Local Industry

သုံးပတ်အတွင်း ဒေါ်လာတန်ဖိုး ပြန်တက်

သုံးပတ်အတွင်း ဒေါ်လာတန်ဖိုး ပြန်တက် google

ဒေါ်လာတန်ဖိုးသည် စက်တင်ဘာ၁၉ရက် နေ့လယ်က တစ်ဒေါ်လာလျှင် ၁,၅၄၀ ကျပ်သို့ မြင့်တက်ပြီး ယခုလသုံးပတ်အတွင်း တစ်ဒေါ်လာလျှင် ၂ ရာခိုင်နှုန်းခန့် ပြန်လည်မြင့်တက် လာခဲ့ပါတယ်။

 

နိုင်ငံတကာ ဈေးကွက်တွင် ဒေါ်လာတန်ဖိုးတက်သော်လည်း ရွှေဈေးကျပြီး တစ်အောင်စလျှင် ၁,၄၉၆ ဒေါ်လာခန့် ရှိသည်။ ရွှေနှင့် ကန်ဒေါ်လာတန်ဖိုးက နိုင်ငံတကာ ဈေးကွက်တွင် အများအားဖြင့် ပြောင်းပြန်ဖြစ်လေ့ရှိသည်ဟု ပြည်တွင်းစီးပွားရေးလုပ် ငန်းရှင်အချို့က ပြောခဲ့ပါတယ်။

 

>>> Insurance Agents အာမခံဝန်ဆောင်မှုပေါင်း ၈၃ခုကိုရှာရန်နှိပ်ပါ <<<

 

နိုင်ငံတကာတွင် ဒေါ်လာတန်ဖိုးအနည်းငယ် ပြန်လည်မာလာခြင်း၊ မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှ ပို့ကုန်တင်ပို့နိုင်မှု လျော့နည်းသဖြင့် ဒေါ်လာအ၀င်နည်းခြင်းကြောင့် ပြည်တွင်းငွေကြေးဈေးကွက်၌ ဒေါ်လာတန်ဖိုး မြင့်တက်နေခြင်း ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်း ရှင်အချို့က ပြောခဲ့ပါတယ်။

 

နိုင်ငံတကာ အခြေအနေကြောင့် ဒေါ်လာတန်ဖိုးက ယခုရက်ပိုင်း အနည်းငယ် ဆက်လက် မြင့်တက်နိုင်သည်ဟု စီးပွားရေး လုပ်ငန်းရှင်အချို့က ခန့်မှန်းထားခဲ့ပါတယ်။

ပုဂ္ဂလိကဘဏ်များ၊ ငွေလဲ ကောင်တာများနှင့် ပြင်ပငွေကြေး ဈေးကွက်တွင် ဒေါ်လာဈေးမြင့် တက်နေသော်လည်း ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းသည် စက်တင်ဘာ ၁၉ ရက်တွင် တစ်ဒေါ်လာ ၁,၅၃၆ ကျပ် သတ်မှတ်ခဲ့ပါတယ်။

 

ဒေါ်လာတန်ဖိုး အပြောင်းအလဲဖြစ်နိုင်သော်လည်း ပြည်တွင်း အခေါက်ရွှေဈေးသည် စက်တင်ဘာ ၁၉ ရက် နေ့လယ်က တစ်ကျပ် သားလျှင် ကျပ် ၁,၂၃၀,၀၀၀ ခန့် ဈေးဖွင့်ခဲ့ပါတယ်။

 

ပြည်တွင်း ဈေးကွက်တွင် ရွှေဈေးနှုန်းက နှစ်ပတ်အတွင်း ကျပ် ၇၇,၀၀၀ ခန့် ဈေးကျဆင်း လာခဲ့ပါတယ်။စက်တင်ဘာ ၅ ရက် တွင် ပြည်တွင်းရွှေဈေးက စံချိန်တင် တစ်ကျပ်သားလျှင် ကျပ် ၁,၃၀၇,၀၀၀ ဈေးရှိလာခဲ့ပါတယ်။

 

ဗဟိုဘဏ် ကြေညာချက်ထုတ်ပြီးနောက် တစ်ဒေါ်လာ ၁,၅၃၇ ကျပ်ဝန်းကျင်ရောက်

 

Source : 7 Day Daily

 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)