Port News

သင်္ဘောသားတွေ အိမ်ပြန်ဖို့ လမ်းကြောင်းပြောင်းလိုက်တဲ့ China Dawn

ရေနံစိမ်းတင်ဆောင်တဲ့ ဆီတင်သင်္ဘော China Dawn ဟာ ဘရာဇီးမှ စင်ကာပူသို့ ခုတ်မောင်းလာစဉ် မေလ ၅ ရက်မှာ

ရုတ်တရက် လမ်းကြောင်းပြောင်းပြီး အိန္ဒိယကို ဦးလှည့်လိုက်ပါတယ်။  China Dawn  ရဲ့ ကပ္ပတိန်က သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်လိုက်တာဖြစ်ပြီး အကြောင်းရင်းက ကိုဗစ်ကြောင့် ခရီးသွားလာမှုတွေ ပိတ်ပင်ထားတာမို့ သင်္ဘောသားတွေ ဆင်းဖို့ အခွင့်မသာ ဖြစ်နေခဲ့ပြီး စိတ်ဒဏ်ဖိစီးနေလို့ သင်္ဘောဆင်းခွင့် ပေးလိုက်ပြီဖြစ်တဲ့ အိန္ဒိယကို ဦးလှည့်လိုက်တာ ဖြစ်ပါတယ်။

 

 

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ကို ထိပါ

သင်္ဘောသားများ အတက်အဆင်း အိန္ဒိယတွင် စတင်ခွင့်ပြု

 

၄၈ နာရီကြာ ပိုင်ရှင်များ၊ ငှားရမ်းထားတဲ့ချာတာသမားများအကြား ဆွေးနွေးခဲ့ကြပြီး မေလ ၇ ရက်နေမှာ ကပ္ပတိန်ရေယာဉ်မှူးရဲ့ ဆုံးဖြတ်ချက်ကို သဘောတူပေးလိုက်ပါတယ်။

China Dawn  ကို ဟောင်ကောင်မှ Nan Fung Shipping မှ ပိုင်ဆိုင်ပါတယ်။ သင်္ဘောပေါ်မှာ ကန်ထရိုက်ပြည့်ပြီးသား သင်္ဘောသား ခုနစ်ဦီး ရှိပါတယ်။ သင်္ဘောကပ္ပတိန်က ဟောင်ကောင်မှာ ထုတ်ဝေတဲ့ Sunday Morning Post မှာ ဆောင်းပါးရေးသားခဲ့တယ်။ "ငါတို့ ပင်လယ်ထဲ အကျပ်ရိုက်နေကြပြီ။ ငါတို့က ပင်လယ်အကျဉ်းသားတွေ" လို့ ရေးသားခဲ့တယ်။

ကပ္ပတိန်တွေက ပိုင်ရှင်တွေကို လွန်ဆန်ဖို့ မလွှဲမရှောင်သာ ဖြစ်ရတာ ကပ်ရောဂါကာလမှာ ပိုများလာနေတယ်။

Tomini Destiny သင်္ဘောဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ချစ်တကောင်း ဆိပ်ကမ်းမှာ ကုန်ချဖို့ ကပ္ပတိန်က ငြင်းဆန်ခဲ့တယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အယောက် ၆၀က သင်္ဘောပေါ် တက်လာပြီး အလုပ်လုပ်ကိုင်ကြတဲ့အခါ သင်္ဘောသားတွေကို ကိုဗစ် ကူးစက်မယ့်အရေး ရှိနေလို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။  International Safety Management Code  နဲ့ Safety Management System တို့အရ 'မာစတာ' ရေယာဉ်မှူး အာဏာအရ ဆောင်ရွက်တာ ဖြစ်ပါတယ်။

China Dawn ဟာ အိန္ဒိယနိုင်ငံ ကိုချင်းဆိပ်ကမ်းကို မေလ ၁၄ ရက်မှာ ရောက်ရှိမယ်။ သင်္ဘောပေါ်မှ ဆင်း ( sign-off  ) ပြီး အိမ်ပြန်မယ့် သင်္ဘောသားတွေဟာ အိမ်ကို တန်းပြန်ခွင့် မရှိဘူး။  သင်္ဘောပေါ်မှ ဆင်းပြီးတဲ့အခါ လေးပတ်တိုင်တိုင် quarantine ဝင်ရမယ်။ ပြီးမှ အိမ်ပြန်ခရီးအတွက် လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်တာ သုံးရက် ကြာမယ်။ ပြီးမှ အိမ်ပြန်ခရီးကို စတင်ရမှာ ဖြစ်ပါတယ်။

