Transportation

Friday, 06 December 2019 04:54

အရှေ့တောင်အာရှ၏ ဒေသတွင်းစင်္ကြန်လမ်း ပုံပေါ်လာ

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား တံတားသစ်တစ်စင်းဖွင့်လှစ်လိုက်ခြင်းမှတစ်ဆင့် တောင်တရုတ်ပင်လယ်နှင့် အိန္ဒိယ သမုဒ္ဒရာကိုဆက်သွယ်ပေးသည့် အရှေ့-အနောက်စီးပွါးရေးစင်္ကြန်လမ်း (East-West Economic Corridor) အထမြောက်ရေးအတွက် ပိုနီးလာစေသည်။ဗီယက်နမ်၊လာအို၊ ထိုင်း နှင့် မြန်မာတို့ကို ဖြတ်သန်းသွားသော စီးပွားရေးစင်္ကြန်လမ်းသည် မဲခေါင်ဒေသ၏ ထောက်ပံ့ဖြည့်ဆည်းရေးကွင်းဆက်များကို ပုံသစ်လောင်းတော့မည်ဖြစ်သည်။ ထိုမှတစ်ဆင့် အလွန်ကြီးမားသော အိန္ဒိယဈေးကွက်သို့ ဝင်ရောက်စေနိုင်တော့မည်ဖြစ်သည်။

Friday, 06 December 2019 04:15

တက္ကသိုလ်လေးခုနှင့် ချိတ်ဆက်ကာ ယာဉ်လိုင်းသစ်ပြေးဆွဲသွားမည်ဖြစ်ပြီး ယာဉ်စီးခကို ၃၀၀ ကျပ်သို့ပြောင်းလဲကောက်ခံရန်စီစဉ်

၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ် လေးခုနှင့်ချိတ်ဆက်ကာ ယာဉ်လိုင်းသစ် ပြေးဆွဲမည်ဖြစ်ကြောင်း Omni Focus ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်း၏ ပြောဆိုချက်အရ သိရသည်။

Tuesday, 03 December 2019 04:11

ထိုင်းကုန်တင်ယာဉ်များ မြဝတီမြို့တွင်း၌ ကုန်ပစ္စည်း လာရောက်ပို့ဆောင်/ပြန်လည်သယ်ဆောင်သည့်အခါ သတ်မှတ်လမ်းကြောင်း အတွင်း၌သာ သွားရောက်ရန် သိရှိလိုက်နာနိုင်ရေးကိစ္စ

၁။ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားကို (၃၀-၁၀-၂၀၁၉) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး (၃၁-၁၀-၂၀၁၉) ရက်နေ့မှ စတင်၍ ကုန်တင်ယာဉ်များစတင်ဖြတ်သန်းခွင့်ပြုလျက်ရှိနေပြီဖြစ်ပါသည်။ မြန်မာ-ထိုင်း ကုန်သွယ်မှုဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းသည့် သွင်းကုန် ပစ္စည်းများကို ထိုင်းနိုင်ငံမှ ကုန်တင်ယာဉ်များဖြင့် သယ်ဆောင်၍ မြဝတီမြို့ရှိ သက်ဆိုင်ရာဂိုဒေါင် အသီးသီးသို့ သွားရောက်ပို့ဆောင်မှုများ၊ မြန်မာနိုင်ငံမှ တင်ပို့မည့်ပို့ကုန်များကိုသယ်ဆောင်ရန်အတွက် လာရောက်သယ်ဆောင်မှုများ ဆောင်ရွက်လျက်ရှိနေပါသည်။

Monday, 02 December 2019 05:15

မက္ကဆီကိုရှိမီးတောင်ပေါက်ကွဲမှုကြောင့် KLM လေကြောင်းလိုင်းမှ ခရီးသည်များသည် အမ်စတာဒမ် မှစတင်၍ ၁၁ နာရီကြာလေယာဉ်စီးခဲ့ရပြီး အမ်စတာဒမ်သို့သာ ပြန်လည်ဆင်းသက်ခဲ့ရ

