Local Industry

MAI မှ ရန်ကုန်-ကွမ်ကျိုးခရီးစဉ် ခရီးသည်များ ကျပ် လေးသိန်းဖြင့် ဆေးစစ်ပေးမည့် အစီအစဉ်

MAI (Myanmar Airways International)မှ ရန်ကုန်-ကွမ်ကျိုးခရီးစဉ်တွင်လိုက်ပါမည့် ခရီးသည်များ၏ ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းစဉ်များအတွက်ဆောင်ရွက်ပေးမည့် အစီအစဉ်ကို အသိပေးကြေညာထားပါသည်။

ဝိတိုရိယဆေးရုံနှင့် MAI ၏ပူးပေါင်းဆောင်ရွက်မှုဖြင့် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းမှ ပြေးဆွဲမည့် ရန်ကုန်-ကွမ်ကျိုးခရီးစဉ်တွင်လိုက်ပါမည့် ခရီးသည်များအနေဖြင့် ခရီးသွားလာမှုလိုအပ်ချက်အရ ထွက်ခွာရက်မတိုင်မီ ၄၈ နာရီအတွင်း မဖြစ်မနေစစ်ဆေးရန်လိုအပ်သော Nucleic Acid နှင့် IgM anti-body စသည့်ကျန်းမာရေးစစ်ဆေးမှုများကို IBC ခန်းမရှိ MAI ရုံးချုပ်တွင် အောက်ဖော်ပြပါနေ့ရက်အချိန်စာရင်းအတိုင်းလာရောက်စစ်ဆေးနိုင်ကြောင်းအသိပေးကြေငြာအပ်ပါသည်။

* ဆေးစစ်ရမည့်နေ့ရက်/အချိန် -

တနင်္ဂနွေ နေ့ မနက် ၉ နာရီ မှ နေ့လည် ၁ နာရီ
(ခရီးသွားရက်၏ ၄၈ နာရီမတိုင်မီ)

* ဆေးစစ်ချက်အဖြေထုတ်ပေးမည့်နေ့စွဲ -

တနင်္လာနေ့ ညနေ ၅ နာရီခွဲ မှ ည ၈ နာရီအထိ

* ကျန်းမာရေးစစ်ဆေးခ ကျပ်ငွေ ၄၀၀,၀၀၀ အားမည်သို့သောအကြောင်းကြောင့်မှ Refund ပြန်အမ်းငွေထုတ်ပေးမည်မဟုတ်ပါ။


*ကျန်းမာရေးစစ်ဆေးခကို သောကြာနေ့တွင် ကြိုတင်ကောက်ခံမည်ဖြစ်ပါသည်။ ဖော်ပြပါဘဏ်အကောင့်များသို့ ငွေလွှဲပေးသွင်းနိုင်ပါသည်။

ကျန်းမာရေးစစ်ဆေးချက်ကင်းရှင်းကြောင်းအဖြေရရှိထားသောတရုတ်လူမျိုးခရီးသည်များသည် ဆေးစစ်ချက်အဖြေအား WeChat Health Code app မှတစ်ဆင့်သက်ဆိုင်ရာသံရုံးသို့ဆက်သွယ်ပေးပို့ရမည်ဖြစ်ပြီး တရုတ်နိုင်ငံသားမဟုတ်သောတခြားသောနိုင်ငံသားများအနေဖြင့် ပူးတွဲပါ https://hrhk.cs.mfa.gov.cn/H5/ လင့်ခ်မှတစ်ဆင့်သံရုံးသို့ပေးပို့ရမည်ဖြစ်ပြီး သက်ဆိုင်ရာကိုယ်စားပြုသံရုံးမှ ၂ နာရီ ၃ နာရီအတွင်းပြန်လည်အကြောင်းကြားပေးမည်ဖြစ်ပါသည်။
ခရီးသည်များ ကျန်းမာရေးစစ်ဆေးချက် result ရပြီးပါက အမြန်ဆုံး upload လုပ်ရမည်။ သံရုံးမှ ၄င်းတို့အားစစ်ဆေးရန် အချိန်လိုအပ်ပါသဖြင့် “HS” အမှတ်အသားပါ ဘားကုတ် (သို့) ကျန်းမာကြောင်းထောက်ခံချက် HDC ကုတ် မရရှိ၍ လေယာဥ်တက်ချိန်နှောင့်နှေးမှုဖြစ်ပေါ်ခြင်းနှင့် နောက်ဆက်တွဲပြဿနာများသည် မိမိတာဝန်သာဖြစ်ကြောင်းကြိုတင်အသိပေးအပ်ပါသည်။

Source MAI

Read times
Rate this item
(0 votes)