Port News

ပြည်တော်ပြန်များ ပို့ဆောင်ပေးခဲ့သည် ပြဒါးရှင်ရေယာဉ်မှ ဝန်ထမ်းများ Ship Quarantine ဝင်

ကချင်ပြည်နယ်၊ လွယ်ဂျယ် နယ်စပ်စစ်ဆေးရေးဂိတ်မှ ဝင်ရောက်လာသည့် ပြည်တော်ပြန်များ

အား သယ်ယူပို့ဆောင်ပေးခဲ့သည် ပြဒါးရှင်ရေယာဉ်မှ ဝန်ထမ်းများ Ship Quarantine ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ်၊ လွယ်ဂျယ် နယ်စပ်စစ်ဆေးရေးဂိတ်မှ ဝင်ရောက်လာသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ နေရပ်ပြန်မည့် ပြည်တော်ပြန် မြန်မာနိုင်ငံသားများကို ပို့ဆောင်ပေးသည့် ပြဒါးရှင် ရေယာဉ်သည် ဧပြီလ (၂၁) ရက်၊ ယနေ့ ၁၆၃၀ အချိန်တွင် မန္တလေးသို့ ရောက်ရှိခဲ့ပြီး လက်ကျန်ခရီးသည် ၃ ဦးအနက် တစ်ဦးမှာ အဖျား ရှိသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ကျန်းမာရေးအဖွဲ့မှ လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ပြီး စောင့်ကြည့်လူနာများထားသည့် နဒီမြန်မာဟိုတယ်သို့ ပို့ဆောင်ပေးခဲ့သည်။
ပြဒါးရှင်ရေယာဉ်မှဝန်ထမ်းများအား ကျန်းမာရေးအဖွဲ့မှ စစ်ဆေးမှုများပြုလုပ်ရာ ကျန်းမာရေး ကောင်းမွန်သဖြင့် ရေယာဉ်အား ပိုးသတ်ဆေးများပက်ဖျန်းပြီး ရေလယ်တွင် ကျောက်ချရပ်နား စေပြီး ရေယာဉ်ဝန်ထမ်းများအား ရေယာဉ်ပေါ်တွင်သာနေထိုင်ရန် Ship Quarantine ပြုလုပ်လုပ်ခဲ့သည်။
ရေလယ်တွင်ရပ်နားထားသည့် ပြဒါးရှင်ရေယာဉ်မှရေယာဉ်ဝန်ထမ်းများအား ကျန်းမာရေး ဌာနမှနေ့စဉ်ကိုယ်အပူချိန်လာရောက် တိုင်းတာပေးလျက်ရှိပြီး ဝန်ထမ်းအားလုံးကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ဧပြီလ ၂၄ ရက်တွင် ရေယာဉ်အား ဒုတိယအကြိမ် ပိုးသတ်ဆေးဖျန်းခဲ့ကြောင်း သတင်းရရှိသည်။

ပြဒါးရှင် ရေယာဉ်သည် ကချင်ပြည်နယ်၊ လွယ်ဂျယ် နယ်စပ်စစ်ဆေးရေးဂိတ်မှ ဝင်ရောက်လာသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ နေရပ်ပြန်မည့် ပြည်တော်ပြန် မြန်မာနိုင်ငံသားများကို ပို့ဆောင်ပေးခဲ့ရာ၌ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၁) ရက်၊ ယနေ့ ၁၆၃၀ အချိန်တွင် မန္တလေးသို့ ရောက်ရှိကြောင်း သတင်းရရှိသည်။
ကသာ၊ ထီးချိုင့်၊ ကျောက်မြောင်းမြို့များတွင် မိမိတို့နေထိုင်ရာ မြို့နယ်များသို့ ခရီးဆက်ကြမည့် သူများအား တိုင်းဒေသကြီး အစီအစဉ်ဖြင့် စောင့်ကြိုနေကြသည့် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ စနစ်တကျ အပ်နှံခဲ့သည်။ ပြည်တော်ပြန်မြန်မာနိုင်ငံသား ၁၅၂ဦးနှင့် အခြားခရီးသည် ၆ဦး စုစုပေါင်း ၁၅၈ ဦးတင်ဆောင်လာခဲ့ကြောင်းသိရသည်။
မန္တလေးသို့ရောက်ရှိချိန်တွင် ရေယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည် ၃ဦးအနက်တစ်ဦးမှာ အဖျား ရှိသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ကျန်းမာရေးအဖွဲ့မှ လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ပြီး စောင့်ကြည့်လူနာများထားသည့် နဒီမြန်မာဟိုတယ်သို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
ပြဒါးရှင်ရေယာဉ်မှဝန်ထမ်းများအား ကျန်းမာရေးအဖွဲ့မှ စစ်ဆေးမှုများပြုလုပ်ရာ ကျန်းမာရေး ကောင်းမွန်သဖြင့် ရေယာဉ်အား ပိုးသတ်ဆေးများပက်ဖျန်းပြီး ရေလယ်တွင် ကျောက်ချရပ်နား ထားပြီး ရေယာဉ်ဝန်ထမ်းများအား ရေယာဉ်ပေါ်တွင်သာ နေထိုင်ရန် စီစဉ်ဆောင်ရွက်၍ Ship Quarantine ပြုလုပ်ထားခြင်း ဖြစ်သည်။

