Local Industry

သင်္ဘောသား ၄၃ ယောက်ပါသော တိရစ္ဆာန် တင်တဲ့သင်္ဘော အရှေ့တရုတ် ပင်လယ်တွင် နစ်မြုတ်ပျောက်ဆုံး

သင်္ဘောသား ၄၃ ယောက်ပါသော တိရစ္ဆာန် တင်တဲ့သင်္ဘော အရှေ့တရုတ် ပင်လယ်တွင်နစ်မြုတ်ပျောက်ဆုံး

 

စက်တင်ဘာ ၂ရက်နေ့ မနက် ဒေသစံတော်ချိန် ၀၁:၄၅ နာရီအချိန်ခန့်က ဂျပန် ရူကျူး ကျွန်း၏ အနောက် မိုင် ၁၀၀ ခန့် တွင်ရှိသော Gulf Livestock 1 သင်္ဘော ပေါ် မှ အရေးပေါ် အချက်ပေးမှု ကို လက်ခံ ရရှိခဲ့ပါတယ်။

 

အဆိုပါ သင်္ဘောဟာ ထိုအချိန်မှာ နယူးဇီလန်မှ တရုတ်ပြည်သို့ တိရစ္ဆာန် များ တင်ဆောင်ခုတ်မောင်း လာချိန် လဲ ဖြစ်ပါတယ်။ ရှာဖွေ ကယ်ဆယ်ရေး လေယာဉ် ကို အခင်းဖြစ်အရပ် သို့ စေလွှတ်ရှာဖွေ စေခဲ့ သော်လဲ အစအန တောင် မတွေ့သေးပါဘူး။

 

ဆက်လက်ရှာဖွေနေဆဲ ဖြစ်သလို ကယ်ဆယ်ရေး ရေယာဉ် HAYATO ဟာလဲ ယနေ့ဂျပန် စံတော်ချိန် ၁၅၀၀ နာရီခန့်မှာအဆိုပါနေရာ ကို ရောက်ရှိနေပါတယ်။

 

AIS မှတ်တမ်းများအရ အခင်းဖြစ်သင်္ဘောသည် စက်တင်ဘာ ၁ ရက် ၁၂၃၀ UTC အချိန် ခန့်ထဲက မြောပါနေတယ် လို့ ယူဆရပါတယ်။

 

အားလုံး အန္တရာယ်ကင်းစွာနဲ့ ပြန်လည်ကယ်ဆယ်နိုင်ပါစေ။

 

Captain Win

Read times
Rate this item
(6 votes)