Local Industry

အမေရိကန်ဒေါ်လာ ၄ သန်းခွဲ ကို ဗဟိုဘဏ် က ၂ ရက် အတွင်း ဈေးပြိုင်လေလံဖြင့် ဝယ်ယူ

မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် မေ၂၁ ရက်မှ ၂၂ ရက် တွင် ၂ ရက်အတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်း အား


နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့် ဝယ်ယူခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၏ ထုတ်ပြန်ချက်အရသိရသည်။

နေပြည်တော်စည်ပင်ဘဏ်ဥက္ကဋ္ဌ ဦးရဲမင်းဦး က “ဗဟိုဘဏ်ရဲ့ လက်ရှိဆောင်ရွက်ချက် က အလွန်အကျွံ အတက်အကျ မဖြစ်အောင် ဂျမ်းတုံးလေးတွေ ခုပေးတဲ့ သဘောပဲ။ ဗဟိုဘဏ်က ဈေးကွက် တည်ငြိမ်မှု ကို အဓိက ဆောင်ရွက်တာဖြစ်တယ်။ရုတ်တရက်ကြီး ဈေးတက်တာ၊ ကျတာ မရှိအောင် ဆောင်ရွက်ပေးတဲ့ သဘောပါပဲ’’ ဟုဆင်ဟွာကို မေ ၂၂ ရက်တွင် ပြောသည်။

ကမ္ဘောဇဘဏ် ၏ အကြီးတန်းအကြံပေး ဦးသန်းလွင်က “ဗဟိုဘဏ်က ဒေါ်လာကို အခုလိုဝယ်တာကောင်းပါတယ်။ ငွေဈေးကွက် ကို ထိန်းကျောင်းပေးတဲ့ သဘောပါပဲ ဟုဆင်ဟွာသို့ပြောသည်။

မေ ၂၁ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၃ သန်း ကို နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့်ဝယ်ယူခဲ့ကာ လေလံအတွက် ပျမ်းမျှငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာလျှင် ၁၄၀၇ဒသမ ၄ ကျပ်ဖြစ်ကြောင်း၊ မေ ၂၂ ရက်တွင် အမေရိကန်ဒေါ်လာ ၁ဒသမ၅ သန်းကို ဈေးပြိုင်လေလံဖြင့် ဝယ်ယူခဲ့ကာ လေလံအတွက် ပျမ်းမျှငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာလျှင် ၁၄၀၆ ဒသမ ၈ ကျပ်ဖြစ်ကြောင်း သိရသည်။

စီးပွားရေးအကြံပေးတစ်ဦးဖြစ်သူ ကိုစိုင်း က “ဗဟိုဘဏ်က ဝယ်ပေးတဲ့ အတွက် အကျ ကို ထိန်းပေးတဲ့ သဘောဖြစ်သွားတယ်။ အမေရိကန်ဒေါ်လာ ဈေးက ၁၄၀၀ ဝန်းကျင်မှာပဲ အတက်အကျဖြစ်နိုင်မယ် လို့ ခန့်မှန်းရပါတယ်’’ ဟုပြောသည်။

မေ ၂၂ ရက် တွင် ပြင်ပ ငွေလဲစင်တာတစ်ချို့ တွင် အမေရိကန်တစ်ဒေါ်လာ ကို မြန်မာငွေ ၁၄၀၈ ကျပ်ပေါက်ဈေးရှိသည်။

(Xinhua)

ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ အေနျဖင့္ ေမ၂၁ ရက္မွ ၂၂ ရက္ တြင္ ၂ ရက္အတြင္း အေမရိကန္ေဒၚလာ ၄ ဒသမ ၅ သန္း အား ႏိုင္ငံျခားေငြ ေဈးၿပိဳင္ေလလံျဖင့္ ဝယ္ယူခဲ့ေၾကာင္း ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ ၏ ထုတ္ျပန္ခ်က္အရသိရသည္။

ေနျပည္ေတာ္စည္ပင္ဘဏ္ဥကၠ႒ ဦးရဲမင္းဦး က “ဗဟိုဘဏ္ရဲ႕ လက္ရွိေဆာင္႐ြက္ခ်က္ က အလြန္အကြၽံ အတက္အက် မျဖစ္ေအာင္ ဂ်မ္းတုံးေလးေတြ ခုေပးတဲ့ သေဘာပဲ။ ဗဟိုဘဏ္က ေဈးကြက္ တည္ၿငိမ္မႈ ကို အဓိက ေဆာင္႐ြက္တာျဖစ္တယ္။႐ုတ္တရက္ႀကီး ေဈးတက္တာ၊ က်တာ မရွိေအာင္ ေဆာင္႐ြက္ေပးတဲ့ သေဘာပါပဲ’’ ဟုဆင္ဟြာကို ေမ ၂၂ ရက္တြင္ ေျပာသည္။

ကေမာၻဇဘဏ္ ၏ အႀကီးတန္းအႀကံေပး ဦးသန္းလြင္က “ဗဟိုဘဏ္က ေဒၚလာကို အခုလိုဝယ္တာေကာင္းပါတယ္။ ေငြေဈးကြက္ ကို ထိန္းေက်ာင္းေပးတဲ့ သေဘာပါပဲ ဟုဆင္ဟြာသို႔ေျပာသည္။

ေမ ၂၁ ရက္တြင္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က အေမရိကန္ေဒၚလာ ၃ သန္း ကို ႏိုင္ငံျခားေငြ ေဈးၿပိဳင္ေလလံျဖင့္ဝယ္ယူခဲ့ကာ ေလလံအတြက္ ပ်မ္းမွ်ေငြလဲလွယ္ႏႈန္းမွာ တစ္ေဒၚလာလွ်င္ ၁၄၀၇ဒသမ ၄ က်ပ္ျဖစ္ေၾကာင္း၊ ေမ ၂၂ ရက္တြင္ အေမရိကန္ေဒၚလာ ၁ဒသမ၅ သန္းကို ေဈးၿပိဳင္ေလလံျဖင့္ ဝယ္ယူခဲ့ကာ ေလလံအတြက္ ပ်မ္းမွ်ေငြလဲလွယ္ႏႈန္းမွာ တစ္ေဒၚလာလွ်င္ ၁၄၀၆ ဒသမ ၈ က်ပ္ျဖစ္ေၾကာင္း သိရသည္။

စီးပြားေရးအႀကံေပးတစ္ဦးျဖစ္သူ ကိုစိုင္း က “ဗဟိုဘဏ္က ဝယ္ေပးတဲ့ အတြက္ အက် ကို ထိန္းေပးတဲ့ သေဘာျဖစ္သြားတယ္။ အေမရိကန္ေဒၚလာ ေဈးက ၁၄၀၀ ဝန္းက်င္မွာပဲ အတက္အက်ျဖစ္ႏိုင္မယ္ လို႔ ခန႔္မွန္းရပါတယ္’’ ဟုေျပာသည္။

ေမ ၂၂ ရက္ တြင္ ျပင္ပ ေငြလဲစင္တာတစ္ခ်ိဳ႕ တြင္ အေမရိကန္တစ္ေဒၚလာ ကို ျမန္မာေငြ ၁၄၀၈ က်ပ္ေပါက္ေဈးရွိသည္။ (Xinhua)

Read times
Rate this item
(0 votes)