Transcom News Journal

 

 

 

ျပည္ေတာ္ျပန္မ်ား ပို႔ေဆာင္ေပးခဲ့သည္ ျပဒါးရွင္ေရယာဥ္မွ ဝန္ထမ္းမ်ား Ship Quarantine ဝင္


ကခ်င္ျပည္နယ္၊ လြယ္ဂ်ယ္ နယ္စပ္စစ္ေဆးေရးဂိတ္မွ ဝင္ေရာက္လာသည့္ ျပည္ေတာ္ျပန္မ်ား
အား သယ္ယူပို႔ေဆာင္ေပးခဲ့သည္ ျပဒါးရွင္ေရယာဥ္မွ ဝန္ထမ္းမ်ား Ship Quarantine ျပဳလုပ္

ကခ်င္ျပည္နယ္၊ လြယ္ဂ်ယ္ နယ္စပ္စစ္ေဆးေရးဂိတ္မွ ဝင္ေရာက္လာသည့္ ျပည္ေတာ္ျပန္မ်ား
အား သယ္ယူပို႔ေဆာင္ေပးခဲ့သည္ ျပဒါးရွင္ေရယာဥ္မွ ဝန္ထမ္းမ်ား Ship Quarantine ျပဳလုပ္
လ်က္ရွိေၾကာင္း သတင္းရရွိသည္။
ကခ်င္ျပည္နယ္၊ လြယ္ဂ်ယ္ နယ္စပ္စစ္ေဆးေရးဂိတ္မွ ဝင္ေရာက္လာသည့္ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းမွ ေနရပ္ျပန္မည့္ ျပည္ေတာ္ျပန္ ျမန္မာႏိုင္ငံသားမ်ားကို ပို႔ေဆာင္ေပးသည့္ ျပဒါးရွင္ ေရယာဥ္သည္ ဧၿပီလ (၂၁) ရက္၊ ယေန႔ ၁၆၃၀ အခ်ိန္တြင္ မႏၲေလးသို႔ ေရာက္ရွိခဲ့ၿပီး လက္က်န္ခရီးသည္ ၃ ဦးအနက္ တစ္ဦးမွာ အဖ်ား ရွိသျဖင့္ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္က်န္းမာေရးအဖြဲ႕မွ လိုအပ္သည့္ စစ္ေဆးမႈမ်ားျပဳလုပ္ၿပီး ေစာင့္ၾကည့္လူနာမ်ားထားသည့္ နဒီျမန္မာဟိုတယ္သို႔ ပို႔ေဆာင္ေပးခဲ့သည္။
ျပဒါးရွင္ေရယာဥ္မွဝန္ထမ္းမ်ားအား က်န္းမာေရးအဖြဲ႕မွ စစ္ေဆးမႈမ်ားျပဳလုပ္ရာ က်န္းမာေရး ေကာင္းမြန္သျဖင့္ ေရယာဥ္အား ပိုးသတ္ေဆးမ်ားပက္ဖ်န္းၿပီး ေရလယ္တြင္ ေက်ာက္ခ်ရပ္နား ေစၿပီး ေရယာဥ္ဝန္ထမ္းမ်ားအား ေရယာဥ္ေပၚတြင္သာေနထိုင္ရန္ Ship Quarantine ျပဳလုပ္လုပ္ခဲ့သည္။
ေရလယ္တြင္ရပ္နားထားသည့္ ျပဒါးရွင္ေရယာဥ္မွေရယာဥ္ဝန္ထမ္းမ်ားအား က်န္းမာေရး ဌာနမွေန႔စဥ္ကိုယ္အပူခ်ိန္လာေရာက္ တိုင္းတာေပးလ်က္ရွိၿပီး ဝန္ထမ္းအားလုံးက်န္းမာေရးေကာင္းမြန္လ်က္ရွိေၾကာင္း သိရသည္။
ဧၿပီလ ၂၄ ရက္တြင္ ေရယာဥ္အား ဒုတိယအႀကိမ္ ပိုးသတ္ေဆးဖ်န္းခဲ့ေၾကာင္း သတင္းရရွိသည္။

