Transportation

Monday, 18 May 2020 05:07

ဖိလစ်ပိုင်တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

ဖိလစ်ပိုင်တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့သည်။

Saturday, 16 May 2020 14:51

မြန်မာအမျိုးသားလေကြောင်း (MNA)မှ ပြည်တွင်းခရီးစဉ်များကို ဆက်လက်ပျံသန်း

(Uiicode+ Zawgyi)မြန်မာအမျိုးသားလေကြောင်း (MNA)မှ ယခုကာလအတွင်း ခရီးသွားပြည်သူများ၏ အရေးကြီး ခရီးသွားလာမှုများအစဉ်ပြေစေရန် ပြည်တွင်းခရီးစဉ်များကို ဆက်လက်ပျံသန်းလျက်ရှိသည်။ မိမိသွားလိုသော ခရီးစဉ်၏ အချိန်နှင့် ရက်များကို https://www.flymna.com/plan-a-trip/flight-schedule တွင် အချိန်နှင့် တပြေးညီ ဝင်ရောက်ကြည့်ရှုနိုင်သည်။မြန်မာနိုင်ငံသားများအနေဖြင့် MNA Website www.flymna.com တွင် Local option ကိုနှိပ်၍ မြန်မာကျပ် MMK ဖြင့်ငွေပေးချေ ပြီး လေယာဉ်လက်မှတ်များကိုအလွယ်တကူ ဝယ်ယူနိုင်သည်။ခရီးစဉ် အသေးစိတ်အချက်အလက်များကို MNA Call Center +951 378603 – 04 – 06 – 07 – 08 | +951 377840 – 41 – 42 သို့ဆက်သွယ်မေးမြန်း နိုင်ကြောင်း သိရသည်။ ZAWGYI ျမန္မာအမ်ိဳးသားေလေၾကာင္း (MNA)မွ ျပည္တြင္းခရီးစဥ္မ်ားကို ဆက္လက္ပ်ံသန္း ျမန္မာအမ်ိဳးသားေလေၾကာင္း (MNA)မွ ယခုကာလအတြင္း ခရီးသြားျပည္သူမ်ား၏ အေရးႀကီး ခရီးသြားလာမႈမ်ားအစဥ္ေျပေစရန္ ျပည္တြင္းခရီးစဥ္မ်ားကို ဆက္လက္ပ်ံသန္းလ်က္ရွိသည္။မိမိသြားလိုေသာ ခရီးစဥ္၏ အခ်ိန္ႏွင့္ ရက္မ်ားကို https://www.flymna.com/plan-a-trip/flight-schedule တြင္ အခ်ိန္ႏွင့္ တေျပးညီ ဝင္ေရာက္ၾကည့္ရႈႏိုင္သည္။ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ MNA Website www.flymna.com တြင္ Local option ကိုႏွိပ္၍ ျမန္မာက်ပ္ MMK ျဖင့္ေငြေပးေခ် ၿပီး ေလယာဥ္လက္မွတ္မ်ားကိုအလြယ္တကူ ဝယ္ယူႏိုင္သည္။ခရီးစဥ္ အေသးစိတ္အခ်က္အလက္မ်ားကို MNA Call Center +951 378603 – 04 – 06 – 07 – 08 | +951 377840 – 41 – 42 သို႔ဆက္သြယ္ေမးျမန္း ႏိုင္ေၾကာင္း သိရသည္။

