Port News

ရေနံစိမ်း တန်ချိန် ၂သိန်း ၇ သောင်း တင်ဆောင်ထားတဲ့ VLCC မီးလောင်မှုဖြစ်ပွား

Shin Min Shin Min

ကြီးမား တဲ့ ရေနံစိမ်းတင်သင်္ဘောကြီးဖြစ်တဲ့ VLCC ( Very Large Crude Carrier ) သင်္ဘောကြီးဟာ တန်ချိန် ၂၇၀၀၀၀ ကျော် ရေနံစိမ်းများ သယ်ဆောင်လာပြီး Kuwait ရဲ့ Mina Al Ahmadi မှလာရာ လမ်းဖြစ်တဲ့ Sri Lanka ရဲ့ ပင်လယ်ကမ်းခြေ အရှေ့ပိုင်း မှာ မီးလောင်ကျွမ်းခဲ့သည်ဟု သိရပါသည်။

 

အဆိုပါရေနံတင်သင်္ဘောကိုအိန္ဒိယရေနံကော်ပိုရေးရှင်း (IOC) ကငှားရမ်းထားတာဖြစ်ပြီး သင်္ဘောဟာ MT New Diamond လို့ အမည်ရပါတယ်။ ၂၀၀၀ ခုနှစ်က တည်ဆောက်ထားတဲ့ သင်္ဘောဖြစ်ကာသက်တမ်း နှစ်ဆယ် ၂၀ ရှိတဲ့ သင်္ဘောဖြစ်ပြီး တန်ချိန်ပေါင်း ၃၀၀၀၀၀ ထိ သယ်ဆောင်နိုင်တဲ့ သင်္ဘောကြီးဖြစ်ပါသည်။ အိန္ဒိယ ရဲ့ ဆိပ်ကမ်း Paradip သို့အလာ လမ်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

 

ထိုသို့မီးလောင်ကျွမ်းမှုကို မီးငြိမ်းသတ်ရန် အိန္ဒိယ ရဲ့ ပင်လယ် စောင့် အဖွဲ့ ၊ သီရီလင်္ကာရဲ့ ရေတပ် စတဲ့အဖွဲ့အစည်းများက ကူညီ မီးငြိမ်းသတ်ပေးခဲ့ကြောင်း သိရပါသည်။ သီရိလင်္ကာရဲ့ ရေတပ်မှ ရေတပ်စစ်ကြောင်းပြ သင်္ဘောနှစ်စင်း အပြင် မတော်တဆ ထိခိုက်မှု ဖြစ်သူများ အတွက် အသက်ဘေးမှ ကယ်တင်ပေးရန် သီရိလင်္ကာ လေတပ်မှ လေယာဉ်တစ်စီး အသုံးပြုခဲ့ကြောင်း သိရပါသည်။

 

သီရိလင်္ကာ လေတပ်မှ ထိခိုက်ဒဏ်ရာရရှိသူများကို ကယ်တင်နိုင်ဖို့ လေယာဉ်တစ်စီး အလျင်အမြန်စေလွှတ်ကာ ၊ သင်္ဘောနှစ်စင်းလည်း ကူညီဖို့ စေလွှတ်ခဲ့တယ်ဆိုကာ ရေတပ်မှ အုပ်ချုပ်သူ အရာရှိ Rajapaksa က Reuters သို့ ပြောကြားခဲ့သည်။ သီရိလင်္ကာ မှ ရေကြောင်းကာကွယ်ရေးအာဏာပိုင် အဖွဲ့ကတော့ အဆိုပါ ရေနံတင်သင်္ဘောကြီးမှ ပင်လယ်ထဲသို့ ဖိတ်စင်ခဲ့သည့်ရေနံများပြားစွာ ဖိတ်စင်မှု မရှိအောင် တစ်ဆင့်ခြင်း မှန်ကန်ဆီလျော်စွာ ကာကွယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

 

Reference: Marine Insight

Read times
Rate this item
(1 Vote)