Port News

သင်္ဘောကျင်းလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးခြင်းဝန်ဆောင်မှုရယူရန် လိုအပ်သော စာရွက်စာတမ်းများ

သင်္ဘောကျင်းလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးခြင်းဝန်ဆောင်မှုရယူရန် လိုအပ်သော စာရွက်စာတမ်းများ google

၁။ ကုမ္ပဏီမှတ်ပုံတင် အထောက်အထားနှင့် ကုမ္ပဏီ ဖွဲ့စည်းပုံ၊

 

၂။ သင်္ဘောကျင်းလုပ်ငန်းဆောင်ရွက်မည့် မြေနေရာနှင့် ပတ် သက်သော ပိုင်ဆိုင်မှု အထောက်အထား (သို့မဟုတ်) သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတစ်ခုခုမှ နှစ်ရှည် ငှားရမ်း လုပ်ကိုင် ခွင့် ပြုထားသည့် အထောက်အထား၊

 

၃။ သင်္ဘောကျင်းလုပ်ငန်း တည်နေရာ၊ အကျယ်အဝန်း နှင့် သင်္ဘောကျင်းမြေဧရိယာအတွင်းရှိလွန်းကျင်း၊ အလုပ်ရုံ၊ သိုလှောင် ရုံ၊ရုံးစသည့်အဆောက်အအုံများ၏ နေရာချမှု ပုံစံ (Layout Plan)၊

 

၄။ သင်္ဘောကျင်းလုပ်ငန်း မြေနေရာရှိ မြစ်ရေနှင့် ထိတွေ့ သည် မူလ ကမ်းပါးနယ် (ကမ်းပါးစောက်/ ဆင်ခြေ လျော ကမ်းပါးမြေ)မှ မြစ်ဘက်သို့ ထွက်နေသည့် အဆောက် အအုံများဖြစ်သည့် လွန်းကျင်း အစိတ်အပိုင်း၊ ရေယာဉ်များ ယာယီဆိုက်ကပ်ရန် ထားရှိသော တံတား၊ ယာယီကြိုး ချည်စင် စသည်တို့၏ အတိုင်းအတာ၊ ကမ်းပါးနယ်မှ ကျွံထွက်လာသော အဆောက်အအုံအတွက် အကွာအဝေး ပါရှိသည့် နေရာချမှုပုံစံ (Layout Plan) နှင့် တည်ဆောက် ထားသည့် ဒီဇိုင်းပုံစံ၊ လွန်းကျင်းမျက်နှာစာရှေ့ ရေပြင်၏ ရေအနက် အခြေအနေပြ တိုင်းတာရေးရေပုံ၊ လွန်းကျင်း အနီးရေပြင် တွင် တည်ရှိနေသည့် မြစ်ကူးတံတား၊ ဆိပ်ခံ တံတား ၊ ဗော်ယာ၊ ရေအောက်ပိုက်လိုင်း စသည်တို့နှင့် လွန်းလမ်းကြောင်း အကြား အကွာအဝေး အနေအထား ပြပုံများ၊

 

၅။ သင်္ဘောကျင်း တည်ဆောက်ရာတွင် မှီငြမ်းပြုသည့် (သို့ မဟုတ်) အတည်ပြုထားသည့် အခြေခံ ဒီဇိုင်းတွက်ချက် ထားသော စံချိန်စံညွှန်း၊ ဒီဇိုင်းပုံစံများ၊ ခံနိုင်ရည် စွမ်းအား တွက်ချက် သတ်မှတ်ထားသည့် အထောက်အထား စာရွက် စာတမ်းများ၊

 

၆။ သင်္ဘောကျင်းလုပ်ငန်းတွင် ရေယာဉ်များ လွန်းတင် လွန်းချ လုပ်ငန်းဆောင်ရွက်နိုင်သည့် Shipways ၊ Marine Railways ၊ Ship-lifts ၊ Floating Docks နှင့် Dry (Graving) Docks စသည်တို့ ပါဝင်ရာ တည်ဆောက် ထားသည့် လွန်းကျင်း ဒီဇိုင်းပုံစံ အပေါ် မူတည်၍ လွန်းတင် လွန်းချ ဆောင်ရွက်နိုင်မည့် ရေယာဉ် အရွယ်အစား၊ တပြိုင်တည်း လွန်းတင်နိုင်သည့် ရေယာဉ် အရေ အတွက်နှင့် တန်ချိန်၊ လွန်းတင် လွန်းချ စက်ယန္တရားများ၏ ဆွဲ တင်နိုင် သည့် စွမ်းအား (Capacity) နှင့် စံချိန်စံညွှန်း အချက် အလက်များ (Specifications) ၊ (လေအိတ်အပါအဝင်)

