Local Industry

မြဝတီအကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၏ သက်တမ်းတိုး လျှောက်ထားမှု ဖိုင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ပေးမည်

အသင်းဝင်အသစ်/သက်တမ်းတိုး ဖိုင်စစ်ဆေးခြင်း အတွက် သိရှိလိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးအပ်ပါသည်။ 

မြဝတီအကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ၏အသင်းဝင် Agency’s များ အသင်းဝင်အသစ်/သက်တမ်းတိုး လျှောက်ထားမှု ဖိုင်စစ်ဆေးခြင်းလုပ်ငန်းများကို မြဝတီမြို့နယ်အကောက်ခွန်ဦးစီးဌာနရုံးတွင် (9.6.2020)ရက်နေ့မှ (26.6.2020)ရက်နေ့ထိ ရုံးချိန်အတွင် (နံနက် ၉:၀၀ နာရီမှ ညနေ၅:၀၀)ထိ စစ်ဆေးဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းအသိပေးအပ်ပါသည်။

 

တစ်ရက်လျှင် agency’s (10)ဖွဲ့ကိုသာစစ်ဆေးပေးပါမည်။ မှတ်ချက် - ဖိုင်စစ်ဆေးသည့်လုပ်ငန်းဆောင်ရွက်မှုမြန်ဆန်စွာဆောင်ရွက်နိုင်ရန်အတွက်မိမိတို့ ဖိုင်များကိုမိမိတို့ကိုယ်တိုင် သေချာစစ်ဆေးဆောင်ရွက်လာကြပါရန်အသိပေးအပ်ပါသည်။

 

-မည်သည့်အေဂျင်စီတွင်မှလုပ်ငန်းဝင်ရောက်ဆောင်ရွက်ထားခြင်းမရှိဘူးသေးသည့် ယခုမှ အဝါကဒ် စတင်လျှောက်ထားဆောင်ရွက်မည့်သူသည် ကိုယ်ရေးအချက်အလက်ဖြည့်စွက်သည့်ပုံစံနမူနာကိုပူးတွဲကြေညာပေးထားသည့်အတိုင်း ဖြည့်စွက်ရပါမည်။

 

သိရှိလိုသည်များရှိပါက အောက်ပါပုဂ္ဂိုလ်များထံဆက်သွယ်မေးမြန်းနိုင်ပါသည်- ဦးဇော်မင်းထွေး ၀၉၅၆၇၀၁၄၂ ၊ ဦးချမ်းသာ ၀၉၅၆၇၀၄၄၄

 

 

 

 

 

 

No photo description available.

 

 

Read times
Rate this item
(0 votes)