Transportation

Tuesday, 10 September 2019 10:51

သက်တမ်းတိုးရန် ငါးနှစ်ပျက်ကွက်သော ယာဉ်မောင်းလိုင်စင်နှင့် မော်တော်ယာဉ်လိုင်စင်များကို သက်တမ်း တိုးခွင့်ပြုမည် မဟုတ်

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးထားသော ယာဉ်မောင်းလိုင်းစင်နှင့် မော်တော်ယာဉ် လိုင်စင်များ သက်တမ်းတိုးရန် ငါးနှစ်အထိ ပျက်ကွက်မှုရှိခဲ့ပါ သက်တမ်းတိုးခွင့်ပြုလုပ်ပေးမည် မဟုတ်ကြောင်း သိရသည်။

Tuesday, 10 September 2019 10:34

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်အား ပြောင်းလဲ ပြင်ဆင်သတ်မှတ်မည်

ကုန်သွယ်မှုလုပ်ငန်းစဉ်တစ်လျောက် အသုံးပြုရတဲ့ ကုမ္ပဏီမှတ်ပုံတင် ID တစ်ခုတည်း digit ၉ လုံးဖြင့် အသုံးပြုနိုင်စေရန် ရည်ရွယ်ပြီး DICA ၊ ကုန်သွယ်ရေး၊ အကောက်ခွန်၊ ပြည်တွင်းအခွန်ဌာနများမှာ တူညီစွာသုံးစွဲသွားမှာဖြစ်ကြောင်း သိရပါတယ်။

Tuesday, 10 September 2019 10:30

(၃)တန်အထိတင်ဆောင်နိုင်သောဆိုသည်မှာ ကုန်ကိုပြောတာလား ကုန်+ယာဉ်ကိုပြောတာလား

"ခ"ယာဉ်မောင်းလိုင်စင်နောက်ကြောတွင်ရေးသားပါရှိသည့် (၃)တန်အထိတင်ဆောင်နိုင်သောဆိုသည့် စကားရပ်မှာ တင်ဆောင်သည့်ပစ္စည်းတန်ချိန်တစ်ခုတည်းကိုပြောတာလား ပစ္စည်းတန်ချိန်နှင့်ယာဉ်တန်ချိန် နှစ်မျိုးပေါင်းမှ (၃)တန်ဟုပြောတာလားဆိုသည်ကို အချို့မှာ ကွဲကွဲပြားပြားမသိရှိကြပေ။

Tuesday, 10 September 2019 08:36

ပိုင်းလော့တွေဆန္ဒပြမှုကြောင့် လေယာဉ်ခရီးစဉ် အားလုံးနီးပါး ရပ်ဆိုင်းခဲ့ရတဲ့ British Airways

ဗြိတိန် လေကြောင်းလိုင်း British Airways (BA) က လေယာဉ်မှူး (ပိုင်းလော့) တွေဟာ လစာ အငြင်းပွားမှုတစ်ရပ်နဲ့ပတ်သက်လို့ မကျေနပ်လို့ စက်တင်ဘာ ၉ ရက်မှာ နှစ်ရက်တာ ဆန္ဒပြမှုတွေကို စတင်လုပ်ဆောင်နေခဲ့တဲ့အတွက် လေကြောင်းလိုင်းအနေနဲ့ ယင်းရဲ့လေယာဉ်ခရီးစဉ် အားလုံးနီးပါးကို ရပ်ဆိုင်းထားလိုက်ပါတယ်။

Monday, 09 September 2019 09:09

လာရှိုး-မူဆယ် လမ်းပိုင်းကုန်သွယ်မှုများ နယ်မြေလုံခြုံရေးအရ ညကားများ ဖြတ်သန်းခြင်း မပြု

ရှမ်းပြည်(မြောက်ပိုင်း)၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မန္တလေး-လားရှိုး-မူဆယ် လမ်းတစ်လျှောက် ကုန်သွယ်မှုများ ပြက်တောက်သွားခဲ့ပြီးနောက် ယခုအခါ ပုံမှန်နီးပါး ကုန်သွယ်မှုများ ပြန်လည်ပြုလုပ်လာနိုင်ပြီ ဖြစ်ကြောင်း မူဆယ်ကုန်သွယ်ရေးဇုန်ရှိ ကုန်သည်များထံမှ သိရပါတယ်။

Friday, 06 September 2019 09:06

သက်တမ်းတိုးယာဉ်များတွင် ရောင်ပြန်ပြားများတပ်ဆင်ပေးမည်

ယခု လမှစ၍ကညနတွင် မှတ်ပုံတင် သက်တမ်းတိုး မော်တော်ယာဉ်များကိုရောင်ပြန်ပြားများ တပ်ဆင်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။

Friday, 06 September 2019 06:43

လားရှိုး-မူဆယ် လမ်းမကြီးတွင် ယာဉ်များ ပုံမှန်ပြန်လည်သွားလာ

ရှမ်းပြည်နယ် (မြောက်ပိုင်း)လားရှိုး-မူဆယ်သွား ပြည်ထောင်စုလမ်းမကြီး တည် ငြိမ်အေးချမ်းပြီဖြစ်ခြင်းကြောင့် ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်ကြီးများ ပုံမှန်ပြန်လည်သွားလာနေပြီဖြစ်ကြောင်း ဒေသတွင်း ယာဉ်မောင်းများထံမှ သိရှိရတယ်။ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် သြဂုတ် ၁၅ ရက်မှစတင်ကာ ပစ်ခတ်မှုများကြောင့် လားရှိုး-မူဆယ်သွား လမ်းမကြီးတွင် ယာဉ်အသွားအလာ နည်းပါးခဲ့ရပြီး ခရီးသည်တင် ယာဉ်လိုင်းအချို့ ပိတ်ထားခဲ့ရကြောင်းသိရတယ်။

Friday, 06 September 2019 03:00

ရန်ကုန်လေဆိပ်ကို ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်

ရန်ကုန်လေဆိပ်၏ ပြေးလမ်းဘေးတွင် လမ်းချော်ကာ ပိတ်ဆို့နေခဲ့သည့် တပ်မတော်လေယာဉ်အား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာ့မီးရထားမှ အင်ဂျင်နီယာများ၊ ကျွမ်းကျင်လုပ်သားများနှင့် တပ်မတော်(လေ)မှ ဝန်ထမ်းများ ပူးပေါင်း၍ တက်ညီလက်ညီဆောင်ရွက်ခဲ့ရာ ယနေ့နံနက် ၃:၄၄ မိနစ်အချိန်တွင် ပြေးလမ်းပေါ်သို့ အောင်မြင်စွာ ဆွဲတင်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ်။

Thursday, 05 September 2019 10:08

နေပြည်တော်လေဆိပ်တွင် ယာယီဆင်းသက်ခဲ့ရသော လေယာဉ်စာရင်း နှင့် လေဆိပ်ပိတ်ထားချိန် တိုးမြှင့်ခြင်း နောက်ဆုံးရသတင်း

ရန်ကုန်လေဆိပ် ယာယီပိတ်ထားသဖြင့် ရန်ကုန်သို့ ဆင်းသက်မည့် ပြည်တွင်းလေကြောင်းလိုင်းများမှ လေယာဉ် (၄)စီးသည် နေပြည်တော်လေဆိပ်တွင် ခေတ္တဆင်းသက်ရပ်နား၍ စောင့်ဆိုင်းလျက်ရှိပါတယ်။