Local Industry

ဗဟိုဘဏ် ကြေညာချက်ထုတ်ပြီးနောက် တစ်ဒေါ်လာ ၁,၅၃၇ ကျပ်ဝန်းကျင်ရောက်

ဗဟိုဘဏ် ကြေညာချက်ထုတ်ပြီးနောက် တစ်ဒေါ်လာ ၁,၅၃၇ ကျပ်ဝန်းကျင်ရောက် google

ဘဏ်လုပ်ငန်းများနှင့် ပတ်သက်ပြီး စိုးရိမ်မှုမရှိရန် ဗဟို ဘဏ်က သတင်းထုတ်ပြန်ပြီး နောက် ပြည်တွင်းငွေကြေးဈေးကွက်၌ အမေရိကန်ဒေါ်လာသည် စက်တင်ဘာ ၄ ရက်တွင် တစ်ဒေါ်လာ ၁,၅၃၇ ကျပ်ခန့်သို့ ရောက်ရှိခဲ့ပါတယ်။

 

ဩဂုတ်လကုန်က တစ်ဒေါ် လာ ၁,၅၂၀ ကျပ်အထိ အမြင့် ဆုံးတက်သော ဒေါ်လာတန်ဖိုးသည် စက်တင်ဘာ ၂ ရက်တွင် ၁,၅၂၇ ကျပ်ဖြင့် ဈေးပိတ်ခဲ့သော် လည်း ဒေါ်လာတန်ဖိုး ထပ်မံမြင့်တက်လာခြင်းဖြစ်ပါတယ်။

 

စက်တင်ဘာ ၃ရက်တွင် တစ်ဒေါ်လာ ၁,၅၃၅ ကျပ်ဖြင့် ဈေး ပိတ်ခဲ့ပြီးနောက် ထပ်မံမြင့်တက်လာခြင်းဖြစ်ပါတယ်။

 

ဒေါ်လာဈေးနှင့် ရွှေဈေးမြင့်တက်မှုက ဘဏ်များနှင့် ပတ်သက်သော စိုးရိမ်မှုများကို အခြေခံပြီး ဈေးကွက်လှုပ်ရှားသည့် အခြေအနေမျိုး ဖြစ်လာခြင်းဟု ကမ္ဘာ့ရတနာဘဏ် ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာလှညွန့်က ပြောခဲ့ပါတယ်။

 

‘‘ဗဟိုဘဏ်က သတင်းထုတ်ပြန်လိုက်တော့ ပြန်ငြိမ်မှာပါ’’ဟု ၎င်း၏အမြင်ကို ပြောပြခဲ့ပါတယ်။

 

>>> Insurance Agents အာမခံဝန်ဆောင်မှုပေါင်း ၈၃ခုကိုရှာရန်နှိပ်ပါ <<<

 

ပြည်တွင်း ငွေကြေးဈေးကွက်တွင် ဒေါ်လာတန်ဖိုးတက်ခြင်းသည် ဩဂုတ် ၁၅ ရက်က စတင်ပြီး ရှမ်းမြောက်တိုက်ပွဲများကြောင့် မြန်မာ၊ တရုတ်နယ်စပ် ကုန်သွယ်ရေး ရပ်တန့်လုနီးပါး ဖြစ်နေပြီး စင်ကာပူ၊ ဟောင်ကောင်နိုင်ငံတို့မှ ဒေါ်လာအဝင် နည်းသဖြင့် ပြည်တွင်းဒေါ်လာရှား သည့် အခြေအနေမျိုး ဖြစ်နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောခဲ့ပါတယ်။

 

>>> Map Publishers မြို့တွင်းလမ်းညွှန်ဝန်ဆောင်မှုများကိုရှာဖွေရန်နှိပ်ပါ <<<

 

စက်တင်ဘာ ၃ ရက် ဗဟို ဘဏ် ရည်ညွှန်းငွေလဲနှုန်းကလည်း တစ်ဒေါ်လာ ၁,၅၃၁ ကျပ် သို့ မြင့်တက်လာခဲ့ပါတယ်။ စက်တင်ဘာ ၂ ရက်က တစ်ဒေါ်လာ ၁,၅၂၃ ကျပ် သတ်မှတ်ခြင်းကြောင့် တစ်ရက်အတွင်း ရှစ်ကျပ်ခန့် မြင့်တက်လာခဲ့ပါတယ်။လက်ရှိ ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းက ဈေးကွက်ပေါက်ဈေးနှင့် နီးစပ်စွာ ဖော်ပြသောနှုန်းထားဖြစ်ပါတယ်။

 

Source : 7daydaily

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)