Port News

သင်္ဘောသား အတက်အဆင်း တာဝန်ပြောင်းလဲခြင်း ကိစ္စ တစ်လအတွင်း ကိုင်တွယ်ဖြေရှင်းပေးရန် တောင်းဆို

အလုပ်ရှင်များနှင့် သင်္ဘောသားသမဂ္ဂများက ရက်စေ့နေပြီဖြစ်သော ကန်ထရိုက်များကို

နောက်ဆုံးအနေဖြင့် နောက်ထပ်တစ်လတိုးပေးရန် သဘောတူထားကြပြီး ထို့ထက် ပို၍ ရက်ထပ်တိုးပေးမည် မဟုတ်ကြောင်းလည်း သဘောတူကြသည်။

ထိုသဘောတူထားခြင်းအရ အစိုးရတို့သည် ဇွန်လ ၁၅ ရက် မတိုင်ခင်မှာ သင်္ဘောသား အပြောင်းအလဲ ကိစ္စကို ဖြေရှင်းပေးကြရမည် ဖြစ်သည်။
International Transport Workers Federation (ITF) နှင့် International Maritime Employers' Council (MEC) တို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး အစိုးရတို့သည် International Maritime Organization (IMO) မှထုတ်ပြန်ထားသော လမ်းညွှန်ချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ရန် တိုက်တွန်းသည်။ သင်္ဘောပိုင်ရှင်တို့ကိုလည်း သင်္ဘောသားများသည် မိသားစုနှင့် ဆက်သွယ်ရန် အင်တာနက် ပြည့်ပြည့်ဝဝ စီစဉ်ပေးထားရန်လည်း တောင်းဆိုထားသည်။
ဇွန်လ ၁၅ရက် နောက်ဆုံးထားပြီး အရေးတယူ ဆောင်ရွက်ခြင်း မရှိပါက စီးပွားရေး အလားအလာကောင်းများအပေါ် အဆိုးသက်ရောက်မှုများ ဖြစ်ပေါ်နိုင်သည်ဟုလည်း သတိပေးထားသည်။
IMO မှ အဆင့် ၁၂ ဆင့်ပါ လမ်းညွှန်ချက်နှင့်အတူ road map တို့ ဖော်ပြထားသော စာမျက်နှာ ၅၅ ခု ပါသည့် ညွှန်ကြားချက်ကို အဖွဲ့ ဝင် ၁၇၄ နိုင်ငံသို့ ပေးပို့ခဲ့ပြီးပြီ ဖြစ်သည်။

zawgyi

သေဘၤာသား အတက္အဆင္း တာဝန္ေျပာင္းလဲျခင္း ကိစၥ တစ္လအတြင္း ကိုင္တြယ္ေျဖရွင္းေပးရန္ ေတာင္းဆို

အလုပ္ရွင္မ်ားႏွင့္ သေဘၤာသားသမဂၢမ်ားက ရက္ေစ့ေနၿပီျဖစ္ေသ ကန္ထ႐ိုက္မ်ားကို ေနာက္ဆုံးအေနျဖင့္ ေနာက္ထပ္တစ္လတိုးေပးရန္ သေဘာတူထားၾကၿပီး ထို႔ထက္ ပို၍ ရက္ထပ္တိုးေပးမည္ မဟုတ္ေၾကာင္းလည္း သေဘာတူၾကသည္။
ထိုသေဘာတူထားျခင္းအရ အစိုးရတို႔သည္ ဇြန္လ ၁၅ ရက္ မတိုင္ခင္မွာ သေဘၤာသား အေျပာင္းအလဲ ကိစၥကို ေျဖရွင္းေပးၾကရမည္ ျဖစ္သည္။
International Transport Workers Federation (ITF) ႏွင့္ International Maritime Employers' Council (MEC) တို႔က ပူးတြဲေၾကညာခ်က္ ထုတ္ျပန္ခဲ့ၿပီး အစိုးရတို႔သည္ International Maritime Organization (IMO) မွထုတ္ျပန္ထားေသာ လမ္းၫႊန္ခ်က္ကို အျမန္ဆုံး အေကာင္အထည္ေဖာ္ရန္ တိုက္တြန္းသည္။ သေဘၤာပိုင္ရွင္တို႔ကိုလည္း သေဘၤာသားမ်ားသည္ မိသားစုႏွင့္ ဆက္သြယ္ရန္ အင္တာနက္ ျပည့္ျပည့္ဝဝ စီစဥ္ေပးထားရန္လည္း ေတာင္းဆိုထားသည္။
ဇြန္လ ၁၅ရက္ ေနာက္ဆုံးထားၿပီး အေရးတယူ ေဆာင္႐ြက္ျခင္း မရွိပါက စီးပြားေရး အလားအလာေကာင္းမ်ားအေပၚ အဆိုးသက္ေရာက္မႈမ်ား ျဖစ္ေပၚႏိုင္သည္ဟုလည္း သတိေပးထားသည္။
IMO မွ အဆင့္ ၁၂ ဆင့္ပါ လမ္းၫႊန္ခ်က္ႏွင့္အတူ road map တို႔ ေဖာ္ျပထားေသာ စာမ်က္ႏွာ ၅၅ ခု ပါသည့္ ၫႊန္ၾကားခ်က္ကို အဖြဲ႕ ဝင္ ၁၇၄ ႏိုင္ငံသို႔ ေပးပို႔ခဲ့ၿပီးၿပီ ျဖစ္သည္။

 

 

 

 

Read times
Rate this item
(1 Vote)