Transportation

ဘက္စုံပို႔ေဆာင္ေရးဆိုင္ရာ ေထာက္ပံ့ပို႔ေဆာင္ဗဟိုခ်က္မ်ား ဖြဲ႕စည္းတည္ေဆာက္ပုံ

ဘက္စုံပို႔ေဆာင္ေရးဆိုင္ရာ ေထာက္ပံ့ပို႔ေဆာင္ဗဟိုခ်က္မ်ား ဖြဲ႕စည္းတည္ေဆာက္ပုံ Shipping and Logistics

ဆုံမွတ္မ်ား (Nodes)

 

ဆုံမွတ္မ်ားတြင္ အဓိကအားျဖင့္ ဘက္စုံပို႔ေဆာင္ေရးအတြက္ ကုန္စည္မ်ားလြဲေျပာင္းေပးသည့္ ဆိပ္ကမ္း၊ ေရဆိပ္၊ ေလဆိပ္၊ ကားဂိတ္၊ ဘူတာ႐ုံမ်ား ပါဝင္သည္။ အဆိုပါ ဆုံမွတ္မ်ားသည္ ကုန္ပစၥည္းမ်ား၊ ကုန္ေသတၱာမ်ား စီးဆင္းသည့္ လမ္းေၾကာင္း တစ္ေလၽွာက္ ၾကားခံလမ္းခရီး ေဒသမ်ားတြင္ ကုန္စည္မ်ားကို တန္ဖိုးျမႇင့္တင္ေပးသည့္ ေနရာမ်ား ျဖစ္ၾကသည္။ ဆုံမွတ္မ်ားကို ဆက္သြယ္ထားသည့္ ဆက္ေၾကာင္း(Links) မ်ားမွာ ကားလမ္း၊ ရထားလမ္းမ်ားျဖင့္ အားထား ဆက္သြယ္ထားၾကေသာ္လည္း ေရလမ္းေၾကာင္းမ်ားႏွင့္ ေလေၾကာင္းခရီးစဥ္မ်ားသည္လည္း ဆက္သြယ္နိုင္ေသာ ဆက္ေၾကာင္းမ်ား ျဖစ္ၾကသည္။

 

ဆုံမွတ္မ်ားႏွင့္ ဆက္ေၾကာင္းမ်ားသည္ အဓိကအေရးပါသည့္ ကုန္စည္စီးဆင္းမွု လမ္းေၾကာင္းမ်ား (Corridors) အျဖစ္ ဖြဲ႕စည္းတည္ေဆာက္ထားၿပီး ပင္လယ္ဆိပ္ကမ္းမ်ား၊ ျမစ္တြင္းဆိပ္ကမ္းမ်ား၊ နယ္စပ္ကုန္သြယ္မွု ေဈးကြက္မ်ားကို ကုန္ပစၥည္းထြက္ရွိရာ မူရင္းေဒသမ်ား၊ စားသုံးသူမ်ားရွိရာ ေဈးကြက္မ်ား စသည့္ ေက်ာေထာက္ ေနာက္ခံေနရာ (hinterlands)မ်ားႏွင့္ ဆက္သြယ္ေပးထားသည္။ ဘက္စုံပို႔ေဆာင္ေရးတြင္ ဆုံမွတ္မ်ား၏ တည္ေနရာႏွင့္ ဆက္ေၾကာင္းမ်ား၏ အေနအထားသည္ (ဥပမာ- ဆိပ္ကမ္းတံတား၊ ေလဆိပ္၊ ဘူတာ႐ုံမ်ားႏွင့္ ဆက္ႏြယ္ေသာ လမ္းေၾကာင္းမ်ား) အဓိကက်ေသာ အစိတ္အပိုင္းမ်ားျဖစ္ၾကၿပီး ေထာက္ပံ့ျဖည့္ဆည္း ကြင္းဆက္(Supply Chain) တြင္ ေထာက္ပံ့ပို႔ေဆာင္ဆိုင္ရာ ကုန္က်စရိတ္မ်ား အနည္းဆုံး ျဖစ္ေစေရးအတြက္ ေသခ်ာမွုရွိေစရန္ လိုအပ္ပါသည္။ ထို႔အျပင္ ဆုံမွတ္မ်ားသည္ ေရရွည္ကာလ အတြက္ စီးပြားေရးအရ တြက္ေခ်ကိုက္မွုရွိၿပီး ေရရွည္တည္တံ့ခိုင္ျမဲေသာ ဖြံ့ၿဖိဳးတိုးတက္မွုကိုလည္း ျဖစ္ေပၚလာ ေစနိုင္ပါသည္။

 

ကုန္းတြင္းဆိပ္ကမ္း (Inland Port or Dry Port)

 

