Port News

ONE Apus ကွန်တိန်နာသင်္ဘောပေါ်မှ ကွန်တိန်နာ လုံးရေ ၁၉,၀၀ ကျော် ပျက်စီးဆုံးရှုံးမှု ဖြစ်ပွား

ကွန်တိန်နာသင်္ဘော ONE Apus တွင် ကွန်တိန်နာပြိုကျခြင်းကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ကွန်တိန်နာ အရေအတွက်ဟာ လတ်တလောတွင် အကြီးမားဆုံးသော ပမာဏ ဖြစ်သည်။

 

သင်္ဘော၏ ပိုင်ရှင်များနှင့် မန်နေဂျာများက ပျောက်ဆုံးပျက်စီးသွားသော ကွန်တိန်နာပမာဏသည် ကုန်သေတ္တာပေါင်း ၁၉၀၀ ကျော် ရှိလိမ့်မည်ဖြစ်ပြီး အန္တရာယ်ရှိသောကုန်ပစ္စည်းထည့်ထားသည့် ကွန်တိန်နာ အလုံး ၄၀ ပါဝင်နေကြောင်း သတင်းထုတ်ပြန်ပါသည်။

 

ONE Apus သည် အပြည့်တင်ဆောင်ပါက ၁၄,၀၀၀ TEU သယ်ဆောင်နိုင်သော သင်္ဘော ဖြစ်သည်။

 

NYK Shipmanagement က Chidori Ship Holding ကိုယ်စား ထုတ်ပြန်ခဲ့သည်မှာ 138,611 DWT ရှိသော ONE Apus သည် တရုတ်ပြည် ယန်တိုင်းဆိပ်ကမ်းမှ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လောင်းဘိချ်ဆိပ်ကမ်းသို့ ပစိဖိတ်ကို ဖြတ်သန်းပြီး ခုတ်မောင်းစဉ် ကွန်တိန်နာများ ပြိုလဲမှု ဖြစ်ပွားခဲ့သည်။

 

ညီအစ်မသင်္ဘော ONE Aquila သည် အောက်တိုဘာလ ၃၀ ရက်တွင် ကွန်တိန်နာများ ပြိုလဲခဲ့သည်။ ပစိဖိတ် သမုဒ္ဒရာအတွင်း ရာသီဥတု ဆိုးဝါးသောကြောင့် ဖြစ်သည်။ ကွန်တိန်နာ ပျက်စီးဆုံးရှုံးသည့် အရေအတွက်ကို ထုတ်ပြန်ကြေညာခြင်း မပြုခဲ့ချေ။

 

ယခုလို သင်္ဘော နစ်မြှုပ်ခြင်း မရှိဘဲ ကွန်တိန်နာ ခုရေ ၂,၀၀၀ နီးပါး ပျက်စီးဆုံးရှုံးခြင်းသည် အကြီးမားဆုံးသော ပမာဏ ဖြစ်သည်။

Read times
Rate this item
(0 votes)