 

၇။ သင်္ဘောကျင်းလုပ်ငန်းတွင် ရေယာဉ်တည်ဆောက် ခြင်း ပြုပြင်ခြင်းလုပ်ငန်းများ၊ ရေကြောင်းဆိုင်ရာ အဆောက်အအုံ (Marine Structure)တည်ဆောက်ခြင်း ပြုပြင်ခြင်းလုပ်ငန်းများ နှင့် ရေယာဉ်ဖျက်ခြင်းလုပ်ငန်းများ ပါဝင်ရာ၊ မည်သည့်လုပ်ငန်း များဆောင်ရွက်မည် ဖြစ် ကြောင်း၊ ဆောင်ရွက်မည့် လုပ်ငန်း အရွယ် အစား၊ ပမာဏ နှင့် ကိုက်ညီသည့် နေရာ အကျယ်အဝန်း၊ အလုပ်ရုံ၊ သိုလှောင် ရုံ၊ ရုံး၊ စက်ပစ္စည်းနှင့် စက်ယန္တရား စာရင်း၊ စက်ပစ္စည်း၊ စက်ယန္တရား အမျိုးအစားအလိုက် စွမ်းဆောင်ရည်နှင့် စက်မှု ဆိုင် ရာ အချက်အလက်များ၊ Yard Lighting ၊Building Lighting ၊ Security Lighting နှင့် Sub-Station ရှိ လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းစာရင်း၊ Electrical Diagram ပုံစံများ၊ လျှပ်စစ် စစ်ဆေး ရေး(EI)၏ စစ်ဆေးချက် အထောက်အထားများ၊

 

၈။ သင်္ဘောကျင်းလုပ်ငန်းတွင် အပူပေးမီးပေးလုပ်ငန်း (Hot Work) အား အဓိက ဆောင်ရွက်ရသည့်အတွက် သက်ဆိုင်ရာ မီး သတ်ဦးစီးဌာန၏ စစ်ဆေးချက် အထောက် အထား၊

 

၉။ သင်္ဘောကျင်းလုပ်ငန်းတွင် ဆက်စပ်အသုံးပြုသည့် Chemical ပစ္စည်းများ၊ စက်သုံးဆီများ သိုလှောင်မည်ဆိုပါက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းမှ ထုတ်ပေးထားသည့် သိုလှောင်ခွင့် လိုင် စင် အထောက်အထား၊

 

၁၀။ သင်္ဘောကျင်းလုပ်ငန်းနှင့် ပတ်သက်သည့် လုပ်ငန်းခွင် ဘေး အန္တရာယ်ကင်းရှင်းရေး အသုံးအဆောင် ပစ္စည်းများ စာရင်း၊ မီးဘေး ကြိုတင်ကာကွယ်ရေးသုံးပစ္စည်း များစာရင်း နှင့် လုပ်ငန်းခွင် ကျန်းမာရေး အထောက်အကူပြု အစီအမံ များ ထားရှိမှု အခြေအနေ၊

 

၁၁။ သင်္ဘောကျင်းလုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီရှိ အင်ဂျင် နီယာများ၏ အချက်အလက်များ (မှတ်ပုံတင် အင်ဂျင်နီယာ လက်မှတ်ရှိကဖော်ပြ ရန်)၊ ကျွမ်းကျင်လုပ်သား များ၏ ကျွမ်းကျင် အမျိုး အစားအလိုက် ကျွမ်းကျင်မှု အဆင့်နှင့်ဦးရေ (ကျွမ်း ကျင်မှု လက် မှတ်ရှိက ဖော်ပြရန်)၊

 

၁၂။ လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာ စည်ပင် သာယာ ရေးအဖွဲ့များ၊ အာဏာပိုင် အဖွဲ့အစည်းများမှ ထုတ် ပေးထားသော လုပ်ငန်းလိုင်စင်များ၊

 

၁၃။ ယခင်တည်ဆောက်ထားပြီး၊ လုပ်ငန်းဆောင် ရွက်နေ သော သင်္ဘောကျင်းများ ဖြစ်ပါက၊ တည်ဆောက် ပြီးစီးသည့် ခုနှစ်၊ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့သည့် ခုနှစ်တို့ကို ဖော်ပြရန်၊

 