ကုန္းတြင္းပိုင္းေဒသရွိ ဘက္စုံပို႔ေဆာင္ေရးဆုံမွတ္ သို႔မဟုတ္ ကုန္းတြင္းဆိပ္ကမ္း အယူအဆသည္ ေထာက္ပံ့ပို႔ေဆာင္ဆိုင္ရာ တန္ဖိုး တိုးျမင့္ေစရန္အတြက္ သီးျခားစီရွိေနေသာ အစိတ္အပိုင္း အမ်ိဳးမ်ိဳးကို ေပါင္းစပ္ျခင္းအားျဖင့္ ေထာက္ပံ့ျဖည့္ဆည္းကြင္းဆက္တြင္ ၾကားခံပံ့ပိုးမွု တစ္ခုအျဖစ္ ေဆာင္ရြက္ ေပးပါသည္။ အဆိုပါအယူအဆသည္ ဗဟိုခ်က္ႏွင့္ ဆက္စပ္ေနရာမ်ား (hub-and-spoke) စနစ္ကို အေကာင္အထည္ေဖာ္ ထားျခင္းျဖစ္ပါသည္။

 

ဥပမာျပရလၽွင္ ကုန္ေသတၱာမ်ားသည္ မတူညီေသာ ေနရာအသီးသီးမွ ေရာက္ရွိလာၾကၿပီး တစ္ေနရာတြင္ (ကုန္းတြင္းဆိပ္ကမ္း) စုစည္းကာ ရထားတြဲမ်ား သို႔မဟုတ္ ျပည္တြင္းေရေၾကာင္းျဖင့္ ပင္လယ္ဆိပ္ကမ္းသို႔ ပို႔ေဆာင္၍ ထိုမွတစ္ဆင့္ ပို႔ေဆာင္လိုသည့္ ခရီးလမ္းဆုံးေဒသသို႔ ဆက္လက္ပို႔ေဆာင္ျခင္းျဖစ္သည္။ သြင္းကုန္ပို႔ကုန္ ကုန္ပစၥည္းမ်ားကို ေထာက္ပံ့ပို႔ေဆာင္ဗဟိုခ်က္တြင္ စုစည္းႈႈႈႈႈ၍ ရထားျဖင့္ ကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္းကို အသုံးျပဳျခင္းအားျဖင့္ ကုန္က်စရိတ္သက္သာ၍ ေခ်ာေမြ႕လြယ္ကူေစသျဖင့္ သယ္ယူပို႔ေဆာင္ေရး ကြင္းဆက္တြင္း ပါဝင္သူအားလုံးကို အက်ိဳးျဖစ္ထြန္းေစနိုင္ပါသည္။

 

ရထားပို႔ေဆာင္ေရး

 

ရထားလုပ္ငန္းေဆာင္ရြက္သူအေနျဖင့္လည္း အႀကိမ္ႀကိမ္ ရထားတြဲမ်ား ေျပးဆြဲရသည့္အတြက္ အေျခခံအေဆာက္အဦမ်ားကို ျမင့္မားစြာ အသုံးခ်နိုင္သျဖင့္ အက်ိဳးျဖစ္ထြန္း ေစပါသည္။ ထို႔အျပင္ လိုက္ေလ်ာညီေထြရွိေသာ လုပ္ငန္းေဆာင္ရြက္မွု အစီအစဥ္ကို အသုံးျပဳနိုင္ပါက ရထားလုပ္ငန္း စနစ္သည္ ယွဥ္ၿပိဳင္နိုင္စြမ္းရွိလာၿပီး ဘ႑ာေရးအရ စြမ္းေဆာင္နိုင္ရည္ ပိုမိုေကာင္းမြန္လာမည္ ျဖစ္ပါသည္။ ထိုကဲ့သို႔ေသာ ရထားပို႔ေဆာင္ေရးစနစ္သည္ ကုန္ပစၥည္းပိုင္ရွင္မ်ားအတြက္ သက္သာေသာ ႏွုန္းထားျဖင့္ ပိုမိုေကာင္းမြန္ေသာ ဝန္ေဆာင္မွုကို ရရွိခံစားေစနိုင္ပါသည္။

 

ျပည္တြင္းေရေၾကာင္း

 