Wednesday, 13 May 2020 09:38

Airbus လေယာဉ် ထုတ်လုပ်ရေးရဲ့ လေယာဉ်သယ်သင်္ဘောများ

အဲဘတ်စ် လေယာဉ်ပျံ ထုတ်လုပ်ရေး လုပ်ငန်းကြီးမှ အသုံးပြုသောသင်္ဘောများသည် 'လေယာဉ်သယ်သင်္ဘော' ဟု ခေါ်ဆိုနိုင်သည်။ လေယာဉ်တင်သင်္ဘော ဟုဆိုပါက စစ်ဘက်သုံး စစ်လေယာဉ်တင်သင်္ဘောများကိုသာ စိတ်ထဲ ပြေးမြင်ကြမည်။ အဆိုပါ လေယာဉ်သယ်သင်္ဘောများသည် လေယာဉ်တစ်စီး တည်ဆောက်ရာ၌ ပါဝင်သော အစိတ်အပိုင်းများကို သယ်ယူပို့ဆောင် ပေးကြသည်။ Airbus ကို ပြင်သစ်နိုင်ငံတွင် တပ်ဆင် ထုတ်လုပ်ပြီး အစိတ်အပိုင်းများကို အခြားနိုင်ငံများရှိ စက်ရုံခွဲများတွင် ထုတ်လုပ်ပြီး ပြင်သစ်နိုင်ငံသို့ တင်ပို့သည်။ ယူကေနိုင်ငံရှိ Broughton ဂျာမနီနိုင်ငံရှိ Hamburg အမေရိကန်နိုင်ငံရှိ Mobile တရုတ်နိုင်ငံရှိ Tianjin နှင့် ပြင်သစ်နိုင်ငံရှိ Toulouse တို့တွင် ထုတ်လုပ်ပြီး Toulouse တွင် အပြီးသတ် တပ်ဆင်သည်။ ထိုသို့ ထုတ်လုပ်ထားသည့် အစိတ်အပိုင်းများကို သယ်ဆောင်ရန် Airbus သည် ကုမ္ပဏီပိုင် သင်္ဘောများကို အသုံးပြုသည့်အပြင် ပြင်ပမှ ငှားရမ်း သုံးစွဲခြင်းလည်း ရှိသည်။ Ville de Bordeaux ====== Ville de Bordeaux သည် ဘီးလှိမ့်တင် ဘီးလှိမ့်ချ roll-on and roll-off (ro-ro) အမျိုးအစား ဖြစ်သည်။ အရွယ်အစား ကြီးမားသော လေယာဉ်ပျံ အစိ်တ်အပိုင်းကြီးများ တင်ဆောင်ရန် အထူးသီးသန့် ဒီဇိုင်းထုတ်ထားသည်။ နောက်ဘက် ပဲ့ပိုင်းတွင် တံခါးမကြီး တစ်ချပ်ရှိပြီး ကမ်းကပ်ထားချိန်တွင် သင်္ဘောနှင့် ဆိပ်ခံတို့အကြား နေရာလပ်ကို ခင်းပေးသည့် ကုန်းဘောင်အဖြစ် အသုံးပြုသည်။ ပိတ်ထားချိန်တွင် ရေလုံအောင် စီမံထားသည်။ ရေလုံနောက်ပိတ်တံခါးများတွင် Ville de Bordeaux ၏ နောက်ပိတ်တံခါးသည် ကမ္ဘာပေါ်တွင် အရွယ်အစား အကြီးမားဆုံး ဖြစ်သည်။ 22 metres x 14 metres အရွယ်အစား ရှိသည်။ သင်္ဘောအရွယ်အစားမှာ အလျား 154.15 metres ၊ အကျယ် 24 metres wide နှင့် ရေစူး 21.85 metres ရှိသည်။ Ville de Bordeau ကို တရုတ်နိုင်ငံ Nanjing တွင် တည်ဆောက်ခဲ့သည်။ မိခင်ကုမွဏီ အဲဘတ်စ်အတွက် လေယာဉ် အစိတ်အပိုင်းများကို ယူကေ၊ ဂျာမနီနှင့် စပိန်တို့ရှိ အဲဘတ်စ် စက်ရုံခွဲများထံမှ ပြင်သစ်နိုင်ငံ Bordeaux ဆိပ်ကမ်းသို့ သယ်ယူပို့ဆောင်ပေးသည်။ ထိုဆိပ်ကမ်းမှာ လေယာဉ်ပျံ တပ်ဆင်သည့် Toulouse သို့ မြစ်ကြောတစ်လျှောက် barge ဖြင့် သယ်ယူပြီး မြစ်ဆိပ်ကမ်းမှ စက်ရုံသို့ ကုန်းလမ်းဖြင့် သယ်ယူသည်။ Mobile Express ===== Mobile Express သည် အတ္တလန်တိတ်သမုဒ္ဒရာကို တစ်လ တစ်ကြိမ် ဖြတ်ကူးသည်။ လေယာဉ်ဆီ သိုလှောင်သော အပိုင်း၊ တောင်ပံများနှင့် အင်ဂျင်အထိုင်နေရာ၊ ထောင်လိုက်နှင့် အလျားလိုက် အငြိမ်ထိန်းပေးသည့် အပိုင်းများကို အမေရိကန်နိုင်ငံ Mobile မြို့မှ ပြင်သစ်နိုင်ငံ Bordeaux ဆိပ်ကမ်းသို့ သယ်ယူပို့ဆောင်ပေးသည်။ အဲဘတ် စက်ရုံခွဲ တည်ရှိရာ Mobile ကို အစွဲပြုပြီး အမည်ပေးထားခြင်း ဖြစ်သည်။ Mobile Express သည် အလျား 180 metres ရှိသည်။ ခုတ်မောင်းသည့် အမြန်နှုန်းမှာ 19 knots ဖြစ်သည်။ ( အကြမ်းအားဖြင့် တစ်နာရီ ၃၅ ကီလိုမီတာ အမြန်နှုန်း ဖြစ်သည်) The Mobile Express ကို အီတလီနိုင်ငံတွင် တည်ဆောက်ခဲ့သည်။ အဲဘတ်စ်လေယာဉ်အစိတ်အပိုင်းများ သယ်ယူပို့ဆောင်‌ရေးတွင် မြစ်တွင်း သယ်ယူပို့ဆောင်ပေးသည့် barge များသည်လည်း အရေးပါသည်။ Bordeaux ဆိပ်ကမ်းမှ Garonne မြစ်ကြောတစ်လျှောက် ခုတ်မောင်းပြီး မြစ်ဆိပ်ကမ်း Langon တွင် ခရီးဆုံးသည်။ Langon မှ အပြီးသတ် တပ်ဆင်သည့် စက်ရုံတည်ရှိရာ Toulouse သို့ ကုန်းလမ်းဖြင့် သယ်ယူသည်။ အဲဘတ္စ္ ေလယာဥ္ပ်ံ ထုတ္လုပ္ေရး လုပ္ငန္းႀကီးမွ အသုံးျပဳေသာသေဘၤာမ်ားသည္ 'ေလယာဥ္သယ္သေဘၤာ' ဟု ေခၚဆိုႏိုင္သည္။ ေလယာဥ္တင္သေဘၤာ ဟုဆိုပါက စစ္ဘက္သုံး စစ္ေလယာဥ္တင္သေဘၤာမ်ားကိုသာ စိတ္ထဲ ေျပးျမင္ၾကမည္။ အဆိုပါ ေလယာဥ္သယ္သေဘၤာမ်ားသည္ ေလယာဥ္တစ္စီး တည္ေဆာက္ရာ၌ ပါဝင္ေသာ အစိတ္အပိုင္းမ်ားကို သယ္ယူပို႔ေဆာင္ ေပးၾကသည္။ Airbus ကို ျပင္သစ္ႏိုင္ငံတြင္ တပ္ဆင္ ထုတ္လုပ္ၿပီး အစိတ္အပိုင္းမ်ားကို အျခားႏိုင္ငံမ်ားရွိ စက္႐ုံခြဲမ်ားတြင္ ထုတ္လုပ္ၿပီး ျပင္သစ္ႏိုင္ငံသို႔ တင္ပို႔သည္။ ယူေကႏိုင္ငံရွိ Broughton ဂ်ာမနီႏိုင္ငံရွိ Hamburg အေမရိကန္ႏိုင္ငံရွိ Mobile တ႐ုတ္ႏိုင္ငံရွိ Tianjin ႏွင့္ ျပင္သစ္ႏိုင္ငံရွိ Toulouse တို႔တြင္ ထုတ္လုပ္ၿပီး Toulouse တြင္ အၿပီးသတ္ တပ္ဆင္သည္။ ထိုသို႔ ထုတ္လုပ္ထားသည့္ အစိတ္အပိုင္းမ်ားကို သယ္ေဆာင္ရန္ Airbus သည္ ကုမၸဏီပိုင္ သေဘၤာမ်ားကို အသုံးျပဳသည့္အျပင္ ျပင္ပမွ ငွားရမ္း သုံးစြဲျခင္းလည္း ရွိသည္။ Ville de Bordeaux====== Ville de Bordeaux သည္ ဘီးလွိမ့္တင္ ဘီးလွိမ့္ခ် roll-on