၁၄။ သင်္ဘောကျင်း လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် သက်တမ်းတိုး လျောက်ထားသည့်အခါ၊ ယခင်ထုတ် ပေးထားသည့် လိုင်စင်အပြင် သက်တမ်းတိုး လျောက် ထားသည့်အချိန်၌ ယခင် လိုင်စင်ထုတ် ပေးစဉ်က တင်ပြ ခဲ့သည့် Facilities နှင့် ကွာခြားချက်ရှိပါက ကွာခြားချက်ကို ဖြည့်စွက် ဖော်ပြရန်၊

 

လျှောက်ထားရန် -


ဦးဆောင်ညွှန်ကြားရေးမှူးထံသို့ လျှောက်ထားရမည်။

 

 

ဝန်ဆောင်မှုပေးသည့် ဌာနများအား ဆက်သွယ်ရမည့်လိပ်စာ -


စက်မှုအင်ဂျင်နီယာဌာန၊လုပ်သားရေးရာဌာန
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့

 

 

ဝန်ဆောင်မှုရရှိမည့် တည်နေရာများ-


မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊
အမှတ်(၁၀)၊ပန်းဆိုးတန်းလမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့

 

 

ဝဘ်ဆိုက်လိပ်စာ-


http://www.mpa.gov.mm

 

ReadMore >>> သင်္ဘောကျင်းလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးခြင်းဝန်ဆောင်မှု ရယူရန် အခြေခံလိုအပ်ချက်မျ

 

Zawgyi ျဖင့္ဖက္ရႈ႕ရန္
>>>>>>>>>>

 

သေဘၤာက်င္းလုပ္ငန္း လုပ္ကိုင္ခြင့္ လိုင္စင္ထုတ္ေပးျခင္း ဝန္ေဆာင္မႈရယူရန္ လိုအပ္ေသာ စာ႐ြက္စာတမ္းမ်ား

 

၁။ ကုမၸဏီမွတ္ပုံတင္ အေထာက္အထားႏွင့္ ကုမၸဏီ ဖြဲ႕စည္းပုံ၊

 

၂။ သေဘၤာက်င္းလုပ္ငန္းေဆာင္႐ြက္မည့္ ေျမေနရာႏွင့္ ပတ္ သက္ေသာ ပိုင္ဆိုင္မႈ အေထာက္အထား (သို႔မဟုတ္) သက္ဆိုင္ရာ အာဏာပိုင္ အဖြဲ႕အစည္းတစ္ခုခုမွ ႏွစ္ရွည္ ငွားရမ္း လုပ္ကိုင္ ခြင့္ ျပဳထားသည့္ အေထာက္အထား၊

 

၃။ သေဘၤာက်င္းလုပ္ငန္း တည္ေနရာ၊ အက်ယ္အဝန္း ႏွင့္ သေဘၤာက်င္းေျမဧရိယာအတြင္းရွိလြန္းက်င္း၊ အလုပ္႐ုံ၊ သိုေလွာင္ ႐ုံ၊႐ုံးစသည့္အေဆာက္အအုံမ်ား၏ ေနရာခ်မႈ ပုံစံ (Layout Plan)၊

 

၄။ သေဘၤာက်င္းလုပ္ငန္း ေျမေနရာရွိ ျမစ္ေရႏွင့္ ထိေတြ႕ သည္ မူလ ကမ္းပါးနယ္ (ကမ္းပါးေစာက္/ ဆင္ေျခ ေလ်ာ ကမ္းပါးေျမ)မွ ျမစ္ဘက္သို႔ ထြက္ေနသည့္ အေဆာက္ အအုံမ်ားျဖစ္သည့္ လြန္းက်င္း အစိတ္အပိုင္း၊ ေရယာဥ္မ်ား ယာယီဆိုက္ကပ္ရန္ ထားရွိေသာ တံတား၊ ယာယီႀကိဳး ခ်ည္စင္ စသည္တို႔၏ အတိုင္းအတာ၊ ကမ္းပါးနယ္မွ ကြၽံထြက္လာေသာ အေဆာက္အအုံအတြက္ အကြာအေဝး ပါရွိသည့္ ေနရာခ်မႈပုံစံ (Layout Plan) ႏွင့္ တည္ေဆာက္ ထားသည့္ ဒီဇိုင္းပုံစံ၊ လြန္းက်င္းမ်က္ႏွာစာေရွ႕ ေရျပင္၏ ေရအနက္ အေျခအေနျပ တိုင္းတာေရးေရပုံ၊ လြန္းက်င္း အနီးေရျပင္ တြင္ တည္ရွိေနသည့္ ျမစ္ကူးတံတား၊ ဆိပ္ခံ တံတား ၊ ေဗာ္ယာ၊ ေရေအာက္ပိုက္လိုင္း စသည္တို႔ႏွင့္ လြန္းလမ္းေၾကာင္း အၾကား အကြာအေဝး အေနအထား ျပပုံမ်ား၊