ျပည္တြင္းေရေၾကာင္းပို႔ေဆာင္ေရး လုပ္ငန္းရွင္မ်ားအေနျဖင့္လည္း ဝမ္းပုံကုန္စည္အျပင္ ကုန္ေသတၱာ ျဖင့္ ထည့္သြင္းထားေသာ ကုန္စည္မ်ားကို အႀကိမ္ေရမ်ားစြာ တင္ေဆာင္ေျပးဆြဲနိုင္သျဖင့္ အက်ိဳးေက်းဇူးရရွိမည္ျဖစ္ပါသည္။ ထိုကဲ့သို႔ ဝန္ေဆာင္မွုကို စနစ္တက်ျဖင့္ အစီအမံ ေရးဆြဲေဆာင္ရြက္ပါက ယွဥ္ၿပိဳင္နိုင္စြမ္းျမင့္မားေစမည့္အျပင္ ကုန္ပိုင္ရွင္မ်ား ကိုလည္း သက္သာေသာႏွုန္းထားျဖင့္ ပိုမိုေကာင္းမြန္ေသာ ဝန္ေဆာင္မွုကို ေပးစြမ္းနိုင္မည္ ျဖစ္ပါသည္။ သို႔ရာတြင္ ထိေရာက္ေသာ ျပည္တြင္းေရေၾကာင္း ပို႔ေဆာင္ေရး ျဖစ္ေပၚေစရန္အတြက္ ပထမဦးဆုံး လိုအပ္ခ်က္မွာ ပို႔ေဆာင္ေရးနည္းလမ္းေပါင္းစုံမွ ေရာက္ရွိလာမည့္ ကုန္ပစၥည္းမ်ားကို စုစည္း၍ ေထာက္ပံ့ပို႔ေဆာင္ ဗဟိုခ်က္မ်ားသို႔ ဆက္လက္တင္ပို႔နိုင္ရန္အတြက္ အခ်က္အခ်ာက်သည့္ ေနရာေဒသမ်ားတြင္ ျမစ္တြင္းဆိပ္ကမ္းမ်ား တည္ေဆာက္ထားရွိၿပီးျဖစ္ရန္ လိုအပ္ပါသည္။

 

ကုန္ပစၥည္း တင္ပို႔သူသည္ ကုန္စည္ထုတ္လုပ္/ထြက္ရွိရာေဒသမွ ကုန္ပစၥည္းမ်ားကို ကား၊ ရထား၊ ေလေၾကာင္း၊ ျပည္တြင္းေရေၾကာင္းစသည့္ ပို႔ေဆာင္ေရးနည္းလမ္း တစ္ခုခုကို အသုံးျပဳ၍ ေထာက္ပံ့ပို႔ေဆာင္ ဗဟိုခ်က္ (ကုန္းတြင္းဆိပ္ကမ္း) သို႔ ပို႔ေဆာင္သည္။ ကုန္းတြင္းဆိပ္ကမ္းတြင္ ကုန္ပစၥည္းမ်ား (ကုန္ေသတၱာမ်ား) ကို စုစည္း၍ အျပည္ျပည္ဆိုင္ရာဆိပ္ကမ္းသို႔ ဆက္လက္ပို႔ေဆာင္သည္။ ဆိပ္ကမ္းမွတစ္ဆင့္ ပင္လယ္ေရေၾကာင္းျဖင့္ အျခားနိုင္ငံမ်ားသို႔ ဆက္လက္ပို႔ေဆာင္သည္။

 

နိုင္ငံျခားဆိပ္ကမ္းတြင္ ကုန္မ်ားကို ခ်ယူၿပီးေနာက္ စားသုံးသူမ်ားရွိရာ ေဈးကြက္ရွိသည့္ ကုန္းတြင္းပိုင္းေဒသ အသီးသီးသို႔ ကုန္စည္ေထာက္ပံ့ပို႔ေဆာင္ ဗဟိုခ်က္မွတစ္ဆင့္ ေနာက္ဆုံးလမ္းေၾကာင္းအျဖစ္ ဆက္လက္သယ္ယူ ပို႔ေဆာင္ရပါသည္။ ထိုသို႔ ကုန္စည္စီးဆင္းသည့္ လမ္းေၾကာင္း တစ္ေလၽွာက္တြင္ ကုန္ပစၥည္းမ်ားကို စုစည္းျခင္း၊ ထိန္းသိမ္းလက္ခံျခင္း၊ အေကာက္ခြန္ရွင္းလင္းေရးလုပ္ငန္း ေဆာင္ရြက္ျခင္း၊ ကုန္စည္ႏွင့္သက္ဆိုင္သည့္ တန္ဖိုးျမႇင့္လုပ္ငန္းမ်ား၊ ခရီးတို ခရီးရွည္ ပို႔ေဆာင္ေရး ဝန္ေဆာင္မွု လုပ္ငန္းမ်ားစသည့္ ေထာက္ပံ့ပို႔ေဆာင္လုပ္ငန္းစဥ္မ်ား ပါဝင္ေနသည္။

 

ဘက္စုံပို႔ေဆာင္ေရးေထာက္ပံ့ပို႔ေဆာင္ဗဟိုခ်က္တစ္ခု၏ ေယဘူယ်ခင္းက်င္းမွုပုံစံ

 

