Transportation

ပြည်ပမှသွင်းသောကားများ ကြိုတင်စစ်ခြင်းကို အကောက်ခွန်ဦးစီးဌာနမှ စစ်ဆေးမည်

ပြည်ပမှသွင်းသောကားများ ကြိုတင်စစ်ခြင်းကို အကောက်ခွန်ဦးစီးဌာနမှ စစ်ဆေးမည် google

          ပြည်ပမှ တင်သွင်းလာသည့် မော်တော်ယာဉ်များကို ဆိပ်ကမ်းများတွင် ကြိုစစ်စစ်ဆေးခြင်းကို အကောက်ခွန်ဦးစီးဌာနက လုပ်ဆောင်နေရာမှ ကညနနှင့်အကောက်ခွန်ဦးစီးဌာနတို့ ပူးပေါင်းစစ်ဆေးသည့်ပုံစံ ပြောင်းလဲလုပ်ဆောင်သွားရန် ဒုတိယသမ္မတထံတင်ပြထားရှိခဲ့ပါတယ်။

 

          သို့သော်လည်း လုပ်ငန်းအဆင်မပြေသေး၍ အကောက်ခွန်ဦးစီးဌာနမှသာ ကြိုစစ်စစ်ဆေးခြင်းလုပ်ငန်း ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနက နိုဝင်ဘာ ၁၀ ရက်က ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

 

          အောက်တိုဘာ ၆ ရက်တွင် ကျင်းပသော ဒုတိယသမ္မတ(၁)နှင့်စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ပတင်သွင်းယာဉ်များကို အကောက်ခွန်ဦးစီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူဦးစီးဌာနတို့ ပူးပေါင်း၍ တင်သွင်းလာသည့်ယာဉ်မှန်ကန်မှူရှိမရှိစစ်ဆေးပြီးမှ ယာဉ်ထုတ်ယူခွင့်ပြုနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက တင်ပြထားခဲ့ပါတယ်။

 

          ပြည်ပနိုင်ငံမှ ပုံမှန်တင်သွင်းလာသော မော်တော်ယာဉ်များကို ဆိပ်ကမ်းများတွင် ကြိုစစ်စစ်ဆေး၍ ကားပုံသဏ္ဍာန်ကို ရှေ့နောက် ဘေးဝဲယာ ဓာတ်ပုံရိုက်ယူကာ စစ်ဆေးနေခဲ့ပါတယ်။ ဓာတ်ပုံအထောက်အထားများနှင့် ကားအချက်အလက် အမျိုးအစား Grade များခွဲကာ လုပ်ဆောင်နေပြီး စီမံချက်နှင့်တင်သွင်းလာသော ကားများကိုသာ ကြိုစစ်စစ်ဆေးခြင်း မပြုဘဲ ဆိပ်ကမ်းမှထုတ်ယူခွင့်ပြုနေခြင်းဖြစ်ပါတယ်။

 

          "ပြည်ပကတင်သွင်းလာတဲ့ကားတွေကို နယ်စပ်မှာလိုမျိုးဆိပ်ကမ်းမှာလည်း ပုံမှန်တင်သွင်းလာတဲ့ကားတွေကို ကြိုစစ် စစ်ဆေးတာကို ကာစတန်ကပဲ ဆက်လက်လုပ်ဆောင်သွားမယ်။ တကယ်လို့ အကြောင်းတစ်ခုခုကြောင့် ယာဉ်ကမှားယွင်းနေတာတို့ ပြောင်းလဲထားတဲ့ကားဆို ကညနကသိနိုင်အောင် ကာစတန်ကအသုံးပြုတဲ့ Software ကိုပေးထားမှာပါ "ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၁၀ ရက်တွင် မြန်မာတိုင်းမ်နေ့စဉ် သို့ ပြောကြားချက်အရ သိရပါတယ်။

 

          နယ်စပ်မှတစ်ဆင့် မော်တော်ယာဉ်တင်သွင်းခွင့်ပြုရာတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့မှ မော်တော်ယာဉ်အား မြဝတီကုန်သွယ်ရေးဇုန်အတွင်း ကြိုတင်စစ်ဆေးပြီးမှ ထုတ်ယူခွင့်ပြုနေသော်လည်း ဆိပ်ကမ်းများတွင် အကောက်ခွန်ဦးစီးဌာနမှသာ ယာဉ်အားကြိုစစ် စစ်ဆေးမှူပြုလုပ်သွားမည်ဖြစ်ပါတယ်။သို့ဖြစ်ရာ ဆိပ်ကမ်းမှကားများထုတ်ယူပြီးမှသာ သက်ဆိုင်ရာကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှူဦးစီးဌာနသို့ ယာဉ်မှတ်ပုံတင်ရန် သွားရောက်အစစ်ဆေးခံပြုလုပ်ရမည်ဖြစ်ပါတယ်။

 

Source : Myanmar Time

Read times
Rate this item
(0 votes)