 

၅။ သေဘၤာက်င္း တည္ေဆာက္ရာတြင္ မွီျငမ္းျပဳသည့္ (သို႔ မဟုတ္) အတည္ျပဳထားသည့္ အေျခခံ ဒီဇိုင္းတြက္ခ်က္ ထားေသာ စံခ်ိန္စံၫႊန္း၊ ဒီဇိုင္းပုံစံမ်ား၊ ခံႏိုင္ရည္ စြမ္းအား တြက္ခ်က္ သတ္မွတ္ထားသည့္ အေထာက္အထား စာ႐ြက္ စာတမ္းမ်ား၊

 

၆။ သေဘၤာက်င္းလုပ္ငန္းတြင္ ေရယာဥ္မ်ား လြန္းတင္ လြန္းခ် လုပ္ငန္းေဆာင္႐ြက္ႏိုင္သည့္ Shipways ၊ Marine Railways ၊ Ship-lifts ၊ Floating Docks ႏွင့္ Dry (Graving) Docks စသည္တို႔ ပါဝင္ရာ တည္ေဆာက္ ထားသည့္ လြန္းက်င္း ဒီဇိုင္းပုံစံ အေပၚ မူတည္၍ လြန္းတင္ လြန္းခ် ေဆာင္႐ြက္ႏိုင္မည့္ ေရယာဥ္ အ႐ြယ္အစား၊ တၿပိဳင္တည္း လြန္းတင္ႏိုင္သည့္ ေရယာဥ္ အေရ အတြက္ႏွင့္ တန္ခ်ိန္၊ လြန္းတင္ လြန္းခ် စက္ယႏၲရားမ်ား၏ ဆြဲ တင္ႏိုင္ သည့္ စြမ္းအား (Capacity) ႏွင့္ စံခ်ိန္စံၫႊန္း အခ်က္ အလက္မ်ား (Specifications) ၊ (ေလအိတ္အပါအဝင္)

 

၇။ သေဘၤာက်င္းလုပ္ငန္းတြင္ ေရယာဥ္တည္ေဆာက္ ျခင္း ျပဳျပင္ျခင္းလုပ္ငန္းမ်ား၊ ေရေၾကာင္းဆိုင္ရာ အေဆာက္အအုံ (Marine Structure)တည္ေဆာက္ျခင္း ျပဳျပင္ျခင္းလုပ္ငန္းမ်ား ႏွင့္ ေရယာဥ္ဖ်က္ျခင္းလုပ္ငန္းမ်ား ပါဝင္ရာ၊ မည္သည့္လုပ္ငန္း မ်ားေဆာင္႐ြက္မည္ ျဖစ္ ေၾကာင္း၊ ေဆာင္႐ြက္မည့္ လုပ္ငန္း အ႐ြယ္ အစား၊ ပမာဏ ႏွင့္ ကိုက္ညီသည့္ ေနရာ အက်ယ္အဝန္း၊ အလုပ္႐ုံ၊ သိုေလွာင္ ႐ုံ၊ ႐ုံး၊ စက္ပစၥည္းႏွင့္ စက္ယႏၲရား စာရင္း၊ စက္ပစၥည္း၊ စက္ယႏၲရား အမ်ိဳးအစားအလိုက္ စြမ္းေဆာင္ရည္ႏွင့္ စက္မႈ ဆိုင္ ရာ အခ်က္အလက္မ်ား၊ Yard Lighting ၊Building Lighting ၊ Security Lighting ႏွင့္ Sub-Station ရွိ လွ်ပ္စစ္ပိုင္းဆိုင္ရာ ပစၥည္းစာရင္း၊ Electrical Diagram ပုံစံမ်ား၊ လွ်ပ္စစ္ စစ္ေဆး ေရး(EI)၏ စစ္ေဆးခ်က္ အေထာက္အထားမ်ား၊

 

၈။ သေဘၤာက်င္းလုပ္ငန္းတြင္ အပူေပးမီးေပးလုပ္ငန္း (Hot Work) အား အဓိက ေဆာင္႐ြက္ရသည့္အတြက္ သက္ဆိုင္ရာ မီး သတ္ဦးစီးဌာန၏ စစ္ေဆးခ်က္ အေထာက္ အထား၊

 

၉။ သေဘၤာက်င္းလုပ္ငန္းတြင္ ဆက္စပ္အသုံးျပဳသည့္ Chemical ပစၥည္းမ်ား၊ စက္သုံးဆီမ်ား သိုေလွာင္မည္ဆိုပါက သက္ဆိုင္ရာ အာဏာပိုင္ အဖြဲ႕အစည္းမွ ထုတ္ေပးထားသည့္ သိုေလွာင္ခြင့္ လိုင္စင္အေထာက္အထား၊