အမွန္တကယ္တြင္ ကုန္းတြင္းဆိပ္ကမ္းတစ္ခု၏ ခင္းက်င္းမွုပုံစံသည္ ရရွိသည့္ ေနေျမရာ အက်ယ္အဝန္း၊ ပုံသ႑ာန္၊ ရည္ရြယ္ထားသည့္ ကုန္စည္ပမာဏ၊ ဆက္စပ္မွုရွိသည့္ သယ္ယူ ပို႔ေဆာင္ေရးနည္းလမ္းတို႔အေပၚ မူတည္၍ အေျပာင္းအလဲရွိပါသည္။ ပုံတြင္ေဖာ္ျပထားသည့္ ခင္းက်င္းမွုပုံစံမွာ ရထားပို႔ေဆာင္ေရးလမ္းေၾကာင္းကို အေျခခံ၍ တည္ေဆာက္ထားသည့္ ပုံစံ ျဖစ္ပါသည္။ အထက္ပါပုံတြင္ ေဖာ္ျပထားခ်က္အရ လုပ္ငန္းေဆာင္ရြက္မွုပုံစံမွာ ေအာက္ပါအတိုင္း ျဖစ္ပါသည္-

 

• ကုန္ေသတၱာတင္ယာဥ္ သို႔မဟုတ္ ကုန္တင္ယာဥ္မ်ားသည္ တံခါးမ(ဂိတ္)မွ ဝင္ေရာက္၍ ပို႔ကုန္မ်ားကို လြင္ျပင္အတြင္း ခ်ထားျခင္း၊ သြင္းကုန္မ်ားကို ထုတ္ယူ၍ ကားေပၚတင္ျခင္း တို႔ကို ေဆာင္ရြက္ၿပီးေနာက္ ဂိတ္မွ ျပန္လည္ထြက္ခြာသြားပါသည္။

 

• ကုန္ေသတၱာပစၥည္းသိုေလွာင္႐ုံ (container freight station - CFS) သည္ ပို႔ကုန္ ကုန္ပစၥည္းမ်ားကို စုစည္းကာထုပ္ပိုးျခင္း၊ ကုန္ေသတၱာအတြင္းသို႔ ထည့္သြင္းျခင္း၊ အစုစပ္ ကုန္ေသတၱာမ်ားအတြင္းမွ ကုန္ပစၥည္းမ်ားကို ထုတ္ယူကာ ကုန္ပိုင္ရွင္ တစ္ဦးခ်င္းစီ အလိုက္ ခြဲျခားထားေပးျခင္းစသည့္ လုပ္ငန္းမ်ား ေဆာင္ရြက္ရာ ေနရာျဖစ္သည့္အျပင္ သြင္းကုန္/ ပို႔ကုန္ပစၥည္းမ်ားအတြက္ အေကာက္ခြန္စစ္ေဆးမွုခံယူသည့္ ေနရာလည္း ျဖစ္ပါသည္။

 

• ကုန္ေသတၱာလြင္ျပင္သည္ ကုန္ပစၥည္းထည့္သြင္းထားေသာ ကုန္ေသတၱာမ်ား၊ ကုန္ေသတၱာ အခြံလြတ္မ်ား၊ အေအးခံကုန္ေသတၱာ၊ အႏၲရာယ္ရွိကုန္ပစၥည္း ထည့္သြင္းထားသည့္ ကုန္ေသတၱာမ်ား၊ အမိုးဖြင့္ကုန္ေသတၱာမ်ား စသည့္ အထူးကုန္ေသတၱာမ်ား ထားရွိရန္အတြက္ သီးျခားေနရာမ်ားခြဲျခားသတ္မွတ္ကာ ကုန္ေသတၱာမ်ားကို ထားသိုပါသည္။

 

• သြင္းကုန္ပို႔ကုန္ပစၥည္းမ်ားကို ကိုင္တြယ္ေဆာင္ရြက္နိုင္ေရး အတြက္ ကုန္ေသတၱာကိုင္တြယ္ရန္ gantry crane မ်ား၊ ကုန္ေသတၱာမ သည့္ ဝန္မယာဥ္( reach stackers)၊ ကုန္ေသတၱာမ်ားကို တစ္ေနရာမွ တစ္ေနရာ သို႔ ေရြ႕ေျပာင္းေပးရန္( tractor-trailer) ယာဥ္ႏွင့္ေနာက္တြဲမ်ား စသည့္ စက္ယႏၲရားမ်ားကိုလည္း ကုန္ေသတၱာလြင္ျပင္အတြင္း တာဝန္ခ်ထားပါသည္။

 

• ကုန္းတြင္းဆိပ္ကမ္းဝင္းအတြင္း ကုန္ေသတၱာလြင္ျပင္၊ ကုန္ေသတၱာပစၥည္း သိုေလွာင္႐ုံ တို႔အျပင္ ႐ုံးလုပ္ငန္းေဆာင္ရြက္ရန္ အေဆာက္အဦ၊ စက္ယႏၲရားမ်ား ျပဳျပင္ထိန္းသိမ္းေရး အတြက္ အလုပ္႐ုံ၊ လုပ္ငန္းေဆာင္ရြက္မွုကို ေစာင့္ၾကည့္သည့္ ထိန္းခ်ဳပ္ခန္း၊ လူ၊ ေမာ္ေတာ္ယာဥ္ႏွင့္ ရထားမ်ား ဝင္/ထြက္ရာတြင္ လုံျခဳံေရးစိစစ္သည့္ တံခါးေပါက္မ်ား ပါဝင္ပါသည္။