and roll-off (ro-ro) အမ်ိဳးအစား ျဖစ္သည္။ အ႐ြယ္အစား ႀကီးမားေသာ ေလယာဥ္ပ်ံ အစိ္တ္အပိုင္းႀကီးမ်ား တင္ေဆာင္ရန္ အထူးသီးသန္႔ ဒီဇိုင္းထုတ္ထားသည္။ ေနာက္ဘက္ ပဲ့ပိုင္းတြင္ တံခါးမႀကီး တစ္ခ်ပ္ရွိၿပီး ကမ္းကပ္ထားခ်ိန္တြင္ သေဘၤာႏွင့္ ဆိပ္ခံတို႔အၾကား ေနရာလပ္ကို ခင္းေပးသည့္ ကုန္းေဘာင္အျဖစ္ အသုံးျပဳသည္။ ပိတ္ထားခ်ိန္တြင္ ေရလုံေအာင္ စီမံထားသည္။ ေရလုံေနာက္ပိတ္တံခါးမ်ားတြင္ Ville de Bordeaux ၏ ေနာက္ပိတ္တံခါးသည္ ကမာၻေပၚတြင္ အ႐ြယ္အစား အႀကီးမားဆုံး ျဖစ္သည္။ 22 metres x 14 metres အ႐ြယ္အစား ရွိသည္။ သေဘၤာအ႐ြယ္အစားမွာ အလ်ား 154.15 metres ၊ အက်ယ္ 24 metres wide ႏွင့္ ေရစူး 21.85 metres ရွိသည္။ Ville de Bordeau ကို တ႐ုတ္ႏိုင္ငံ Nanjing တြင္ တည္ေဆာက္ခဲ့သည္။ မိခင္ကုမြဏီ အဲဘတ္စ္အတြက္ ေလယာဥ္ အစိတ္အပိုင္းမ်ားကို ယူေက၊ ဂ်ာမနီႏွင့္ စပိန္တို႔ရွိ အဲဘတ္စ္ စက္႐ုံခြဲမ်ားထံမွ ျပင္သစ္ႏိုင္ငံ Bordeaux ဆိပ္ကမ္းသို႔ သယ္ယူပို႔ေဆာင္ေပးသည္။ ထိုဆိပ္ကမ္းမွာ ေလယာဥ္ပ်ံ တပ္ဆင္သည့္ Toulouse သို႔ ျမစ္ေၾကာတစ္ေလွ်ာက္ barge ျဖင့္ သယ္ယူၿပီး ျမစ္ဆိပ္ကမ္းမွ စက္႐ုံသို႔ ကုန္းလမ္းျဖင့္ သယ္ယူသည္။ Mobile Express===== Mobile Express သည္ အတၱလန္တိတ္သမုဒၵရာကို တစ္လ တစ္ႀကိမ္ ျဖတ္ကူးသည္။ ေလယာဥ္ဆီ သိုေလွာင္ေသာ အပိုင္း၊ ေတာင္ပံမ်ားႏွင့္ အင္ဂ်င္အထိုင္ေနရာ၊ ေထာင္လိုက္ႏွင့္ အလ်ားလိုက္ အၿငိမ္ထိန္းေပးသည့္ အပိုင္းမ်ားကို အေမရိကန္ႏိုင္ငံ Mobile ၿမိဳ႕မွ ျပင္သစ္ႏိုင္ငံ Bordeaux ဆိပ္ကမ္းသို႔ သယ္ယူပို႔ေဆာင္ေပးသည္။ အဲဘတ္ စက္႐ုံခြဲ တည္ရွိရာ Mobile ကို အစြဲျပဳၿပီး အမည္ေပးထားျခင္း ျဖစ္သည္။ Mobile Express သည္ အလ်ား 180 metres ရွိသည္။ ခုတ္ေမာင္းသည့္ အျမန္ႏႈန္းမွာ 19 knots ျဖစ္သည္။ ( အၾကမ္းအားျဖင့္ တစ္နာရီ ၃၅ ကီလိုမီတာ အျမန္ႏႈန္း ျဖစ္သည္) The Mobile Express ကို အီတလီႏိုင္ငံတြင္ တည္ေဆာက္ခဲ့သည္။ အဲဘတ္စ္ေလယာဥ္အစိတ္အပိုင္းမ်ား သယ္ယူပို႔ေဆာင္‌ေရးတြင္ ျမစ္တြင္း သယ္ယူပို႔ေဆာင္ေပးသည့္ barge မ်ားသည္လည္း အေရးပါသည္။ Bordeaux ဆိပ္ကမ္းမွ Garonne ျမစ္ေၾကာတစ္ေလွ်ာက္ ခုတ္ေမာင္းၿပီး ျမစ္ဆိပ္ကမ္း Langon တြင္ ခရီးဆုံးသည္။ Langon မွ အၿပီးသတ္ တပ္ဆင္သည့္ စက္႐ုံတည္ရွိရာ Toulouse သို႔ ကုန္းလမ္းျဖင့္ သယ္ယူသည္။