ျပဒါးရွင္ ေရယာဥ္သည္ ကခ်င္ျပည္နယ္၊ လြယ္ဂ်ယ္ နယ္စပ္စစ္ေဆးေရးဂိတ္မွ ဝင္ေရာက္လာသည့္ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းမွ ေနရပ္ျပန္မည့္ ျပည္ေတာ္ျပန္ ျမန္မာႏိုင္ငံသားမ်ားကို ပို႔ေဆာင္ေပးခဲ့ရာ၌ ၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ (၂၁) ရက္၊ ယေန႔ ၁၆၃၀ အခ်ိန္တြင္ မႏၲေလးသို႔ ေရာက္ရွိေၾကာင္း သတင္းရရွိသည္။
ကသာ၊ ထီးခ်ိဳင့္၊ ေက်ာက္ေျမာင္းၿမိဳ႕မ်ားတြင္ မိမိတို႔ေနထိုင္ရာ ၿမိဳ႕နယ္မ်ားသို႔ ခရီးဆက္ၾကမည့္ သူမ်ားအား တိုင္းေဒသႀကီး အစီအစဥ္ျဖင့္ ေစာင့္ႀကိဳေနၾကသည့္ သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ားသို႔ စနစ္တက် အပ္ႏွံခဲ့သည္။ ျပည္ေတာ္ျပန္ျမန္မာႏိုင္ငံသား ၁၅၂ဦးႏွင့္ အျခားခရီးသည္ ၆ဦး စုစုေပါင္း ၁၅၈ ဦးတင္ေဆာင္လာခဲ့ေၾကာင္းသိရသည္။
မႏၲေလးသို႔ေရာက္ရွိခ်ိန္တြင္ ေရယာဥ္ေပၚတြင္လိုက္ပါလာသည့္ ခရီးသည္ ၃ဦးအနက္တစ္ဦးမွာ အဖ်ား ရွိသျဖင့္ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္က်န္းမာေရးအဖြဲ႕မွ လိုအပ္သည့္ စစ္ေဆးမႈမ်ားျပဳလုပ္ၿပီး ေစာင့္ၾကည့္လူနာမ်ားထားသည့္ နဒီျမန္မာဟိုတယ္သို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္းသိရသည္။
ျပဒါးရွင္ေရယာဥ္မွဝန္ထမ္းမ်ားအား က်န္းမာေရးအဖြဲ႕မွ စစ္ေဆးမႈမ်ားျပဳလုပ္ရာ က်န္းမာေရး ေကာင္းမြန္သျဖင့္ ေရယာဥ္အား ပိုးသတ္ေဆးမ်ားပက္ဖ်န္းၿပီး ေရလယ္တြင္ ေက်ာက္ခ်ရပ္နား ထားၿပီး ေရယာဥ္ဝန္ထမ္းမ်ားအား ေရယာဥ္ေပၚတြင္သာ ေနထိုင္ရန္ စီစဥ္ေဆာင္႐ြက္၍ Ship Quarantine ျပဳလုပ္ထားျခင္း ျဖစ္သည္။

Transcom News Journal

Read times
Rate this item
(0 votes)