Local Industry

ကိုဗစ်စစ်မည့် သင်္ဘောသားများအတွက် MOHS ရဲ့ ညွှန်ကြားချက်

ကိုဗစ်စစ်မည့် သင်္ဘောသားများအတွက် MOHS ရဲ့ ညွှန်ကြားချက်ကို ဖော်ပြပေးလိုက်ပါတယ်။

 

COVID-19 ရှိ/ မရှိ ဓါတ်ခွဲစစ်ဆေးခြင်းနှင့်ပတ်သက်၍ ပြည်ပသို့သွားရောက်မည့် သင်္ဘောသားများ ၊လိုက်နာရမည့်အချက်များ


၁။ COVID-19 ရှိ/ မရှိ ဓါတ်ခွဲနမူနာ မရယူမီ (၂)ပတ်အလိုမှစတင်၍ မိမိအိမ်တွင်သာ နေထိုင်ရန်၊ အရေးတကြီးကိစ္စဖြင့် အပြင်ထွက်ရပါက Mask တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ချမှတ်ထားသော လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ရန်။

 

၂။ COVID-19 ရှိ/ မရှိ ဓါတ်ခွဲနမူနာရယူရန်အတွက် မိုးလုံလေလုံ အောင်ဆန်းအားကစားကွင်း စုရပ်သို့ လာရောက်ရာတွင် နှာခေါင်းစည်း Mask နှင့် မျက်နှာအကာ(Faceshield) တပ်ဆင်လာရန်၊ လက်အိတ်ဝတ်ဆင်လာရန်။

 

၃။ သတ်မှတ်နေရာမှ ဓါတ်ခွဲနမူနာရယူသည့်နေရာသို့ သွားရောက်ရာတွင် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာတွင် အထူးဂရုပြုနေထိုင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ရန်။

 

၄။ ဓါတ်ခွဲနမူနာရယူပြီးပါက သက်ဆိုင်ရာကုမ္ပဏီမှ ကြိုတင်ညှိနှိုင်း သတ်မှတ်ထားသောနေရာ တွင် တစ်ဦးတည်းသီးသန့်နေထိုင်ရန်နှင့် သက်ဆိုင်ရာ လေယာဉ်ကွင်း/ သင်္ဘောဆိပ်သို့သွား မည့် အချိန်အထိ ထိတွေ့မှုအနည်းဆုံး နေထိုင်လိုက်နာရန်။

 

၅။ ဓါတ်ခွဲနမူနာမရယူမီ (၁)ရက် အလိုမှစတင်၍ အရက်သောက်ခြင်း၊ ကွမ်းစားခြင်းမပြုလုပ်ရန်။

 

၆။ သက်ဆိုင်ရာ လေယာဉ်ကွင်း/ သင်္ဘောဆိပ်သို့ သွားရောက်ရာလမ်းတွင် နှာခေါင်းစည်း Mask နှင့် မျက်နှာအကာ(Face shield) တပ်ဆင်ရန်နှင့် လက်အိတ်ဝတ်ဆင်ရန်။ ၇။ Swab ယူဆောင်ရာ ဝင်းအတွင်း တစ်ဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ အဖွဲ့အစည်းအလိုက်ဖြစ်စေ ဓါတ်ပုံ Video ရိုက်ကူးခြင်းအား ခွင့်ပြုချက်မရဘဲ ဆောင်ရွက်ခြင်းမပြုပါရန်နှင့် Social Media (Facebook, Twitter, etc) များတွင် တင်ခြင်းမပြုလုပ်ရန် ပြင်းထန်းစွာ တားမြစ်ပါသည်။

Read times
Rate this item
(0 votes)