Local Industry

ဒေါ်လာဈေးတက်ချိန် ဘဏ်အချင်းချင်း ဒေါ်လာရောင်းချမှုမြင့်တက်

ဒေါ်လာဈေးတက်ချိန် ဘဏ်အချင်းချင်း ဒေါ်လာရောင်းချမှုမြင့်တက် google

ယခုလဆန်းတွင် ပြည် တွင်းဒေါ်လာဈေး တက်လာပြီး ဘဏ်အချင်းချင်း ဒေါ်လာရောင်းချမှု မြင့်တက်လာကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ပါတယ်။

 

ဘဏ်အချင်းချင်း ဒေါ်လာ ရောင်းချမှု ဩဂုတ်လကုန်ပိုင်း တွင် တစ်ရက်လျှင် ဒေါ်လာ ၁၀ သန်းခန့်ရှိရာမှ စက်တင်ဘာ ၁၁ ရက်၌ ဒေါ်လာ ၃၇ သန်း နှင့် ၁၂ ရက်တွင် ဒေါ်လာသန်း ၂၀ အ ရောင်းအ၀ယ်ဖြစ်ခဲ့သည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ထားခဲ့ပါတယ်။

 

>>> Insurance Agents အာမခံဝန်ဆောင်မှုပေါင်း ၈၃ခုကိုရှာရန်နှိပ်ပါ <<<

 

စက်တင်ဘာ ၁၂ ရက် ပြင်ပပေါက်ဈေးတွင် ဒေါ်လာ ဈေးသည် တစ်ဒေါ်လာလျှင် ဘဏ်အ၀ယ်ဈေး ၁,၅၂၂ ကျပ် နှင့် ဘဏ်အရောင်းဈေး ၁,၅၃၉ ကျပ်အထိရှိခဲ့ပြီး ဘဏ်အချင်းချင်း ရောင်းချရာ၌ ၁,၅၂၇ ကျပ်မှ ၁,၅၃၃ ကျပ်အတွင်း ရောင်းချသည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ပါတယ်။

 

ဩဂုတ် ၃၀ ရက်တွင် ဒေါ် လာဈေးသည် ဘဏ်အ၀ယ် ဈေးတစ်ဒေါ်လာ ၁,၅၀၇ ကျပ်နှင့် ဘဏ်ရောင်းဈေး ၁,၅၁၇ ကျပ် အထိရှိခဲ့သည်။ ထိုနေ့၌ ဘဏ်အချင်းချင်း ဒေါ်လာရောင်းချသည့်ပမာဏ ဒေါ်လာ ၁၀ သန်း ကျော်ရှိခဲ့ပါတယ်။

 

‘‘ဘဏ်အချင်းချင်းရောင်းချ တာများလာတယ်ဆိုတာ ကုန်သွယ်မှုကောင်းလာတာကိုပြတာပဲ။ ကုန်သွယ်ရေးအတွက် ငွေပေး ချေဖို့ လိုအပ်တဲ့ဘဏ်ကို ဖြည့်ပေးကြတာ။ ပြင်ပဈေးကို ထိခိုက် မှုသိပ်မရှိနိုင်ပါဘူး’’ ဟု SMIDB ဘဏ် အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွန့်က ပြောခဲ့ပါတယ်။ ဗဟိုဘဏ် ထုတ်ပြန်ချက်အရ ဘဏ်များနှင့်အများပြည်သူကြား ဒေါ်လာအရောင်း၊ အ၀ယ်သည် နေ့စဉ် ဒေါ်လာသန်း ၄၀ မှ သန်း ၅၀ ရှိသည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ထားခဲ့ပါတယ်။

 

>>> Map Publishers မြို့တွင်းလမ်းညွှန်ဝန်ဆောင်မှုများကိုရှာဖွေရန်နှိပ်ပါ <<<

 

ယခုလအတွင်း ဗဟိုဘဏ်က ဘဏ်များကို ဒေါ်လာရောင်းချ ခြင်းနှင့် ၀ယ်ယူခြင်း မပြုလုပ် ကြောင်း ဗဟိုဘဏ်က ကြေညာထားခဲ့ပါတယ်။

 

ဗဟိုဘဏ် ကြေညာချက်ထုတ်ပြီးနောက် တစ်ဒေါ်လာ ၁,၅၃၇ ကျပ်ဝန်းကျင်ရောက်

 

Source : 7daydaily

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)