Port News

တိမ်းစောင်းနစ်မြှုပ် Golden Ray အတွင်းအပြင်မြင်ကွင်း

လွန်ခဲ့တဲ့ ခုနစ်လ စက်တင်ဘာလ ၂၀၁၉ ခုနှစ်မှာ ကားစီရေ ၄၂၀၀ ဝန်းကျင် တင်ဆောင်လာတဲ့

ကားတင်သင်္ဘော Golden Ray  ဟာ အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်ရဲ့ အတ္တလန်တိတ်သမုဒ္ဒရာကမ်းခြေမှာ တိမ်းစောင်းနစ်မြှုပ်သွားခဲ့တယ်။

 

 

 

သင်္ဘောပေါ်ပါလာတဲ့ ဝန်ထမ်း ၂၃ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်။ ကိုရီးယားလူမျိုး သင်္ဘောဝန်ထမ်း ၄ ဦး အထဲမှာ ပိတ်မိနေတာကို ကမ်းခြေစောင့်တပ်မှ ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။

 

 

ရေအောက် မမြှုပ်တစ်မြှုပ် ဖြစ်နေတဲ့  ကားတင်သင်္ဘော Golden Ray  ရဲ့ အတွင်းပိုင်းကို ဝင်ရောက်ပြီး မှတ်တမ်းတင်ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေ ရိုက်ကူးခဲ့ကြတယ်။

 

 

တန်ချိန် ၇၁,၁၇၈ ရှိတဲ့ ကားတင်သင်္ဘော Golden Ray ဟာ ကိုရီးယားနိုင်ငံ  Hyundai ကားလုပ်ငန်းကြီးရဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေး လက်တံမှ ပြေးဆွဲနေတဲ့ သင်္ဘောတစ်စီး ဖြစ်ပါတယ်။ သင်္ဘောပေါ်မှာ Kias ကားမော်ဒယ်တွေ တင်ဆောင်လာပါတယ်။ Chevrolet Tahoes နဲ့ Suburbans ကားတွေလည်း ပါပါတယ်။

 

သင်္ဘောတိမ်းမှောက်တာကြောင့် ဆီတွေ ထွက်ကျပြီး ပင်လယ်မျက်နှာပြင် ညစ်ညမ်းမှုကို ကာကွယ်ဖို့ သင်္ဘောပေါ်မှ ဆီတွေ စုပ်ယူဖယ်ရှားပစ်တာ ဂါလံ ၃၂၀ ၀၀၀ ကျော် ရရှိခဲ့တယ်။ သင်္ဘော ရေပေါ်မှာ ပေါ်နေစေဖို့ ရေသန့်(Fresh water) လှောင်ကန်တွေထဲမှ ရေတွေကိုလည်း စုပ်ထုတ်ပစ်ပါတယ်။ အဲဒါကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုအတွက် စိုးရိမ်ရတဲ့ အခြေအနေမှာ မရှိတော့တဲ့အပြင် သင်္ဘောကို အပိုင်းပိုင်းဖြတ်ပစ်ပြီး ဖယ်ရှား သွားမယ်လို့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားတယ်။ 

 

 

ပေ ၆၆၀ အရှည်ရှိတဲ့ ကားတင်သင်္ဘောကို အပိုင်း ၈ ပိုင်း ဖြတ်ပြီး ဆယ်ထုတ်ဖို့ လျာထားပါတယ်၊ တစ်ပိုင်းစီကို ကရိန်းနဲ့ မ ပြီး ဘာ့ချ်ပေါ်တင်မယ်။ 

သင်္ဘောပေါ် တင်ဆောင်လာတဲ့ ကားစီရေ ၄၂၀၀ ဝန်းကျင်ကိုတော့ တစ်စီးချင်း ဆယ်ထုတ် ဖယ်ရှားရလိမ့်မယ်လို့ ဆိုပါတယ်။ အဲဒါက ခေါင်းခဲစရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။

 

