Local Industry

ခုနှစ်ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သည့် ဒလတံတားစီမံကိန်း

ခုနှစ်ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သည့် ဒလတံတားစီမံကိန်း google

တောင်ကိုရီးယားနှင့် မြန်မာတို့ ပူးပေါင်းကာဆောက်လုပ်နေသည့် ဒလတံတားစီမံကိန်းသည် ၂ဝ၁၉မေလ မှစတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် စီမံကိန်းတစ်ခုလုံး၏ ခုနှစ်ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သည်။

 


ဒလတံတားစီးမံကိန်းကို တောင်ကိုရီးယားနိုင်ငံက ချေးငွေ အမေရိကန်ဒေါ်လာ ၁၇၅ဒဿမ ၈၃သန်း၊ မြန်မာဘက်မှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ၃ဝဒဿမ ၃၄သန်း စုစုပေါင်း အမေရိကန် ၁၈၈ဒဿမ ၁၇ သန်းဖြင့် တည်ဆောက်နေခြင်းဖြစ်သည်။

 


တံတားအရှည် ၁၈၆၇မီတာ၊အကျယ် ၂၆ဒဿမ ၅မီတာဖြစ်ပြီး လေးလမ်းသွား ဘိုးပိုင်အုတ်မြစ်၊သံကူ ကွန်ကရစ် ကိုယ်ထည်ပေါ်တွင် သံမဏိ ကြိုးဆိုင်းတံတားဖြစ်ကာ တံတား၏ခံနိုင်ဝန်မှာ ၇၅တန်ဖြစ်သည်။

 


လက်ရှိတွင် Batching Plant နှင့် Casting Yardများဆောင်ရွက်ထားမှု၊ဘိုးပိုင်တူးခြင်းလုပ်ငန်းများ၊ပိုင်ထိပ်အုပ် လုပ်ငန်းအခြေအနေများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဒေါက်တာကျော်လင်းက သွားရောက်စစ်ဆေးခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီကောင်းမွန်စေရေးနှင့် လုပ်ငန်းခွင် အန္တာရာယ် ကင်းရှင်းစေရေး စသည့်အချက်များကို အဓိကထားဆောင်ရွက်ကြရန်မှာကြားခဲ့သည်။

 


ယင်းစီမံကိန်းကို ၂ဝ၁၉မေလမှ စတင်ကာအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး လာမည့် ၂ဝ၂၂ အောက်တိုဘာတွင် အပြီးသတ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

 

Traffic Police Stations ယာဉ်ထိန်းရုံး ၃၄ခုကိုရှာဖွေရန်နှိပ်ပါ

 

<<<Zawgyi>>>

 


 


 



 



 



 



 

Source : Myanmar Builder Guide

 


 


Myanmar 
Logistics Guide

 

Read times
Rate this item
(0 votes)