Monday, 11 May 2020 16:48

Emirates လေကြောင်းလိုင်း အမြတ် အမေရိကန်ဒေါ်လာ ၂၂၈ သန်း ရရှိကြောင်း ထုတ်ပြန်

ယူအေအီး (အာရပ်စော်ဘွားများ ပြည်ထောင်စု)မှ လေကြောင်းလိုင်း Emirates က ၂၀၁၉ ဧပြီလ ၁ ရက်မှ ၂၀၂၀ မတ်လ ၃၁ ရက်အထိ

Sunday, 10 May 2020 16:16

ဒူဘိုင်းဆိပ်ကမ်းသို့ ရောက်ရှိနေသည့် မြန်မာသင်္ဘောသားမျာအား မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်

၁။ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံတွင် လုပ်ငန်းများ ရပ်တန့် သဖြင့် အခက်အခဲများ ကြုံတွေ့နေကြရသည့်

Friday, 08 May 2020 23:54

စင်ကာပူ-မြန်မာ Relief flight တတိယအခေါက် အတွက် အသိပေးကြေညာချက်ထုတ်ပြန်

စင်ကာပူ-မြန်မာ Relief flight တတိယအခေါက် အတွက် အသိပေးကြေညာချက်ထုတ်ပြန်

Friday, 08 May 2020 15:16

မြန်မာနိုင်ငံသား (၁၂၀) ဦးအား ဒုတိယအကြိမ် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ဖြင့် ပြန်လည် ပို့ဆောင်

မြန်မာနိုင်ငံသား (၁၂၀) ဦးအား ဒုတိယအကြိမ် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ဖြင့်