ပြီးခဲ့သည့် ကြာသာပတေးနေ့တွင် KLM လေကြောင်းလိုင်းခရီးစဉ် စီးနှင်းခဲ့သည့် ခရီးသည်များသည် ၁၁နာရီကြာမြင့်စွာ စီးနှင်းခဲ့ရပြီး‌ မီးတောင်ပေါက်ကွဲမှုကြောင့် ခရီးစဉ်စတင်ခဲ့သည့် နေရာအတိအကျသို့ပင် ပြန်လည်ပို့ဆောင်ပေးခဲ့ရပါတယ်။

Friday, 29 November 2019 05:05

ရန်ကုန်မြို့ ပန်းဆိုးတန်းနှင့် ဒလဆိပ်ကမ်းသို့ လွန်းပြန်ပို့ဆောင်နေသည့် ချယ်ရီကူးတို့သင်္ဘော

ရန်ကုန်မြို့ ပန်းဆိုးတန်းနှင့် ဒလဆိပ်ကမ်းသို့ လွန်းပြန်ပို့ဆောင်နေသည့် ချယ်ရီကူးတို့သင်္ဘောတွင် နေ့စဉ်ခရီးသည် ၂၆၀၀၀ ခန့် လိုက်ပါစီးနင်းလျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ သိရပါတယ်။

Friday, 29 November 2019 03:38

FLYDUBAI လေကြောင်းလိုင်းမှ ရန်ကုန် - ဒူဘိုင်း တိုက်ရိုက်လေကြောင်း ခရီးစဉ်ကို ဒီဇင်ဘာ ၁၀ ရက်တွင် စတင်ပျံသန်းမည်

ဒူဘိုင်းအခြေစိုက် Flydubai လေကြောင်းလိုင်းက ရန်ကုန်-ဒူဘိုင်း တိုက်ရိုက် လေကြောင်းခရီးစဉ်ကို ဒီဇင်ဘာ ၁၀ ရက် တွင် စတင်ပျံသန်းမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းမှ အကြီးတန်း ဒုတိယဥက္ကဋ္ဌ Ghaith Al Ahaith ၏ပြောကြားချက်အရ သိရသည်။

Thursday, 28 November 2019 03:30

City Taxi များကို အစီးရေ မှန်/မမှန် ကညနနှင့် YRTA မှ စစ်ဆေးမည်

ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် City Taxi အစီးရေအတွက်နှင့် စာရင်းထဲတွင်ရှိသည့် City Taxi အစီးအရေအတွက် တကယ်ရှိမရှိကို ကညနနှင့် တိုက်ဆိုင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူးဦးလှအောင်က ပြောကြားခဲ့ပါတယ်။

Tuesday, 26 November 2019 08:25

ယာဉ်မောင်းလိုင်စင်များ နယ်လှည့်၍ သက်တမ်းတိုး ဆောင်ရွက်ပေးမည်

၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွန့်ကြားရေးမှုဦးစီးဌာနမှ ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုး ဆောင်ရွက်ရန် အသိပေးနှိုးဆော်ထားပါတယ်။

Monday, 25 November 2019 09:49

ပုသိမ်-ရန်ကုန်ကားလမ်း လမ်းပိုင်းအဆင့်မြှင့်တင်မှု စတင်

ပုသိမ်-ရန်ကုန်ကားလမ်းအား ရန်ကုန်တိုင်းဒေသကြီးမှ ဧရာဝတီတိုင်းဒေသကြီး ဗိုလ်မြတ်ထွန်းတံတား ချဉ်းကပ်လမ်းအထိ ပေ ၃၀ အကျယ် ကွန်ကရစ်လမ်းအဖြစ် လမ်းအဆင့်မြှင့်တင်နေမှုကို စတင်ပြုလုပ်နေပြီဖြစ် ပြီး ၂၀၂၀ ပြည့်နှစ် ဇွန်လလယ်ပိုင်းတွင် ကွန်ကရစ်ခင်းကျင်းမှုလုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရပါတယ်။