Local Industry

၂၀၂၀ ၌ တရုတ်-မြန်မာကုန်သွယ်မှု

၂၀၂၀ ၌ တရုတ်-မြန်မာကုန်သွယ်မှု google

၂၀၂၀ ပြည့်နှစ်တွင် တရုတ်-–မြန်မာ ကုန်သွယ်မှု အမေရိကန် ဒေါ်လာ တစ်ထရီလီယံနှင့် ရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံ ရည်မှန်းချက်အတိုင်း ပြည့်မီစေရန် နှစ်ဆတိုးကြိုးပမ်းမည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့ပါတယ်။

 

စက်တင်ဘာ ၂၁ ရက်က တရုတ်နိုင်ငံ နန်နင်းအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပခဲ့သည့် (၁၆)ကြိမ်မြောက် တရုတ်-–အာဆီယံကုန်စည်ပြပွဲနှင့် (၁၆)ကြိမ်မြောက် တရုတ်-–အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။

 

>>>Map Publishers မြို့တွင်းလမ်းညွှန်ဝန်ဆောင်မှုများကိုရှာဖွေရန်နှိပ်ပါ<<<

 

တိုးတက်ခိုင်မာအောင်

 

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏အရေးအပါဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်သကဲ့သို့ ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံလျက်ရှိသည့် နိုင်ငံ လည်းဖြစ်၍ နှစ်နိုင်ငံအနေဖြင့် လက်ရှိ အပြုသဘောဆောင်သည့် အရှိန်ကို ဆက်လက်ထိန်းသိမ်းရန် လိုအပ်လျက်ရှိသည့်အတွက် ကုန် သွယ်မှု ရည်မှန်းချက်များအတိုင်း ပြည့်မီအောင် ဆောင်ရွက်မည့်အပြင် လာမည့်နှစ်များတွင်လည်း နှစ်နိုင်ငံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာအောင် ကြိုးပမ်းမည်ဖြစ်ကြောင်း ဒုတိယသမ္မတက ပြောကြားခဲ့ပါတယ်။

 

အကာအကွယ်

 

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခင်းအကျင်းသစ်မှာ တရုတ်စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးလျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်သည်လည်း ပိုမိုလွတ်လပ်ပွင့်လင်းပြီး ရင်းနှီး မြှုပ်နှံသူအားလုံးနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုအကာအကွယ် ပေးမည်ဖြစ်ကြောင်း ၎င်းကကတိပြုခဲ့ပါတယ်။

 

>>>  Courier Services & Delivery Services သယ်ယူပို့ဆောင်ရးဝန်ဆောင်မှု ၉၅ ခုကိုရှာဖွေရန်နှိပ်ပါ။ <<<

 

ကမ္ဘာ့စီးပွားရေးချိန်ခွင်လျှာသည် ကမ္ဘာ့အရှေ့ပိုင်းဒေသများဆီကို ရွေ့လျားနေသည့်ကာလတွင် မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ အရေးပါသည့်နေရာတွင်တည်ရှိပြီး သင့်တင့်မျှတသည့်လုပ်အားခနှင့် သင်ယူတတ်မြောက်လွယ်သည့် လုပ်သားအင်အားစုများစွာ ပိုင်ဆိုင်ထားသည့်အတွက် ယင်းအခွင့်အလမ်းကောင်းများကို အမိအရဆုပ်ကိုင်ရန် အခွင့်အခါအကောင်းဆုံးအချိန်ပင်ဖြစ်ကြောင်း ဦးမြင့်ဆွေက ပြောကြားခဲ့ပါတယ်။

 

Source : Myanmar Time

 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)