Local Industry

ထိုင်း-မြန်မာလုပ်ငန်းရှင်များ လော်ဂျစ်စတစ်ဆားဗစ်ဆောင်ရွက်ရေး ဆွေးနွေး

ထိုင်း-မြန်မာလုပ်ငန်းရှင်များ လော်ဂျစ်စတစ်ဆားဗစ်ဆောင်ရွက်ရေး ဆွေးနွေး google

ကုန်သွယ်ရေး၊ ကုန်ပစ္စည်းထောက်ပံ့ပို့ဆောင် ရေး၊ ဖြန့်ချိရေးလုပ်ငန်းများ၊ ပို့ဆောင်ရေးဝန် ဆောင်မှု လုပ်ငန်းများ၊ ကုန်ပစ္စည်းသိုလှောင် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ၊ နိုင်ငံတကာ လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် ကုန်တင်ကားပို့ဆောင်ရေး ကျွမ်းကျင်မှုလုပ်ငန်း များ၊ ရထားဝန်ဆောင်မှုလုပ်ငန်းများစသည့် လော်ဂျစ်စတစ်ဆားဗစ်လုပ်ငန်းများဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ထိုင်းမြန်မာ လုပ်ငန်းရှင်များ၏ဆွေးနွေးပွဲကို စက်တင်ဘာ ၁၁ ရက် နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ပူးလ်မန်း ရန်ကုန်စင်တာပွိုင့်ဟိုတယ် တတိယထပ်၌ ကျင်းပခဲ့ပါတယ်။


အဖွင့်အမှာစကား

 

ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို အဆိုပါ ဟိုတယ်၌ နံနက် ၉ နာရီက ပြုလုပ်ခဲ့ရာ မြန် မာနိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေးသံရုံးကောင်စစ် ဝန် မစ္စတာသန်နာဝတ်နိုင်ဂိုဝစ်၊ ထိုင်းနိုင်ငံ ကုန်သွယ် ရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံတကာ ကုန်သွယ်ရေးမြှင့်တင်မှုဌာနမှ ဒါရိုက်တာမစ္စစ် အာရာဒါ၊ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာကုန်စည်ပို့ဆောင်ရေးဝန် ဆောင်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဒေါ်အေးအေးတို့က အဖွင့်အမှာ စကားများ အသီးသီးပြောကြားခဲ့ကြပြီး အခမ်း အနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပါတယ်။

 

>>> Marine & Aviation Fuel သဘောင်္နှင့်လေယာဉ်လောင်ဆီဝန်ဆောင်မှုများကို ရှာဖွေရန်နှိပ်ပါ <<<

 

လုပ်ငန်းအခွင့်အလမ်းများ

 

ယခုဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ကုန်သွယ်ရေး ဝန်ကြီးဌာန နိုင်ငံတကာကုန်သွယ်ရေးမြှင့်တင် မှုဌာနက ကြီးမှူး၍ မြန်မာနိုင်ငံဆိုင်ရာ ထိုင်း စီးပွားရေးသံရုံးနှင့် ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ် သည်။ ဆက်လက်ကျင်းပသော ဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံမှ လော်ဂျစ်စတစ်ဆားဗစ်ဆိုင်ရာ လုပ်ငန်း ၁၅ ခုတို့မှ တာဝန်ရှိသူများနှင့် မြန် မာနိုင်ငံမှလုပ်ငန်းရှင်ပေါင်း ၂၀ဝ ကျော်ခန့် တက်ရောက်ခဲ့ကြပြီး နှစ်ဖက်အကြား ပူးပေါင်း ဆောင်ရွက်နိုင်မည့် လုပ်ငန်းအခွင့်အလမ်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။

 

>>> Shipping Agents သဘောင်္အေးဂျင့် ၃၄၇ခုကိုရှာဖွေရန် နှိပ်ပါ <<<

 

ပထမအကြိမ်

 

ယခုဆွေးနွေးပွဲသည် လော်ဂျစ်စတစ်ဆား ဗစ်ဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်ပြီး ထိုင်း နှင့်မြန်မာနှစ်ဖက်လုပ်ငန်းရှင်များအကြား ပထမ ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှု ဖြစ်ပါတယ်။

 


Source : Myanmar Time

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)