင်းငံ့ထားတာဖြစ်ပါတယ်။ ယင်းကိစ္စနဲ့ပတ်ဆက်ပြီး မနေ့ကကျင်းပခဲ့တဲ့ နိုင်ငံတော်သမ္မတရုံး သတင်းစာလင်းပွဲတွင် နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကယခုလိုပြောကြားသွားခဲ့ပါတယ်။

 

"ကျွန်တော်တို့ပြောထားတာက ဒါတွေကိုရပ်ဆိုင်းထားပါတယ်။ အခုသုံးသပ်ချက်တွေလုပ်နေတုန်းပဲရှိပါသေးတယ်။ အဓိကကတော့ ပြည်တွင်းမှာထုတ်လုပ်တပ်ဆင်တဲ့ SKD ကုမ္ပဏီတွေရှိတယ်။ နောက် Showrooms တွေရှိတယ်။ နောက် ပြည်ပကနေ တစ်နှစ်တစ်နှစ်တင်သွင်းတဲ့ ကားအရေအတွက်၊ နောက် ပြည်တွင်းမှာရောင်းချရတဲ့ ကားအရေအတွက် အသေးစိတ်၊ ဒီအပေါ်မှာ ဈေးကွက်အနေအထားတွေကိုသုံးသပ်နေပါတယ်။ ကျွန်တော်တို့ပေးလိုက်ရင် ပင်စင်စားဘယ်နှစ်ယောက်ကိုပေးရမလဲ စတာတွေကို ပြန်တွက်နေပါတယ်။ လောလောဆယ်တော့ လေ့လာသုံးသပ်ဆဲဖြစ်ပါတယ်။ ဒါကြောင့် ရပ်ဆိုင်းထားဆဲဖြစ်ပါတယ်။ ကျွန်တော်ပြောတာက ရပ်ဆိုင်းထားတယ်၊ သုံးသပ်ချက်အပေါ်မူတည်ပြီးဆောင်ရွက်သွားမှာပါ ဟု" ပြောကြားသွားခဲ့ပါတယ်။

 

ဒီလိုပြောကြားချက်ကြောင့် ပေးမှာလား မပေးဘူးလားဆိုတာဝေခွဲရခက်နေပါတယ်။

 

Map Publishers မြို့တွင်းလမ်းညွှန်ဝန်ဆောင်မှုများကိုရှာဖွေရန်နှိပ်ပါ

 

<<<Zawgyi>>>

 

ေပးမွာလားမေပးဘူးလား ေဝခြဲရခက္ေနတဲ့ အစိုးရဝန္ထမ္းကားပါမစ္

 

အစိုးရဝန္ထမ္းေတြကို ကားတင္သြင္းခြင့္ေပးမယ့္ကိစၥဟာ ႏိုင္ငံေတာ္သမၼတရံုးက ႏႈတ္မိန္႔နဲ႔ ဆိုင္းငံ့ထားတာျဖစ္ပါတယ္။ ယင္းကိစၥနဲ႔ပတ္ဆက္ၿပီး မေန႔ကက်င္းပခဲ့တဲ့ ႏိုင္ငံေတာ္သမၼတရံုး သတင္းစာလင္းပြဲတြင္ ႏုိင္ငံေတာ္သမၼတရုံးညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးကယခုလိုေျပာၾကားသြားခဲ့ပါတယ္။

 

"ကြၽန္ေတာ္တို႔ေျပာထားတာက ဒါေတြကိုရပ္ဆိုင္းထားပါတယ္။ အခုသုံးသပ္ခ်က္ေတြလုပ္ေနတုန္းပဲရွိပါေသးတယ္။ အဓိကကေတာ့ ျပည္တြင္းမွာထုတ္လုပ္တပ္ဆင္တဲ့ SKD ကုမၸဏီေတြရွိတယ္။ ေနာက္ Showrooms ေတြရွိတယ္။ ေနာက္ ျပည္ပကေန တစ္ႏွစ္တစ္ႏွစ္တင္သြင္းတဲ့ ကားအေရအတြက္၊ ေနာက္ ျပည္တြင္းမွာေရာင္းခ်ရတဲ့ ကားအေရအတြက္ အေသးစိတ္၊ ဒီအေပၚမွာ ေဈးကြက္အေနအထားေတြကိုသုံးသပ္ေနပါတယ္။ ကြၽန္ေတာ္တို႔ေပးလိုက္ရင္ ပင္စင္စားဘယ္ႏွစ္ေယာက္ကိုေပးရမလဲ စတာေတြကို ျပန္တြက္ေနပါတယ္။ ေလာေလာဆယ္ေတာ့ ေလ့လာသုံးသပ္ဆဲျဖစ္ပါတယ္။ ဒါေၾကာင့္ ရပ္ဆိုင္းထားဆဲျဖစ္ပါတယ္။ ကြၽန္ေတာ္ေျပာတာက ရပ္ဆိုင္းထားတယ္၊ သုံးသပ္ခ်က္အေပၚမူတည္ၿပီးေဆာင္႐ြက္သြားမွာပါ ဟု" ေျပာၾကားသြားခဲ့ပါတယ္။

 

ဒီလိုေျပာၾကားခ်က္ေၾကာင့္ ေပးမွာလား မေပးဘူးလားဆိုတာေဝခြဲရခက္ေနပါတယ္။

 

ကားအမည္ေျပာင္းေလွ်ာက္ရန္

 

Map Publishers ၿမိဳ႕တြင္းလမ္းၫႊန္ဝန္ေဆာင္မႈမ်ားကိုရွာေဖြရန္ႏွိပ္ပါ

 

Myanmar Logistics Guide

 

 

 

Read times
Rate this item
(0 votes)