 

• ကုန္းတြင္းဆိပ္ကမ္းတစ္ခုတြင္ ကုန္းလမ္းႏွင့္ ရထားလမ္းႏွစ္ခု ဆုံေတြ႕သည့္ေနရာျဖစ္သည့္ အတြက္ လုပ္ငန္းေဆာင္ရြက္မွုရွုေထာင့္မွ ၾကည့္ပါက တစ္ခုႏွင့္တစ္ခု အေႏွာက္အယွက္ မျဖစ္ေပၚေစရန္ ဝင္ေပါက္မ်ားကို သီးျခားစီခြဲျခားထားသင္ပါသည္။ သို႔မွသာလၽွင္ ရထားတြဲမ်ား လမ္းလႊဲလမ္းေျပာင္းလုပ္ျခင္း (shunting)ႏွင့္ အဝင္အထြက္မ်ားတြင္ အႏၲရာယ္ကင္းရွင္းစြာ ေဆာင္ရြက္ နိုင္မည္ျဖစ္ပါသည္။

 

ကားမ်ားႏွင့္ ရထားတြဲမ်ားသည္ ကုန္ေသတၱာမ်ား ထားသိုသည့္ ေနရာတြင္ ဆုံေတြ႕ၾကေသာ္လည္း လမ္းေၾကာင္းတစ္ခုႏွင့္ တစ္ခု ျဖတ္သန္းျခင္းမရွိသည့္ အတြက္ အေႏွာက္အယွက္ ကင္းစြာ လုပ္ငန္းေဆာင္ရြက္နိုင္မည္ျဖစ္ပါသည္။

 

 

No photo description available.

 

 

Unicode ျဖင့္ဖက္ရႈရန္
>>>>>>>>>

 

ဘက်စုံပို့ဆောင်ရေးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ဗဟိုချက်များ ဖွဲ့စည်းတည်ဆောက်ပုံ
Structure of Multimodal Logistics Hub

 

ဆုံမှတ်များ (Nodes)

 

ဆုံမှတ်များတွင် အဓိကအားဖြင့် ဘက်စုံပို့ဆောင်ရေးအတွက် ကုန်စည်များလွဲပြောင်းပေးသည့် ဆိပ်ကမ်း၊ ရေဆိပ်၊ လေဆိပ်၊ ကားဂိတ်၊ ဘူတာရုံများ ပါဝင်သည်။ အဆိုပါ ဆုံမှတ်များသည် ကုန်ပစ္စည်းများ၊ ကုန်သေတ္တာများ စီးဆင်းသည့် လမ်းကြောင်း တစ်လျှောက် ကြားခံလမ်းခရီး ဒေသများတွင် ကုန်စည်များကို တန်ဖိုးမြှင့်တင်ပေးသည့် နေရာများ ဖြစ်ကြသည်။ ဆုံမှတ်များကို ဆက်သွယ်ထားသည့် ဆက်ကြောင်း(Links) များမှာ ကားလမ်း၊ ရထားလမ်းများဖြင့် အားထား ဆက်သွယ်ထားကြသော်လည်း ရေလမ်းကြောင်းများနှင့် လေကြောင်းခရီးစဉ်များသည်လည်း ဆက်သွယ်နိုင်သော ဆက်ကြောင်းများ ဖြစ်ကြသည်။

 

ဆုံမှတ်များနှင့် ဆက်ကြောင်းများသည် အဓိကအရေးပါသည့် ကုန်စည်စီးဆင်းမှု လမ်းကြောင်းများ (Corridors) အဖြစ် ဖွဲ့စည်းတည်ဆောက်ထားပြီး ပင်လယ်ဆိပ်ကမ်းများ၊ မြစ်တွင်းဆိပ်ကမ်းများ၊ နယ်စပ်ကုန်သွယ်မှု ဈေးကွက်များကို ကုန်ပစ္စည်းထွက်ရှိရာ မူရင်းဒေသများ၊ စားသုံးသူများရှိရာ ဈေးကွက်များ စသည့် ကျောထောက် နောက်ခံနေရာ (hinterlands)များနှင့် ဆက်သွယ်ပေးထားသည်။ ဘက်စုံပို့ဆောင်ရေးတွင် ဆုံမှတ်များ၏ တည်နေရာနှင့် ဆက်ကြောင်းများ၏ အနေအထားသည် (ဥပမာ- ဆိပ်ကမ်းတံတား၊ လေဆိပ်၊ ဘူတာရုံများနှင့် ဆက်နွယ်သော လမ်းကြောင်းများ) အဓိကကျသော အစိတ်အပိုင်းများဖြစ်ကြပြီး ထောက်ပံ့ဖြည့်ဆည်း ကွင်းဆက်(Supply Chain) တွင် ထောက်ပံ့ပို့ဆောင်ဆိုင်ရာ ကုန်ကျစရိတ်များ အနည်းဆုံး ဖြစ်စေရေးအတွက် သေချာမှုရှိစေရန် လိုအပ်ပါသည်။ ထို့အပြင် ဆုံမှတ်များသည် ရေရှည်ကာလ အတွက် စီးပွားရေးအရ တွက်ချေကိုက်မှုရှိပြီး ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဖြစ်ပေါ်လာ စေနိုင်ပါသည်။