တိမ္းေစာင္းနစ္ျမႇဳပ္ Golden Ray အတြင္းအျပင္ျမင္ကြင္း

လြန္ခဲ့တဲ့ ခုနစ္လ စက္တင္ဘာလ ၂၀၁၉ ခုႏွစ္မွာ ကားစီေရ ၄၂၀၀ ဝန္းက်င္ တင္ေဆာင္လာတဲ့ ကားတင္သေဘၤာ Golden Ray ဟာ အေမရိကန္ျပည္ေထာင္စု ေဂ်ာ္ဂ်ီယာျပည္နယ္ရဲ႕ အတၱလန္တိတ္သမုဒၵရာကမ္းေျခမွာ တိမ္းေစာင္းနစ္ျမႇဳပ္သြားခဲ့တယ္။
သေဘၤာေပၚပါလာတဲ့ ဝန္ထမ္း ၂၃ ဦးကို ကယ္ဆယ္ႏိုင္ခဲ့တယ္။ ကိုရီးယားလူမ်ိဳး သေဘၤာဝန္ထမ္း ၄ ဦး အထဲမွာ ပိတ္မိေနတာကို ကမ္းေျခေစာင့္တပ္မွ ကယ္ထုတ္ေပးႏိုင္ခဲ့ပါတယ္။

ေရေအာက္ မျမႇဳပ္တစ္ျမႇဳပ္ ျဖစ္ေနတဲ့ ကားတင္သေဘၤာ Golden Ray ရဲ႕ အတြင္းပိုင္းကို ဝင္ေရာက္ၿပီး မွတ္တမ္းတင္ဗီဒီယိုေတြနဲ႔ ဓာတ္ပုံေတြ ႐ိုက္ကူးခဲ့ၾကတယ္။

တန္ခ်ိန္ 71,000 ရွိတဲ့ ကားတင္သေဘၤာ Golden Ray ဟာ ကိုရီးယားႏိုင္ငံ Hyundai ကားလုပ္ငန္းႀကီးရဲ႕ ေရေၾကာင္းသယ္ယူပို႔ေဆာင္ေရး လက္တံမွ ေျပးဆြဲေနတဲ့ သေဘၤာတစ္စီး ျဖစ္ပါတယ္။ သေဘၤာေပၚမွာ Kias ကားေမာ္ဒယ္ေတြ တင္ေဆာင္လာပါတယ္။ Chevrolet Tahoes နဲ႔ Suburbans ကားေတြလည္း ပါပါတယ္။

သေဘၤာတိမ္းေမွာက္တာေၾကာင့္ ဆီေတြ ထြက္က်ၿပီး ပင္လယ္မ်က္ႏွာျပင္ ညစ္ညမ္းမႈကို ကာကြယ္ဖို႔ သေဘၤာေပၚမွ ဆီေတြ စုပ္ယူဖယ္ရွားပစ္တာ ဂါလံ ၃၂၀ ၀၀၀ ေက်ာ္ ရရွိခဲ့တယ္။ သေဘၤာ ေရေပၚမွာ ေပၚေနေစဖို႔ ေရသန႔္(Fresh water) ေလွာင္ကန္ေတြထဲမွ ေရေတြကိုလည္း စုပ္ထုတ္ပစ္ပါတယ္။ အဲဒါေၾကာင့္ ပတ္ဝန္းက်င္ ညစ္ညမ္းမႈအတြက္ စိုးရိမ္ရတဲ့ အေျခအေနမွာ မရွိေတာ့တဲ့အျပင္ သေဘၤာကို အပိုင္းပိုင္းျဖတ္ပစ္ၿပီး ဖယ္ရွား သြားမယ္လို႔ သတင္းတစ္ပုဒ္မွာ ေဖာ္ျပထားတယ္။ ေပ ၆၆၀ အရွည္ရွိတဲ့ ကားတင္သေဘၤာကို အပိုင္း ၈ ပိုင္း ျဖတ္ၿပီး ဆယ္ထုတ္ဖို႔ လ်ာထားပါတယ္၊ သေဘၤာေပၚ တင္ေဆာင္လာတဲ့ ကားစီေရ ၄၂၀၀ ဝန္းက်င္ကိုေတာ့ တစ္စီးခ်င္း ဆယ္ထုတ္ ဖယ္ရွားရလိမ့္မယ္လို႔ ဆိုပါတယ္။

 

 

Read times
Rate this item
(1 Vote)