Local Industry

ယခုတစ်ပတ် ဓာတ်ဆီ၊ ဒီဇယ်တန်ချိန် ၇၀၀၀၀ ကျော်ဝင်

ယခုတစ်ပတ် ဓာတ်ဆီ၊ ဒီဇယ်တန်ချိန် ၇၀၀၀၀ ကျော်ဝင် google

စက်တင်ဘာ ၁ ရက်မှ ၇ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၂၇၈၇၆၂၈ တန်ဖိုးရှိ ဒီဇယ် ၄၀၄၅၇ ဒသမ ၇၁ တန်နှင့် အမေရိကန်ဒေါ်လာ ၁၆၁၃၇၅၆၈ တန်ဖိုးရှိ ဓာတ်ဆီ ၃၁၉၈၅ ဒသမ ၄၀ တန်၊ စုစုပေါင်း ၇၂၄၄၃ ဒသမ ၁၁ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။

ယခင်သီတင်းပတ်က ဒီဇယ်တန်ချိန် ၁၀၄၂၉ ဒသမ ၃၃ တန် တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့် နှိုင်းယှဉ်လျှင် ၃၀၀၂၈ ဒသမ ၃၈ တန် တင်သွင်းမှု လျော့နည်းခဲ့သလို ယခင်သီတင်းပတ်က တင်သွင်းခဲ့သည့် ဓာတ်ဆီတန်ချိန် ၃၃၀၇၆ ဒသမ ၁၃ တန်နှင့်နှိုင်းယှဉ်လျှင် ၁၀၉၀ ဒသမ ၇၃ တန် တင်သွင်းမှု လျော့နည်းခဲ့ကြောင်း သိရပါတယ်။

 

>>> Filling Stations ဓာတ်ဆီဆိုင်ပေါင်း ၂၂၅ခုကိုရှာရန်နှိပ်ပါ <<<

 

ထို့ကြောင့် ယခုတစ်ပတ် ဒီဇယ်ရောဓာတ်ဆီအပါအ၀င် လျော့နည်းခဲ့ပါတယ်။ နယ်စပ်စခန်းဖြစ်တဲ့ တာချီလိတ် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၀၂၄၀၇ တန်ဖိုးရှိ ဓာတ်ဆီ၂၀၃ ဒသမ ၉၅ တန်နှင့် အမေရိကန်ဒေါ်လာ ၉၉၇၅၆ တန်ဖိုးရှိ ဒီဇယ် ၁၇၈ ဒသမ ၇၂ တန် တင်သွင်းခဲ့ကြောင်း သိရပါတယ်။

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)