 

ကုန်းတွင်းဆိပ်ကမ်း (Inland Port or Dry Port)

 

ကုန်းတွင်းပိုင်းဒေသရှိ ဘက်စုံပို့ဆောင်ရေးဆုံမှတ် သို့မဟုတ် ကုန်းတွင်းဆိပ်ကမ်း အယူအဆသည် ထောက်ပံ့ပို့ဆောင်ဆိုင်ရာ တန်ဖိုး တိုးမြင့်စေရန်အတွက် သီးခြားစီရှိနေသော အစိတ်အပိုင်း အမျိုးမျိုးကို ပေါင်းစပ်ခြင်းအားဖြင့် ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်တွင် ကြားခံပံ့ပိုးမှု တစ်ခုအဖြစ် ဆောင်ရွက် ပေးပါသည်။ အဆိုပါအယူအဆသည် ဗဟိုချက်နှင့် ဆက်စပ်နေရာများ (hub-and-spoke) စနစ်ကို အကောင်အထည်ဖော် ထားခြင်းဖြစ်ပါသည်။

 

ဥပမာပြရလျှင် ကုန်သေတ္တာများသည် မတူညီသော နေရာအသီးသီးမှ ရောက်ရှိလာကြပြီး တစ်နေရာတွင် (ကုန်းတွင်းဆိပ်ကမ်း) စုစည်းကာ ရထားတွဲများ သို့မဟုတ် ပြည်တွင်းရေကြောင်းဖြင့် ပင်လယ်ဆိပ်ကမ်းသို့ ပို့ဆောင်၍ ထိုမှတစ်ဆင့် ပို့ဆောင်လိုသည့် ခရီးလမ်းဆုံးဒေသသို့ ဆက်လက်ပို့ဆောင်ခြင်းဖြစ်သည်။ သွင်းကုန်ပို့ကုန် ကုန်ပစ္စည်းများကို ထောက်ပံ့ပို့ဆောင်ဗဟိုချက်တွင် စုစည်းှုှုှုှုှု၍ ရထားဖြင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကို အသုံးပြုခြင်းအားဖြင့် ကုန်ကျစရိတ်သက်သာ၍ ချောမွေ့လွယ်ကူစေသဖြင့် သယ်ယူပို့ဆောင်ရေး ကွင်းဆက်တွင်း ပါဝင်သူအားလုံးကို အကျိုးဖြစ်ထွန်းစေနိုင်ပါသည်။

 

ရထားပို့ဆောင်ရေး

 

ရထားလုပ်ငန်းဆောင်ရွက်သူအနေဖြင့်လည်း အကြိမ်ကြိမ် ရထားတွဲများ ပြေးဆွဲရသည့်အတွက် အခြေခံအဆောက်အဦများကို မြင့်မားစွာ အသုံးချနိုင်သဖြင့် အကျိုးဖြစ်ထွန်း စေပါသည်။ ထို့အပြင် လိုက်လျောညီထွေရှိသော လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်ကို အသုံးပြုနိုင်ပါက ရထားလုပ်ငန်း စနစ်သည် ယှဉ်ပြိုင်နိုင်စွမ်းရှိလာပြီး ဘဏ္ဍာရေးအရ စွမ်းဆောင်နိုင်ရည် ပိုမိုကောင်းမွန်လာမည် ဖြစ်ပါသည်။ ထိုကဲ့သို့သော ရထားပို့ဆောင်ရေးစနစ်သည် ကုန်ပစ္စည်းပိုင်ရှင်များအတွက် သက်သာသော နှုန်းထားဖြင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုကို ရရှိခံစားစေနိုင်ပါသည်။

 

ပြည်တွင်းရေကြောင်း

 

