Local Industry

ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ခြင်းစီမံကိန်း

ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ခြင်းစီမံကိန်း google

ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ခြင်းစီမံကိန်း တင်ဒါအောင်မြင်ခဲ့သည့် တရုတ်နိုင်ငံမှ Sino Great Wall ကုမ္ပဏီ ဒေဝါလီခံရ၍ ဂျပန်ကုမ္ပဏီဖြစ်သည့် Sumitomo ကော်ပိုရေးရှင်းက ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်၏ ပြောကြားချက်အရ သိရပါတယ်။

 

ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ခြင်း စီမံကိန်းအား ၂၀၁၈ ဖေဖော်ဝါရီတွင် စင်ကာပူ ကုမ္ပဏီဖြစ်သည့် Oxley Holdings က ဦးစားပေး တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ Oxley Holdings ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ Min Dhama ကုမ္ပဏီနှင့် တရုတ်နိုင်ငံမှ Sino Great Wall ကုမ္ပဏီတို့ ပူးပေါင်းထားသည့် လုပ်ငန်းတစ်ခုဖြစ်ပါတယ်။

 

“တရုတ်-အမေရိကန် ကုန်သွယ်ရေး စစ်ပွဲမှာ Sino Great Wall ကုမ္ပဏီက ဒေဝါလီခံသွားတယ်။ Sino Great Wall ကုမ္ပဏီက သူတို့ဆီမှာ နံပါတ် ၄ အဆင့်လောက်ရှိတယ်။ သူက ဒေဝါလီခံသွားတော့ သူ့နေရာမှာ အစားထိုး ဝင်ရောက်လုပ်ကိုင်မယ့် ကုမ္ပဏီရှာတော့ ဂျပန်နိုင်ငံက Sumitomo ကော်ပိုရေးရှင်းက ရသွားတယ်။ နိုင်ငံတော်ကလည်း ဂျပန်ကုမ္ပဏီကို ဝင်ခွင့်ပြုတဲ့အခါ လုပ်ငန်းတွေစတယ်။ သူတို့လုပ်ငန်းက တင်ပြရမယ့် ဇယားတွေ ဖြည့်နေတယ်။ ဒီနှစ်ကုန်လောက် အားလုံးပြီးအောင် ကြိုးစားနေပါတယ်” ဟု မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က ပြောကြားခဲ့ပါတယ်။

 

>>> Courier Services & Delivery Services သယ်ယူပို့ဆောင်ရးဝန်ဆောင်မှု ၉၅ ခုကိုရှာဖွေရန်နှိပ်ပါ <<<

 

အဆိုပါ စီမံကိန်းပြီးစီးပါက မြန်မာ့မီးရထားသို့ တစ်လလျှင် ဒေါ်လာလေးသန်း ရှာဖွေပေးနိုင်မည်ဖြစ်ပြီး ယင်းပမာဏမှာ မြန်မာ့မီးရထားအတွက် လိုအပ်သည့် မီးရထားစက်ခေါင်းတွဲများ ဝယ်ယူရန် လုံလောက်သည့် ပမာဏဖြစ်ကြောင်း ဦးဘမြင့်က ဆက်လက်ပြောကြားခဲ့ပါတယ်။

 

ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်မည့် စီမံကိန်း ဒီဇိုင်းပုံစံအား ၂၀၁၄ ခုနှစ်တွင် Oxley Holdings ကုမ္ပဏီက မြန်မာ့မီးရထားသို့ တင်ပြထားပြီးဖြစ်ကာ ယခုဂျပန်ကုမ္ပဏီက ပြန်လည်အဆိုပြု တင်ပြရမည့် စီမံကိန်းပုံစံတွင် ဒီဇိုင်းပြောင်းလဲခွင့် ပေးမည်မဟုတ်ကြောင်း မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ ဦးအောင်သူလတ်က ပြောကြားခဲ့ပါတယ်။

 

>>> Toll Gates လုပ်ငန်းများကိုရှာဖွေရန်နှိပ်ပါ<<<

 

“တရုတ်ကုမ္ပဏီအစား ဂျပန်ကုမ္ပဏီကို လက်ခံနိုင်ဖို့အတွက် နိုင်ငံတကာ အကြံပေးကုမ္ပဏီတွေနဲ့ တိုင်ပင်ပြီးမှ နိုင်ငံတကာ စံနှုန်းအတိုင်း လက်ခံခဲ့တာ ဖြစ်ပါတယ်” ဟု မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ ဦးအောင်သူလတ်က ပြောကြားခဲ့ပါတယ်။

           

တရုတ်နိုင်ငံမှ Sino Great Wall ကုမ္ပဏီနှင့် မြန်မာနိုင်ငံရှိ Min Dhama ကုမ္ပဏီတို့ ပူးပေါင်းထားသည့် Oxley Holdings ကုမ္ပဏီသည် လာမည့် ၂၀၂ဝခု နှစ်တွင် မြန်မာ့မီးရထားဖြင့် စာချုပ်ချုပ်ဆိုပြီး ရှစ်နှစ်အတွင်း အပြီးတည်ဆောက်သွားရန် လျာထားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။     

 

စီမံကိန်း အကျယ်ဝန်းမှာ ၆၃ ဒသမ ၅ ဧကခန့်ရှိပြီး ကြမ်းခင်းဧရိယာ စတုရန်း မီတာ ၁ ဒသမ ၁၉ သန်းဖော်ဆောင် သွားမည်ဖြစ်သည်။ ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်မည့် စီမံကိန်းသည် တောင်ဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြောက်ဘက်တွင် ဗိုလ်မင်းရောင်လမ်း၊ အနောက်ဘက်တွင် ဆူးလေဘုရားလမ်းနှင့် အရှေ့ဘက်တွင် သိမ်ဖြူလမ်းတို့ကြားရှိ မြေဧရိယာအတွင်း ဟိုတယ်များ၊ ရုံးခန်းများ၊ ကွန်ဒိုအဆောက်အဦများ တည်ဆောက်မည်ဖြစ်ပြီး ထိုအဆောက်အဦများ၏ အလယ်တွင် ရထားဘူတာရုံသစ်ကို လက်ရှိဘူတာရုံကြီး၏ ဘေးတွင် တည်ဆောက်မည်ဖြစ်ပါတယ်။

 

Source : eleven

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)