zawgyi

သေဘၤာသားေတြ အိမ္ျပန္ဖို႔ လမ္းေၾကာင္းေျပာင္းလိုက္တဲ့ China Dawn

 ေရနံစိမ္းတင္ေဆာင္တဲ့ ဆီတင္သေဘၤာ China Dawn ဟာ ဘရာဇီးမွ စင္ကာပူသို႔ ခုတ္ေမာင္းလာစဥ္ ေမလ ၅ ရက္မွာ ႐ုတ္တရက္ လမ္းေၾကာင္းေျပာင္းၿပီး အိႏၵိယကို ဦးလွည့္လိုက္ပါတယ္။  China Dawn  ရဲ႕ ကပၸတိန္က သူ႔ကိုယ္ပိုင္ ဆုံးျဖတ္ခ်က္ျဖင့္ လုပ္ေဆာင္လိုက္တာျဖစ္ၿပီး အေၾကာင္းရင္းက ကိုဗစ္ေၾကာင့္ ခရီးသြားလာမႈေတြ ပိတ္ပင္ထားတာမို႔ သေဘၤာသားေတြ ဆင္းဖို႔ အခြင့္မသာ ျဖစ္ေနခဲ့ၿပီး စိတ္ဒဏ္ဖိစီးေနလို႔ သေဘၤာဆင္းခြင့္ ေပးလိုက္ၿပီျဖစ္တဲ့ အိႏၵိယကို ဦးလွည့္လိုက္တာ ျဖစ္ပါတယ္။

 

သေဘၤာသားမ်ား အတက္အဆင္း အိႏၵိယတြင္ စတင္ခြင့္ျပဳ

 

၄၈ နာရီၾကာ ပိုင္ရွင္မ်ား၊ ငွားရမ္းထားတဲ့ခ်ာတာသမားမ်ားအၾကား ေဆြးေႏြးခဲ့ၾကၿပီး ေမလ ၇ ရက္ေနမွာ ကပၸတိန္ေရယာဥ္မႉးရဲ႕ ဆုံးျဖတ္ခ်က္ကို သေဘာတူေပးလိုက္ပါတယ္။

China Dawn  ကို ေဟာင္ေကာင္မွ Nan Fung Shipping မွ ပိုင္ဆိုင္ပါတယ္။ သေဘၤာေပၚမွာ ကန္ထ႐ိုက္ျပည့္ၿပီးသား သေဘၤာသား ခုနစ္ဦီး ရွိပါတယ္။ သေဘၤာကပၸတိန္က ေဟာင္ေကာင္မွာ ထုတ္ေဝတဲ့ Sunday Morning Post မွာ ေဆာင္းပါးေရးသားခဲ့တယ္။ "ငါတို႔ ပင္လယ္ထဲ အက်ပ္႐ိုက္ေနၾကၿပီ။ ငါတို႔က ပင္လယ္အက်ဥ္းသားေတြ" လို႔ ေရးသားခဲ့တယ္။

ကပၸတိန္ေတြက ပိုင္ရွင္ေတြကို လြန္ဆန္ဖို႔ မလႊဲမေရွာင္သာ ျဖစ္ရတာ ကပ္ေရာဂါကာလမွာ ပိုမ်ားလာေနတယ္။

Tomini Destiny သေဘၤာဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ခ်စ္တေကာင္း ဆိပ္ကမ္းမွာ ကုန္ခ်ဖို႔ ကပၸတိန္က ျငင္းဆန္ခဲ့တယ္။ ဘဂၤလားေဒ့ရွ္ ႏိုင္ငံသား အေယာက္ ၆၀က သေဘၤာေပၚ တက္လာၿပီး အလုပ္လုပ္ကိုင္ၾကတဲ့အခါ သေဘၤာသားေတြကို ကိုဗစ္ ကူးစက္မယ့္အေရး ရွိေနလို႔ ျငင္းဆန္ခဲ့တာ ျဖစ္ပါတယ္။  International Safety Management Code  နဲ႔ Safety Management System တို႔အရ 'မာစတာ' ေရယာဥ္မႉး အာဏာအရ ေဆာင္႐ြက္တာ ျဖစ္ပါတယ္။

China Dawn ဟာ အိႏၵိယႏိုင္ငံ ကိုခ်င္းဆိပ္ကမ္းကို ေမလ ၁၄ ရက္မွာ ေရာက္ရွိမယ္။ သေဘၤာေပၚမွ ဆင္း ( sign-off  ) ၿပီး အိမ္ျပန္မယ့္ သေဘၤာသားေတြဟာ အိမ္ကို တန္းျပန္ခြင့္ မရွိဘူး။  သေဘၤာေပၚမွ ဆင္းၿပီးတဲ့အခါ ေလးပတ္တိုင္တိုင္ quarantine ဝင္ရမယ္။ ၿပီးမွ အိမ္ျပန္ခရီးအတြက္ လုပ္ငန္းစဥ္အဆင့္ဆင့္ ေဆာင္႐ြက္တာ သုံးရက္ ၾကာမယ္။ ၿပီးမွ အိမ္ျပန္ခရီးကို စတင္ရမွာ ျဖစ္ပါတယ္။

 

Read times
Rate this item
(1 Vote)