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး လုပ်ငန်းရှင်များအနေဖြင့်လည်း ဝမ်းပုံကုန်စည်အပြင် ကုန်သေတ္တာ ဖြင့် ထည့်သွင်းထားသော ကုန်စည်များကို အကြိမ်ရေများစွာ တင်ဆောင်ပြေးဆွဲနိုင်သဖြင့် အကျိုးကျေးဇူးရရှိမည်ဖြစ်ပါသည်။ ထိုကဲ့သို့ ဝန်ဆောင်မှုကို စနစ်တကျဖြင့် အစီအမံ ရေးဆွဲဆောင်ရွက်ပါက ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားစေမည့်အပြင် ကုန်ပိုင်ရှင်များ ကိုလည်း သက်သာသောနှုန်းထားဖြင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုကို ပေးစွမ်းနိုင်မည် ဖြစ်ပါသည်။ သို့ရာတွင် ထိရောက်သော ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဖြစ်ပေါ်စေရန်အတွက် ပထမဦးဆုံး လိုအပ်ချက်မှာ ပို့ဆောင်ရေးနည်းလမ်းပေါင်းစုံမှ ရောက်ရှိလာမည့် ကုန်ပစ္စည်းများကို စုစည်း၍ ထောက်ပံ့ပို့ဆောင် ဗဟိုချက်များသို့ ဆက်လက်တင်ပို့နိုင်ရန်အတွက် အချက်အချာကျသည့် နေရာဒေသများတွင် မြစ်တွင်းဆိပ်ကမ်းများ တည်ဆောက်ထားရှိပြီးဖြစ်ရန် လိုအပ်ပါသည်။

 

ကုန်ပစ္စည်း တင်ပို့သူသည် ကုန်စည်ထုတ်လုပ်/ထွက်ရှိရာဒေသမှ ကုန်ပစ္စည်းများကို ကား၊ ရထား၊ လေကြောင်း၊ ပြည်တွင်းရေကြောင်းစသည့် ပို့ဆောင်ရေးနည်းလမ်း တစ်ခုခုကို အသုံးပြု၍ ထောက်ပံ့ပို့ဆောင် ဗဟိုချက် (ကုန်းတွင်းဆိပ်ကမ်း) သို့ ပို့ဆောင်သည်။ ကုန်းတွင်းဆိပ်ကမ်းတွင် ကုန်ပစ္စည်းများ (ကုန်သေတ္တာများ) ကို စုစည်း၍ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ဆက်လက်ပို့ဆောင်သည်။ ဆိပ်ကမ်းမှတစ်ဆင့် ပင်လယ်ရေကြောင်းဖြင့် အခြားနိုင်ငံများသို့ ဆက်လက်ပို့ဆောင်သည်။

 

နိုင်ငံခြားဆိပ်ကမ်းတွင် ကုန်များကို ချယူပြီးနောက် စားသုံးသူများရှိရာ ဈေးကွက်ရှိသည့် ကုန်းတွင်းပိုင်းဒေသ အသီးသီးသို့ ကုန်စည်ထောက်ပံ့ပို့ဆောင် ဗဟိုချက်မှတစ်ဆင့် နောက်ဆုံးလမ်းကြောင်းအဖြစ် ဆက်လက်သယ်ယူ ပို့ဆောင်ရပါသည်။ ထိုသို့ ကုန်စည်စီးဆင်းသည့် လမ်းကြောင်း တစ်လျှောက်တွင် ကုန်ပစ္စည်းများကို စုစည်းခြင်း၊ ထိန်းသိမ်းလက်ခံခြင်း၊ အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်း၊ ကုန်စည်နှင့်သက်ဆိုင်သည့် တန်ဖိုးမြှင့်လုပ်ငန်းများ၊ ခရီးတို ခရီးရှည် ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းများစသည့် ထောက်ပံ့ပို့ဆောင်လုပ်ငန်းစဉ်များ ပါဝင်နေသည်။

 

ဘက်စုံပို့ဆောင်ရေးထောက်ပံ့ပို့ဆောင်ဗဟိုချက်တစ်ခု၏ ယေဘူယျခင်းကျင်းမှုပုံစံ

 

အမှန်တကယ်တွင် ကုန်းတွင်းဆိပ်ကမ်းတစ်ခု၏ ခင်းကျင်းမှုပုံစံသည် ရရှိသည့် နေမြေရာ အကျယ်အဝန်း၊ ပုံသဏ္ဍာန်၊ ရည်ရွယ်ထားသည့် ကုန်စည်ပမာဏ၊ ဆက်စပ်မှုရှိသည့် သယ်ယူ ပို့ဆောင်ရေးနည်းလမ်းတို့အပေါ် မူတည်၍ အပြောင်းအလဲရှိပါသည်။ ပုံတွင်ဖော်ပြထားသည့် ခင်းကျင်းမှုပုံစံမှာ ရထားပို့ဆောင်ရေးလမ်းကြောင်းကို အခြေခံ၍ တည်ဆောက်ထားသည့် ပုံစံ ဖြစ်ပါသည်။ အထက်ပါပုံတွင် ဖော်ပြထားချက်အရ လုပ်ငန်းဆောင်ရွက်မှုပုံစံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

 

• ကုန်သေတ္တာတင်ယာဉ် သို့မဟုတ် ကုန်တင်ယာဉ်များသည် တံခါးမ(ဂိတ်)မှ ဝင်ရောက်၍ ပို့ကုန်များကို လွင်ပြင်အတွင်း ချထားခြင်း၊ သွင်းကုန်များကို ထုတ်ယူ၍ ကားပေါ်တင်ခြင်း တို့ကို ဆောင်ရွက်ပြီးနောက် ဂိတ်မှ ပြန်လည်ထွက်ခွာသွားပါသည်။