 

၁၀။ သေဘၤာက်င္းလုပ္ငန္းႏွင့္ ပတ္သက္သည့္ လုပ္ငန္းခြင္ ေဘး အႏၲရာယ္ကင္းရွင္းေရး အသုံးအေဆာင္ ပစၥည္းမ်ား စာရင္း၊ မီးေဘး ႀကိဳတင္ကာကြယ္ေရးသုံးပစၥည္း မ်ားစာရင္း ႏွင့္ လုပ္ငန္းခြင္ က်န္းမာေရး အေထာက္အကူျပဳ အစီအမံ မ်ား ထားရွိမႈ အေျခအေန၊

 

၁၁။ သေဘၤာက်င္းလုပ္ငန္းေဆာင္႐ြက္သည့္ ကုမၸဏီရွိ အင္ဂ်င္ နီယာမ်ား၏ အခ်က္အလက္မ်ား (မွတ္ပုံတင္ အင္ဂ်င္နီယာ လက္မွတ္ရွိကေဖာ္ျပ ရန္)၊ ကြၽမ္းက်င္လုပ္သား မ်ား၏ ကြၽမ္းက်င္ အမ်ိဳး အစားအလိုက္ ကြၽမ္းက်င္မႈ အဆင့္ႏွင့္ဦးေရ (ကြၽမ္း က်င္မႈ လက္ မွတ္ရွိက ေဖာ္ျပရန္)၊

 

၁၂။ လုပ္ငန္းအမ်ိဳးအစားအလိုက္ သက္ဆိုင္ရာ စည္ပင္ သာယာ ေရးအဖြဲ႕မ်ား၊ အာဏာပိုင္ အဖြဲ႕အစည္းမ်ားမွ ထုတ္ ေပးထားေသာ လုပ္ငန္းလိုင္စင္မ်ား၊

 

၁၃။ ယခင္တည္ေဆာက္ထားၿပီး၊ လုပ္ငန္းေဆာင္ ႐ြက္ေန ေသာ သေဘၤာက်င္းမ်ား ျဖစ္ပါက၊ တည္ေဆာက္ ၿပီးစီးသည့္ ခုႏွစ္၊ လုပ္ငန္းစတင္ေဆာင္႐ြက္ခဲ့သည့္ ခုႏွစ္တို႔ကို ေဖာ္ျပရန္၊

 

၁၄။ သေဘၤာက်င္း လုပ္ငန္းလုပ္ကိုင္ခြင့္ လိုင္စင္ သက္တမ္းတိုး ေလ်ာက္ထားသည့္အခါ၊ ယခင္ထုတ္ ေပးထားသည့္ လိုင္စင္အျပင္ သက္တမ္းတိုး ေလ်ာက္ ထားသည့္အခ်ိန္၌ ယခင္ လိုင္စင္ထုတ္ ေပးစဥ္က တင္ျပ ခဲ့သည့္ Facilities ႏွင့္ ကြာျခားခ်က္ရွိပါက ကြာျခားခ်က္ကို ျဖည့္စြက္ ေဖာ္ျပရန္၊

 

ေလွ်ာက္ထားရန္ -


ဦးေဆာင္ၫႊန္ၾကားေရးမႉးထံသို႔ ေလွ်ာက္ထားရမည္။

 

 

ဝန္ေဆာင္မႈေပးသည့္ ဌာနမ်ားအား ဆက္သြယ္ရမည့္လိပ္စာ -


စက္မႈအင္ဂ်င္နီယာဌာန၊လုပ္သားေရးရာဌာန
ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္၊ အမွတ္(၁၀)၊ ပန္းဆိုးတန္းလမ္း၊ ေက်ာက္တံတားၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕

 

 

ဝန္ေဆာင္မႈရရွိမည့္ တည္ေနရာမ်ား -

 

ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္၊အမွတ္(၁၀)၊ပန္းဆိုးတန္းလမ္း၊ေက်ာက္တံတားၿမိဳ႕နယ္၊ရန္ကုန္ၿမိဳ႕

 

 

ဝဘ္ဆိုက္လိပ္စာ-

 

http://www.mpa.gov.mm

 

ReadMore >>> သေဘၤာက်င္းလုပ္ငန္း လုပ္ကိုင္ခြင့္လိုင္စင္ ထုတ္ေပးျခင္းဝန္ေဆာင္မႈ ရယူရန္ အေျခခံလိုအပ္ခ်က္မ်ား

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)