 

• ကုန်သေတ္တာပစ္စည်းသိုလှောင်ရုံ (container freight station - CFS) သည် ပို့ကုန် ကုန်ပစ္စည်းများကို စုစည်းကာထုပ်ပိုးခြင်း၊ ကုန်သေတ္တာအတွင်းသို့ ထည့်သွင်းခြင်း၊ အစုစပ် ကုန်သေတ္တာများအတွင်းမှ ကုန်ပစ္စည်းများကို ထုတ်ယူကာ ကုန်ပိုင်ရှင် တစ်ဦးချင်းစီ အလိုက် ခွဲခြားထားပေးခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်ရာ နေရာဖြစ်သည့်အပြင် သွင်းကုန်/ ပို့ကုန်ပစ္စည်းများအတွက် အကောက်ခွန်စစ်ဆေးမှုခံယူသည့် နေရာလည်း ဖြစ်ပါသည်။

 

• ကုန်သေတ္တာလွင်ပြင်သည် ကုန်ပစ္စည်းထည့်သွင်းထားသော ကုန်သေတ္တာများ၊ ကုန်သေတ္တာ အခွံလွတ်များ၊ အအေးခံကုန်သေတ္တာ၊ အန္တရာယ်ရှိကုန်ပစ္စည်း ထည့်သွင်းထားသည့် ကုန်သေတ္တာများ၊ အမိုးဖွင့်ကုန်သေတ္တာများ စသည့် အထူးကုန်သေတ္တာများ ထားရှိရန်အတွက် သီးခြားနေရာများခွဲခြားသတ်မှတ်ကာ ကုန်သေတ္တာများကို ထားသိုပါသည်။

 

• သွင်းကုန်ပို့ကုန်ပစ္စည်းများကို ကိုင်တွယ်ဆောင်ရွက်နိုင်ရေး အတွက် ကုန်သေတ္တာကိုင်တွယ်ရန် gantry crane များ၊ ကုန်သေတ္တာ မ သည့် ဝန်မယာဉ်( reach stackers)၊ ကုန်သေတ္တာများကို တစ်နေရာမှ တစ်နေရာ သို့ ရွေ့ပြောင်းပေးရန်( tractor-trailer) ယာဉ်နှင့်နောက်တွဲများ စသည့် စက်ယန္တရားများကိုလည်း ကုန်သေတ္တာလွင်ပြင်အတွင်း တာဝန်ချထားပါသည်။

 

• ကုန်းတွင်းဆိပ်ကမ်းဝင်းအတွင်း ကုန်သေတ္တာလွင်ပြင်၊ ကုန်သေတ္တာပစ္စည်း သိုလှောင်ရုံ တို့အပြင် ရုံးလုပ်ငန်းဆောင်ရွက်ရန် အဆောက်အဦ၊ စက်ယန္တရားများ ပြုပြင်ထိန်းသိမ်းရေး အတွက် အလုပ်ရုံ၊ လုပ်ငန်းဆောင်ရွက်မှုကို စောင့်ကြည့်သည့် ထိန်းချုပ်ခန်း၊ လူ၊ မော်တော်ယာဉ်နှင့် ရထားများ ဝင်/ထွက်ရာတွင် လုံခြုံရေးစိစစ်သည့် တံခါးပေါက်များ ပါဝင်ပါသည်။

 

• ကုန်းတွင်းဆိပ်ကမ်းတစ်ခုတွင် ကုန်းလမ်းနှင့် ရထားလမ်းနှစ်ခု ဆုံတွေ့သည့်နေရာဖြစ်သည့် အတွက် လုပ်ငန်းဆောင်ရွက်မှုရှုထောင့်မှ ကြည့်ပါက တစ်ခုနှင့်တစ်ခု အနှောက်အယှက် မဖြစ်ပေါ်စေရန် ဝင်ပေါက်များကို သီးခြားစီခွဲခြားထားသင်ပါသည်။ သို့မှသာလျှင် ရထားတွဲများ လမ်းလွှဲလမ်းပြောင်းလုပ်ခြင်း (shunting)နှင့် အဝင်အထွက်များတွင် အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက် နိုင်မည်ဖြစ်ပါသည်။

 

ကားများနှင့် ရထားတွဲများသည် ကုန်သေတ္တာများ ထားသိုသည့် နေရာတွင် ဆုံတွေ့ကြသော်လည်း လမ်းကြောင်းတစ်ခုနှင့် တစ်ခု ဖြတ်သန်းခြင်းမရှိသည့် အတွက် အနှောက်အယှက် ကင်းစွာ လုပ်ငန်းဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

 

Source : Shipping and Logistics

 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)